(Zawgyi/Unicode)
ဒီ သီတင္းပတ္ကုန္က ထိုင္းနိုင္ငံေျမာက္ပိုင္းကို ဝင္ေရာက္တိုက္ခတ္ခဲ့တဲ့ Sinlaku မုန္တိုင္းဟာ တနလၤာေန႔က ျမန္မာနိုင္ငံဘက္ကို ဆက္လက္ေရြ႕လ်ားေနတယ္လို႔ ထိုင္း မိုးေလဝသဌာနက ေျပာပါတယ္။ Sinlaku မုန္တိုင္းေၾကာင့္ ထိုင္းနိုင္ငံေျမာက္ပိုင္း ျပည္နယ္ ၁၈ ခုမွာ မိုးသည္းထန္၊ေရႀကီးခဲ့တာေၾကာင့္ အိမ္ေျခေပါင္းရာနဲ႔ခ်ီ ပ်က္စီးခဲ့ရသလို အနည္းဆုံး လူ ၂ ေယာက္ေသဆုံးရေၾကာင္း အာဏာပိုင္ ေတြက ေျပာပါတယ္။
တနဂၤေႏြေန႔တုန္းက အဲဒီေက်းလက္ေဒသေတြမွာ မိုးသည္းထန္တဲ့အတြက္ ခါးေလာက္ထိရွိတဲ့ ရႊံ့ရည္ေတြ အိမ္ေတြထဲထိ ေရာက္ကုန္တာပါ။မုန္တိုင္းဒဏ္အဆိုးဆုံးခံရတဲ့ Loei ျပည္နယ္ကရြာသားေတြကို ထိုင္းစစ္သားေတြကေလွေတြနဲ႔ကယ္ဆယ္ခဲ့ရသလို ေထာက္ပံ့ေရး ပစၥည္းေတြကိုလည္း ေပးအပ္ခဲ့ပါတယ္။ မုန္တိုင္းေၾကာင့္ သစ္ပင္ေတြ အျမစ္ကကၽြတ္ထြက္ခဲ့သလို လၽွပ္စစ္ဓါတ္အားေပးတိုင္ေတြ လဲက်ခဲ့ၿပီး အိမ္ေခါင္မိုးလန္ထြက္တာကို ေတြခဲ့ရပါတယ္။
Sinlaku မုန္တိုင္းက လာအိုနဲ႔ ဗီယက္နမ္နိုင္ငံေတြကိုပါ ဝင္ေရာက္တိုက္ခတ္ခဲ့တာျဖစ္ၿပီး ဗီယက္နမ္နိုင္ငံ Hoa Binh နဲ႔ Quang Ninh ျပည္နယ္ေတြမွာအနည္းဆုံးလူ၂ေယာက္ေသဆုံးခဲ့တယ္လို႔ ဗီယက္နမ္အသံသတင္းဌာန(VOV) ကေျပာပါတယ္။နိုင္ငံေျမာက္ပိုင္း ေတာင္ကုန္းထူထပ္တဲ့ေဒသေတြမွာ မိုးေၾကာင့္ေရႀကီး၊ေျမၿပိဳတာေတြျဖစ္နိုင္တယ္လို႔လည္း အာဏာပိုင္ေတြက သတိေပးခဲ့ပါတယ္။
Sinlaku မုန္တိုင္းေၾကာင့္ ထိုင္းေျမာက္ပိုင္းနဲ႔ အေနာက္ေျမာက္ပိုင္းက ျပည္နယ္အမ်ားစုပါဝင္တဲ့ ျပည္နယ္ ၄၄ ခုမွာ မိုး ႀကီးမယ္လို႔ ထိုင္း မိုးေလဝသဌာနက ခန္႔မွန္းထားခ်ိန္မွာပဲ Pua ခရိုင္ထဲကို မုန္တိုင္း ဝင္ေရာက္သြားခ်ိန္မွာ အားေပ်ာ့သြားခဲ့တယ္ လို႔လည္း ေျပာပါတယ္။
..........
မုန်တိုင်း Sinlaku မြန်မာနိုင်ငံဘက် ဦးတည် တိုက်ခတ်နေ
(Unicode)
ဒီ သီတင်းပတ်ကုန်က ထိုင်းနိုင်ငံမြောက်ပိုင်းကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ Sinlaku မုန်တိုင်းဟာ တနင်္လာနေ့က မြန်မာနိုင်ငံဘက်ကို ဆက်လက်ရွေ့လျားနေတယ်လို့ ထိုင်း မိုးလေဝသဌာနက ပြောပါတယ်။ Sinlaku မုန်တိုင်းကြောင့် ထိုင်းနိုင်ငံမြောက်ပိုင်း ပြည်နယ် ၁၈ ခုမှာ မိုးသည်းထန်၊ရေကြီးခဲ့တာကြောင့် အိမ်ခြေပေါင်းရာနဲ့ချီ ပျက်စီးခဲ့ရသလို အနည်းဆုံး လူ ၂ ယောက်သေဆုံးရကြောင်း အာဏာပိုင် တွေက ပြောပါတယ်။
တနင်္ဂနွေနေ့တုန်းက အဲဒီကျေးလက်ဒေသတွေမှာ မိုးသည်းထန်တဲ့အတွက် ခါးလောက်ထိရှိတဲ့ ရွှံ့ရည်တွေ အိမ်တွေထဲထိ ရောက်ကုန်တာပါ။မုန်တိုင်းဒဏ်အဆိုးဆုံးခံရတဲ့ Loei ပြည်နယ်ကရွာသားတွေကို ထိုင်းစစ်သားတွေကလှေတွေနဲ့ကယ်ဆယ်ခဲ့ရသလို ထောက်ပံ့ရေး ပစ္စည်းတွေကိုလည်း ပေးအပ်ခဲ့ပါတယ်။ မုန်တိုင်းကြောင့် သစ်ပင်တွေ အမြစ်ကကျွတ်ထွက်ခဲ့သလို လျှပ်စစ်ဓါတ်အားပေးတိုင်တွေ လဲကျခဲ့ပြီး အိမ်ခေါင်မိုးလန်ထွက်တာကို တွေခဲ့ရပါတယ်။
Sinlaku မုန်တိုင်းက လာအိုနဲ့ ဗီယက်နမ်နိုင်ငံတွေကိုပါ ဝင်ရောက်တိုက်ခတ်ခဲ့တာဖြစ်ပြီး ဗီယက်နမ်နိုင်ငံ Hoa Binh နဲ့ Quang Ninh ပြည်နယ်တွေမှာအနည်းဆုံးလူ၂ယောက်သေဆုံးခဲ့တယ်လို့ ဗီယက်နမ်အသံသတင်းဌာန(VOV) ကပြောပါတယ်။နိုင်ငံမြောက်ပိုင်း တောင်ကုန်းထူထပ်တဲ့ဒေသတွေမှာမိုးကြောင့်ရေကြီး၊မြေပြိုတာတွေဖြစ်နိုင်တယ်လို့လည်း အာဏာပိုင်တွေက သတိပေးခဲ့ပါတယ်။
Sinlaku မုန်တိုင်းကြောင့် ထိုင်းမြောက်ပိုင်းနဲ့ အနောက်မြောက်ပိုင်းက ပြည်နယ်အများစုပါဝင်တဲ့ ပြည်နယ် ၄၄ ခုမှာ မိုး ကြီးမယ်လို့ ထိုင်း မိုးလေဝသဌာနက ခန့်မှန်းထားချိန်မှာပဲ Pua ခရိုင်ထဲကို မုန်တိုင်း ဝင်ရောက်သွားချိန်မှာ အားပျော့သွားခဲ့တယ် လို့လည်း ပြောပါတယ်။