သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟာရီကိန်း Dorian ဖလော်ရီဒါနဲ့ ကယ်ရိုလိုင်းနားကို ဦးတည်


ုမုန်တိုင်းဒဏ်မှ တိမ်းရှောင်ရန် ပြင်ဆင်နေသည့် Bahamas ဒေသခံအချို့။ (သြဂုတ် ၃၁၊ ၂၀၁၉)
ုမုန်တိုင်းဒဏ်မှ တိမ်းရှောင်ရန် ပြင်ဆင်နေသည့် Bahamas ဒေသခံအချို့။ (သြဂုတ် ၃၁၊ ၂၀၁၉)

ဟာရီကိန်းမုန်တိုင်း Dorian က စနေနေ့မှာတော့ Bahamas ကျွန်းကို တိုက်ရိုက် ဝင်ရောက်တိုက်ခတ်နေပါတယ်။

အင်အားပြင်း ဟာရီကိန်းမုန်တိုင်း Dorian က အမေရိကန်ကမ်းရိုးတန်း ဖလော်ရီဒါကနေ ကယ်ရိုလိုင်းနား ပြည်နယ်တွေဘက်ကို နောက်ပိုင်းမှာ ဦးတည်သွားမှာပါ။

အလွန်အန္တရာယ်ကြီးတဲ့အဆင့်လို့ သတ်မှတ်ထားတဲ့ ပြင်းအား အဆင့် ၄ Dorian ဟာရီကိန်းမုန်တိုင်းက တနင်္ဂနွေနေ့မှာတော့ Bahamas ကျွန်းရဲ့ အနောက်မြောက်ပိုင်းကို ဝင်ရောက်တိုက်ခတ်မယ်လို့ အမေရိကန် အမျိုးသားအဆင့် ဟာရီကိန်း စောင့်ကြည့်ရေးစင်တာက နောက်ဆုံးထုတ် ခန့်မှန်းချက်မှာ ပြောဆိုထားပါတယ်။

ဟာရီကိန်းမုန်တိုင်း Dorian ဟာ ၅ ရက်ထိ အန္တရာယ်ကြီးတဲ့ မုန်တိုင်းအဖြစ် ဆက်လက် ရှိနေမယ်လို့ ဟာရီကိန်း စောင့်ကြည့်စင်တာက ပြောဆိုထားပေမယ့် မုန်တိုင်း လမ်းကြောင်းက ပြောင်းလာပြီးနောက်မှာ အမေရိကန် ကမ်းရိုးတန်းကို တိုက်ခတ်မယ့် မုန်တိုင်းက ဘယ်ကိုဦးတည်မလဲ၊ ဘယ်လောက်ပြင်းထန်မလဲဆိုတာ မရေမရာ ဖြစ်နေပါတယ်။

Bahama နိုင်ငံ Grand Bahama ကျွန်းမှာတော့ မုန်တိုင်းဒီရေ ၁၅ ပေကျော်အထိ တက်နိုင်ပြီး အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေ ခန့်မှန်းချက်ကြောင့် လူပေါင်း ထောင်နဲ့ချီပြီး ဘေးလွတ်ရာ ရွှေ့ပြောင်းထားရပါတယ်။

လက်ရှိမှာတော့ ဟာရီကိန်း Dorain က Bahama နိုင်ငံ Great Abaco ကျွန်းရဲ့ အရှေ့ဘက် မိုင် ၁၇၀ လောက်မှာ တိုက်ခတ်နေပြီး ဒီသီတင်းပတ်ကုန်ပိုင်းမှာ အနောက်ဘက်ကို ဖြည်းဖြည်းချင်း ရွေ့လျားလာပြီးနောက် တနလာၤနေ့ နှောင်းပိုင်းနဲ့ အင်္ဂါနေ့မှာ အမေရိကန် ဖလော်ရီဒါ အရှေ့ဘက် ကမ်းရိုးတန်းအနီးကို ရောက်လာမယ်လို့ အမေရိကန် ဟာရီကိန်းစောင့်ကြည့်ရေးစင်တာက ပြောဆိုထားတာပါ။

ဒါပေမယ့်လည်း နောက်ပိုင်းမှာတော့ ဂျော်ဂျီယာနဲ့ ကယ်ရိုလိုင်းနား ပြည်နယ်တွေဆီကို ဦးတည်တဲ့ မြောက်ပိုင်းကို ဦးတည်မယ်လို့ ခန့်မှန်းထားပါတယ်။ ဖလော်ရီဒါကို မုန်တိုင်း ဝင်နိုင်ခြေ မရှိတော့ဘူးလို့တော့ ဟာရီကိန်း စောင့်ကြည့်ရေးစင်တာက မပြောသေးပါဘူး။

အင်အားပြင်း ဟာရီကိန်း Dorain က အမေရိကန် ပြည်ထောင်စုကို ချဉ်းကပ်လာတာနဲ့ အတူ မုန်တိုင်း တုံ့ပြန်ကိုင်တွယ်ရေးကို ကြီးကြပ်ဖို့ သမ္မတ Donald Trump က ပိုလန် ခရီးစဉ်ကို ဖျက်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG