သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ဟာရီကိန်း Dorian ဒဏ်ကြောင့် Bahamasမှာ အနည်းဆုံး လူ ၅ ဦး သေဆုံး


CORRECTION Bahamas Tropical Weather

ဟာရီကိန်း မုန်တိုင်း Dorian က ပြင်းအား အဆင့် ၄ နဲ့ Bahamas နိုင်ငံရဲ့ Abaco ကျွန်းစုကို တိုက်ခတ်နေဆဲ ဖြစ်တာနဲ့ အတူ အနည်းဆုံး ၅ ဦးလည်း သေဆုံးခဲ့ရပါတယ်။ သေဆုံးသူ အရေအတွက်ကို Bahamas ၀န်ကြီးချုပ် Hubert Minnis က အတည်ပြုပြီး အနီးအနားက Great Bahama ကျွန်းမှာ အိမ်တွေနဲ့ အဆောက်အအုံ အများအပြား ပျက်စီးခဲ့တာနဲ့ အတူ လူတွေ အတွက်လည်း အထူး အန္တရာယ် ရှိနေတယ်လို့ ၀န်ကြီးချုပ်က ပြောပါတယ်။

အိမ်ပေါင်း ၁၃၀၀၀ လောက် ပျက်စီးနိုင်တယ်လို့လည်း နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့က ပြောဆိုထားပါတယ်။ ဟာရီကိန်း Dorian က ဒေသကနေ ထွက်ခွာဖို့ မရှိသေးတာကြောင့် အန္တရာယ် ဆက်ပြီး ရှိနေသေးတဲ့ အခြေအနေပါ။ တနလာင်္နေ့ နှောင်းပိုင်း အထိ ဟာရီကိန်း မုန်တိုင်းက ဘဟားမား နိုင်ငံမှာဘဲ ဆက်လက် တိုက်ခတ်နေပြီး တနလာင်္နေ့ ညပိုင်းကနေ အင်္ဂါနေ့ အထိ လေပြင်းနဲ့ မိုးရေချိန် ကြီးမြင့်မှုနဲ့ ဆက်ပြီး ကြုံတွေ့နေရမယ်လို့လည်း မိုးလေ၀သ ပညာရှင်တွေက သတိပေးထားပါတယ်။

ဟာရီကိန်း မုန်တိုင်း Dorian က တနာရီကို လေတိုက်နှုန်း ၁၅၅ မိုင်နှုန်း တိုက်ခတ်နေတာပါ။ ဟာရီကိန်း Dorian က နှစ်ပေါင်း ၈၄ နှစ် အတွင်း ကုန်းတွင်းပိုင်းကို ၀င်ရောက်တဲ့ အပြင်းထန်ဆုံး အတ္တလန္တိတ် ဟာရီကိန်း မုန်တိုင်း ဖြစ်ပြီး Bahamas နိုင်ငံကို ၀င်ရောက် တိုက်ခတ်တဲ့ မုန်တိုင်းတွေထဲမှာ အဆိုးရွားဆုံး ဖြစ်ပါတယ်။

ဟာရီကိန်း မုန်တိုင်း Dorian က ပြင်းအား အဆင့် ၄ မုန်တိုင်း အဖြစ်နဲ့ အမေရိကန် ပြည်ထောင်စု ဖလော်ရီဒါ ပြည်နယ် အရှေ့ဘက် ကမ်းရိုးတ်းကို အင်္ဂါနေ့ နှောင်းပိုင်းမှာ အန္တရာယ် ကြီးလှတဲ့ အခြေအနေနဲ့ ချဉ်းကပ်လာပြီး ဗုဒ္ဓဟူးနေ့နဲ့ ကြာသပတေးနေ့တို့မှာတော့ ဂျော်ဂျီယာ၊ တောင်ကယ်ရိုလိုင်းနား ကမ်းရိုးတန်းတို့ကို ရောက်မယ်လို့ မိုးလေ၀သ ပညာရှင်တို့က ခန့်မှန်းထားပါတယ်။

မိုင်ယာမီကနေ ဖလော်ရီဒါ - ဂျော်ဂျီယာ နယ်စပ် အထိ ဟာရီကိန်း သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။ ဖလော်ရီဒါ ပြည်နယ်ကနေ တောင်ကယ်ရိုလိုင်းနား ပြည်နယ် အထိ လူပေါင်း ၁ သန်းလောက်ကိုလည်း ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ ညွန်ကြားထားပါတယ်။ အမေရိကန် သမ္မတ Donald Trump ကလည်း ဟာရီကိန်း မုန်တိုင်း Dorian ရဲ့ နောက်ဆုံး ရ အခြေအနေတွေကို တနလာင်္နေ့မှာ တွစ်တာကနေ ဆက်တိုက် သတိပေးနေပါတယ်။

ဟာရီကိန်း Dorian ဒဏ်ကြောင့် Bahamas မှာလူ ၅ ဦး သေဆုံး
please wait

No media source currently available

0:00 0:01:48 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG