သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Dorian ဟာရီကိန်းမုန်တိုင်း Bahamas ကျွန်း ဖြတ်သန်း


Dorian ဟာရီကိန်းဟာ Grand Bahamas ကျွန်းကို ဒီကနေ့ ဖြတ်တိုက်နေပြီး မုန်တိုင်းရှင်ကြောင့် အန္တရာယ်ကြီးတဲ့ လှိုင်းလုံးကြီးတွေ ထနေသလို မိုးကြီးရွာပြီးတော့ လေပြင်းတိုက်နေပါတယ်။ မုန်တိုင်းဟာ ကပ်ဘေးဆိုးကြီးလို ဖြစ်လာနေပြီး ဖျက်ဆီးအားကြီးမယ်လို့ မိုးလေဝသခန့်မှန်းသူတွေက ပြောနေပါတယ်။

မုန်တိုင်းဟာ Bahamas ကျွန်းဘက်ကို ဖြည်းဖြည်းချင်းရွေ့သွားနေတာကြောင့် မုန်တိုင်းဒဏ်ကို ခံရမယ့်ရက် ပိုကြာနိုင်တဲ့အတွက် ပိုပြီး အန္တရာယ်ကြီးလာပါတယ်။

မုန်တိုင်းဟာ အနောက်ဘက်ကို တနာရီ ၁.၂ မိုင်ကျော်နှုန်းနဲ့ ရွေ့သွားနေပြီး ပျှမ်းမျှလေတိုက်နှုန်း တနာရီ ၁၆၈ မိုင်နီးပါးရှိတယ် လို့ အမေရိကန် ဟာရီကိန်းမုန်တိုင်းဌာနက ဒီကနေ့မနက်ပိုင်းမှာ ပြောပါတယ်။

Grand Bahamas ကျွန်းနဲ့ Abaco ကျွန်းတွေမှာ အပျက်အစီးတွေ ကြီးကြီးမားမားရှိထားတာကို အာဏာပိုင်တွေနဲ့ သူတို့အဖွဲ့က တာဝန်ရှိသူတွေရဲ့ ကနဦးဆန်းစစ်မှုကနေ တွေ့ထားရတယ်လို့ နိုင်ငံတကာ ကြက်ခြေနီနဲ့ လခြမ်းနီအသင်းက ပြောပါတယ်။ ဆိုးဆိုးရွားရွား ပျက်စီးသွားတဲ့ ဒါမှမဟုတ် လုံးဝပြိုကျသွားတဲ့ အိမ်ခြေပေါင်း ၁၃,၀၀၀ အထိရှိမယ်လို့ ပြောပါတယ်။

မုန်တိုင်းကြောင့် ဒဏ်ရာရသူအရေအတွက်နဲ့ အပျက်အစီးပမာဏာကို ဒီကနေ့နှောင်းပိုင်းနဲ့ လာမယ့်ရက်တွေအတွင်း ပိုပြီး ရှင်းရှင်းလင်းလင်း သိလာရမှာဖြစ်ပါတယ်။

Dorian မုန်တိုင်းဟာ Grand Bahama ကျွန်းကို ဒီကနေ့ တနေ့လုံးနီးပါး ဖြတ်တိုက်သွားမယ်လို့ မိုးလေဝသခန့်မှန်းသူတွေက ပြောပြီး မိုးရေချိန် ၁၂ လက်မနီးပါကနေ ၂၃ လက်မကျော်အထိ ရွာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

အမေရိကန် အရှေ့တောင်ဘက် ကမ်းရိုးတန်းတလျှောက်က ပြည်နယ်တွေရဲ့ တာဝန်ရှိသူတွေက သတိပေးချက်တွေ အသီးသီး ထုတ်ပြန်ထားသလို မုန်တိုင်းဒဏ် သင့်နိုင်ခြေအရှိဆုံး ဒေသတွေကလူတွေ ရွှေ့ပြောင်းကြဖို့ ညွှန်ကြားထားပါတယ်။ ဖလော်ရီဒါ၊ ဂျော်ဂျီယာနဲ့ တောင်ကာရိုလိုင်းနားပြည်နယ်တွေမှာ လူတွေရွှေ့ပြောင်းဖို့ ညွှန်ကြားချက် ဒီကနေ့ကစပြီး အသက်ဝင်ပြီဖြစ်ပါတယ်။

မုန်တိုင်းဟာ ဖလော်ရီဒါကမ်းလွန် မိုင် ၄၀ ကနေ ၅၀ အကွာအတွင်း အင်္ဂါနဲ့ ဗုဒ္ဓဟူးနေ့တွေမှာ ဖြတ်သွားဖွယ်ရှိပြီး မုန်တိုင်းအရှိန် ကြောင့်ဖြစ်တဲ့ လေပြင်းတိုက်ခတ်မှုဟာ အနောက်ဘက် ၃၅ မိုင်လောက်အထိ ရောက်လာမယ်လို့ ဟာရီကိန်းဌာနက ခန့်မှန်းထား ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG