သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တကၠဆက္မွာ ဟာရီကိန္း Hanna ၀င္ေရာက္၊ ဟာ၀ိုင္အီမွာ ဟာရီကိန္း Douglas အတြက္ ျပင္ဆင္


တကၠဆက္ျပည္နယ္ကုိ ဟာရီကိန္းမုန္တုိင္း Hanna ခ်ဥ္းကပ္လာစဥ္ ဒီလႈိင္း႐ိုက္ခတ္ေနတဲ့ျမင္ကြင္း။ (ဇူလုိင္ ၂၅၊ ၂၀၂၀)

(Zawgyi / Unicode)

၂၀၂၀ ျပည့္ႏွစ္ အတၱလႏၱိတ္သမုဒၵရာ မုန္တိုင္းရာသီအတြက္ ပထမဆံုးျဖစ္တဲ့ ဟာရီကိန္းမုန္တိုင္း Hanna ဟာ စေနေန႔ ညေနပိုင္းမွာ အေမရိကန္ျပည္ေထာင္စု တကၠဆက္ျပည္နယ္ ေတာင္ပိုင္း ကမ္း႐ုိးတန္းကေန ကုန္းတြင္းပိုင္းကို ၀င္ေရာက္တိုက္ခတ္ေနပါတယ္။

အလားတူပဲ ဟာ၀ိုင္အီျပည္နယ္ Oahu ကြ်န္းရဲ႕ အေနာက္ဘက္ မိုင္ေပါင္း ၃,၇၀၀ ေလာက္မွာ ဟာရီကိန္းမုန္တိုင္း Douglas တိုက္ခတ္ေနၿပီး တနဂၤေႏြေန႔မွာ ကုန္တြင္းပိုင္းကို ၀င္ေရာက္လာမယ္လို႔ ခန္႔မွန္းထားၿပီး Oahu ကြြ်န္းမွာ ဟာရီကိန္း မုန္တုိင္းသတိေပးခ်က္ ထုတ္ျပန္ထားပါတယ္။

တကၠဆက္ျပည္နယ္ Port Mansfield ေျမာက္ဘက္ ၁၅ မိုင္အကြာက ကမ္း႐ုိးတန္းမွာ ဟာရီကိန္းမုန္တိုင္း Hanna က တနာရီ ေလတိုက္ႏႈန္း မိုင္ ၉၀ ေက်ာ္နဲ႔ တိုက္ခတ္ေနပါတယ္။

႐ုတ္တရက္ ေရႀကီးမႈနဲ႔ ေလဆင္ႏွာေမာင္း တိုက္ခတ္မႈ ျဖစ္လာႏုိင္ၿပီး စိုးရိမ္စရာ အေကာင္းဆံုး ျဖစ္တယ္လို႔ အေမရိကန္ ဟာရီကိန္း ေစာင့္ၾကည့္ေရးဌာနက ေျပာဆိုထားပါတယ္။ ဟာရီကိန္းမုန္တိုင္း Hanna က တကၠဆက္ျပည္နယ္ ေတာင္ပိုင္း အတြင္းပိုင္းကို တနဂၤေႏြေန႔ မနက္ပိုင္းမွာ ၀င္ေရာက္တိုက္ခတ္ၿပီးေနာက္ မကၠဆီကိုႏုိင္ငံဘက္ကို ေရြ႕လ်ားသြားမယ္လုိ႔ ခန္႔မွန္းထားၾကပါတယ္။

တခ်ိန္တည္းမွာပဲ ဟာရီကိန္းမုန္တိုင္း Douglas တိုက္ခတ္ေနတဲ့ အေရးေၾကာင့္ သမၼတ Donald Trump က ဟာ၀ိုင္အီျပည္နယ္ကို စေနေန႔က အေရးေပၚ အေျခအေန ေၾကညာခ်က္ ထုတ္ထားပါတယ္။

ကုန္းတြင္းပုိင္းကို မေရာက္ခင္မွာ အားေပ်ာ့လာမယ္လို႔ ခန္႔မွန္းထားေပမယ့္လည္း ဟာရီကိန္းမုန္တိုင္း Douglas က အလြန္အႏၱရာယ္ႀကီးတဲ့ အဆင့္အျဖစ္ သတ္မွတ္ထားတဲ့ ျပင္းအားအဆင့္ ၁ မုန္တိုင္းအျဖစ္ ဆက္လက္ရွိေနမွာ ျဖစ္ပါတယ္။

သမၼတရဲ႕ အေရးေပၚအေျခအေန ေၾကညာခ်က္ေၾကာင့္ ျပည္နယ္နဲ႔ ေဒသႏၱရအဆင့္ မုန္တိုင္းေဘး ျပင္ဆင္ေဆာင္ရြက္မႈေတြမွာ ျပည္ေထာင္စုအစိုးရရဲ႕ ပံ့ပိုးကူညီမႈ ရရွိသြားေစမွာပါ။

ကို႐ုိနာဗိုင္းရပ္စ္ ကပ္ေဘးေၾကာင့္ လူတဦးနဲ႔တဦးၾကား အကြာအေ၀း တခုျခားၿပီး ေနၾကရမယ့္ အေရးေပၚ ခိုလံႈစရာ ေနရာေတြမွာ ကူညီေဆာင္ရြက္မယ့္သူ အနည္းငယ္ပဲ ရွိတာနဲ႔အတူ ဟာရီကိန္း မုန္တိုင္းအေရး ႀကဳိတင္ျပင္ဆင္မႈေတြမွာ ကို႐ုိနာဗိုင္းရပ္စ္ အေရးေၾကာင့္ အဟန္႔အတား ျဖစ္ရပါတယ္။

------------------------------

(Unicode)

တက္ကဆက်မှာ ဟာရီကိန်း Hanna ဝင်ရောက်၊ ဟာဝိုင်အီမှာ ဟာရီကိန်း Douglas အတွက် ပြင်ဆင်

၂၀၂၀ ပြည့်နှစ် အတ္တလန္တိတ်သမုဒ္ဒရာ မုန်တိုင်းရာသီအတွက် ပထမဆုံးဖြစ်တဲ့ ဟာရီကိန်းမုန်တိုင်း Hanna ဟာ စနေနေ့ ညနေပိုင်းမှာ အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် တောင်ပိုင်း ကမ်းရိုးတန်းကနေ ကုန်းတွင်းပိုင်းကို ဝင်ရောက်တိုက်ခတ်နေပါတယ်။

အလားတူပဲ ဟာဝိုင်အီပြည်နယ် Oahu ကျွန်းရဲ့ အနောက်ဘက် မိုင်ပေါင်း ၃,၇၀၀ လောက်မှာ ဟာရီကိန်းမုန်တိုင်း Douglas တိုက်ခတ်နေပြီး တနင်္ဂနွေနေ့မှာ ကုန်တွင်းပိုင်းကို ဝင်ရောက်လာမယ်လို့ ခန့်မှန်းထားပြီး Oahu ကွျွန်းမှာ ဟာရီကိန်း မုန်တိုင်းသတိပေးချက် ထုတ်ပြန်ထားပါတယ်။

တက္ကဆက်ပြည်နယ် Port Mansfield မြောက်ဘက် ၁၅ မိုင်အကွာက ကမ်းရိုးတန်းမှာ ဟာရီကိန်းမုန်တိုင်း Hanna က တနာရီ လေတိုက်နှုန်း မိုင် ၉၀ ကျော်နဲ့ တိုက်ခတ်နေပါတယ်။

ရုတ်တရက် ရေကြီးမှုနဲ့ လေဆင်နှာမောင်း တိုက်ခတ်မှု ဖြစ်လာနိုင်ပြီး စိုးရိမ်စရာ အကောင်းဆုံး ဖြစ်တယ်လို့ အမေရိကန် ဟာရီကိန်း စောင့်ကြည့်ရေးဌာနက ပြောဆိုထားပါတယ်။ ဟာရီကိန်းမုန်တိုင်း Hanna က တက္ကဆက်ပြည်နယ် တောင်ပိုင်း အတွင်းပိုင်းကို တနင်္ဂနွေနေ့ မနက်ပိုင်းမှာ ဝင်ရောက်တိုက်ခတ်ပြီးနောက် မက္ကဆီကိုနိုင်ငံဘက်ကို ရွေ့လျားသွားမယ်လို့ ခန့်မှန်းထားကြပါတယ်။

တချိန်တည်းမှာပဲ ဟာရီကိန်းမုန်တိုင်း Douglas တိုက်ခတ်နေတဲ့ အရေးကြောင့် သမ္မတ Donald Trump က ဟာဝိုင်အီပြည်နယ်ကို စနေနေ့က အရေးပေါ် အခြေအနေ ကြေညာချက် ထုတ်ထားပါတယ်။

ကုန်းတွင်းပိုင်းကို မရောက်ခင်မှာ အားပျော့လာမယ်လို့ ခန့်မှန်းထားပေမယ့်လည်း ဟာရီကိန်းမုန်တိုင်း Douglas က အလွန်အန္တရာယ်ကြီးတဲ့ အဆင့်အဖြစ် သတ်မှတ်ထားတဲ့ ပြင်းအားအဆင့် ၁ မုန်တိုင်းအဖြစ် ဆက်လက်ရှိနေမှာ ဖြစ်ပါတယ်။

သမ္မတရဲ့ အရေးပေါ်အခြေအနေ ကြေညာချက်ကြောင့် ပြည်နယ်နဲ့ ဒေသန္တရအဆင့် မုန်တိုင်းဘေး ပြင်ဆင်ဆောင်ရွက်မှုတွေမှာ ပြည်ထောင်စုအစိုးရရဲ့ ပံ့ပိုးကူညီမှု ရရှိသွားစေမှာပါ။

ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြောင့် လူတဦးနဲ့တဦးကြား အကွာအဝေး တခုခြားပြီး နေကြရမယ့် အရေးပေါ် ခိုလှုံစရာ နေရာတွေမှာ ကူညီဆောင်ရွက်မယ့်သူ အနည်းငယ်ပဲ ရှိတာနဲ့အတူ ဟာရီကိန်း မုန်တိုင်းအရေး ကြိုတင်ပြင်ဆင်မှုတွေမှာ ကိုရိုနာဗိုင်းရပ်စ် အရေးကြောင့် အဟန့်အတား ဖြစ်ရပါတယ်။

XS
SM
MD
LG