သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Amphan မုန္တိုင္းအႏၲရာယ္ေၾကာင့္ Bhasan Char က ဒုကၡသည္ေတြ ေရႊ႕ေျပာင္းေပးထား


ဘဂၤလားေဒ့ရွ္ႏိုင္ငံ Bhasan Char ကြ်န္းမွာ ေတြ႔ရတဲ့ ရိုဟင္ဂ်ာဒုကၡသည္တခ်ိဳ႕။ (ေဖေဖာ္၀ါရီ ၁၄၊ ၂၀၁၈)

[Zawgyi/Unicode)

ဘဂၤလားပင္လယ္ေအာ္ထဲမွာ Amphan ဆုိင္ကလုန္းမုန္တုိင္္းႀကီး တုိက္ခတ္ေနတာေၾကာင့္ ေရႀကီးေရလ်ံွနုိင္တဲ့ကၽြန္းေပၚက ႐ိုိဟင္ဂ်ာဒုကၡသည္ ရာေပါင္းမ်ားစြာကို ဘဂၤလားေဒ့ရွ္အစိုးရက ေဘးလြတ္ရာေရႊ႕ေျပာင္းေပးထားပါတယ္။

အိႏၵိယႏုိင္ငံအေရွ ႔ပိုင္းနဲ႔ ဘဂၤလားေဒ့ရွ္ႏုိင္ငံကို ဝင္တိုက္မယ့္ ဒီမုန္တုိင္းဟာ ေဒသတြင္းမွာ တိုက္ခဲ့ဖူးသမ ွ် မုန္တိုင္းေတြထဲ အင္အားအျပင္းဆုံးမုန္တုိင္း တခုျဖစ္တယ္လို႔လည္း ဘဂၤလားေဒ့ရွ္တာ၀န္ရွိသူေတြက ဗုဒၵဟူးေန႔က ေျပာပါတယ္။ ရိုဟင္ဂ်ာဒုကၡသည္စခန္းေတြရွိရာ Bhasan Char ကၽြန္းဆီ မုန္တိုင္း ၀င္ေရာက္လာမယ္လို႔ ခန္႔မွန္းရတဲ့အတြက္ စခန္းေန ဒုကၡသည္ေတြကို မုန္တိုင္းလြတ္တဲ့ ကယ္ဆယ္ေရး စခန္းေတြမွာ ေရႊ႕ေျပာင္းေနရာခ်ေပးထားတယ္လို႔ ဒုကၡသည္အေရးေဆာင္ရြက္ေနတဲ့ ကုလသမဂၢ အဆင့္ျမင့္တာ၀န္ရွိသူတဦးကေျပာပါတယ္။

ဘာဆန္ဂ်ာကၽြန္းေပၚက ဒုကၡသည္ေတြကိုေတ့ာ Cox's Bazar မွာရိွတဲ့ ပင္မ ဒုကၡသည္စခန္းေတြထဲမွာ ေျပာင္းေရႊ႕ေနရာခ်ေပးဖို႔ ကုလသမဂၢက တိုက္တြန္းထားတာပါ။ ဒုကၡသည္စခန္းထဲမွာ Amphan မုန္တုိင္းဒဏ္ အဆုိးဆုံး ရင္ဆုိင္ရႏုိင္ေျခနည္းတယ္လို႔ ခန္႔မွန္းထားေပမယ့္ မုန္တုိင္းအႏၱရာယ္သတိ္ေပးခ်က္္ကိုေတာ့ ဆိုးရြားျပင္းထန္မႈ အဆင့္ ၆ ကေန အဆင့္ ၉ ထိ တိုးျမွင့္သတ္မွတ္လိုက္ပါတယ္။

Bhasan Char ကၽြန္း
Bhasan Char ကၽြန္း

ဒုကၡသည္စခန္းထဲမွာ မိုးသည္းထန္ၿပိး ေလျပင္းေတြပါ တုိက္ခတ္ေနတဲ့အတြက္ အိမ္ျပင္မထြက္ၾကဖို႔ သက္ဆုိင္ရာက အနီေရာင္အဆင့္ သတိေပးခ်က္ ထုတ္ျပန္ထားတာပါ။ ဒုကၡသည္စခန္းမွာ ၿပီးခဲ့တဲ့တပတ္က ကို႐ိုနာဗုိင္းရပ္စ္ကူးခံထားရတဲ့ လူနာ တဦးပထမဆုံးေတြ႔ရွိထားတာျဖစ္သလို ဒီမုန္တုိင္းေၾကာင့္ ကပ္ေရာဂါ ကာကြယ္တားဆီးေရးေဆာင္ရြက္ခ်က္ေတြ ေနွာင့္ေနွးသြားႏုိင္တယ္လို႔ အကူအညီေပး၀န္ထမ္းေတြက ေျပာပါတယ္။

ရိုဟင္ဂ်ာဆိုတဲ့နာမည္ကို လက္ခံမထားတဲ့ ျမန္မာအစိုးရကေတာ့ ျမန္မာႏုိင္ငံက ထြက္ေျပးသြြားတဲ့ အဲဒီဒုကၡသည္ေတြကို စိစစ္ၿပီး ျပန္လည္လက္ခံဖို႔ ေဆာင္ရြက္ေနတယ္လို႔ ေျပာထားေပမယ့္ ကပ္ေရာဂါေၾကာင့္ အဲဒီလုပ္ငန္းေတြ ရပ္ထားရပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

Amphan မုန်တိုင်းအန္တရာယ်ကြောင့် Bhasan Char က ဒုက္ခသည်တွေ ရွှေ့ပြောင်းပေးထား

ဘင်္ဂလားပင်လယ်အော်ထဲမှာ Amphan ဆိုင်ကလုန်းမုန်တိုင်းကြီး တိုက်ခတ်နေတာကြောင့် ရေကြီးရေလျံှနိုင်တဲ့ကျွန်းပေါ်က ရိုဟင်ဂျာဒုက္ခသည် ရာပေါင်းများစွာကို ဘင်္ဂလားဒေ့ရှ်အစိုးရက ဘေးလွတ်ရာရွှေ့ပြောင်းပေးထားပါတယ်။

အိန္ဒိယနိုင်ငံအရှေ့ပိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဝင်တိုက်မယ့် ဒီမုန်တိုင်းဟာ ဒေသတွင်းမှာ တိုက်ခဲ့ဖူးသမ ျှ မုန်တိုင်းတွေထဲ အင်အားအပြင်းဆုံးမုန်တိုင်း တခုဖြစ်တယ်လို့လည်း ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူတွေက ဗုဒ္ဒဟူးနေ့က ပြောပါတယ်။ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေရှိရာ Bhasan Char ကျွန်းဆီ မုန်တိုင်း ဝင်ရောက်လာမယ်လို့ ခန့်မှန်းရတဲ့အတွက် စခန်းနေ ဒုက္ခသည်တွေကို မုန်တိုင်းလွတ်တဲ့ ကယ်ဆယ်ရေး စခန်းတွေမှာ ရွှေ့ပြောင်းနေရာချပေးထားတယ်လို့ ဒုက္ခသည်အရေးဆောင်ရွက်နေတဲ့ ကုလသမဂ္ဂ အဆင့်မြင့်တာဝန်ရှိသူတဦးကပြောပါတယ်။

ဘာဆန်ဂျာကျွန်းပေါ်က ဒုက္ခသည်တွေကိုတေ့ာ Cox's Bazar မှာရှိတဲ့ ပင်မ ဒုက္ခသည်စခန်းတွေထဲမှာ ပြောင်းရွှေ့နေရာချပေးဖို့ ကုလသမဂ္ဂက တိုက်တွန်းထားတာပါ။ ဒုက္ခသည်စခန်းထဲမှာ Amphan မုန်တိုင်းဒဏ် အဆိုးဆုံး ရင်ဆိုင်ရနိုင်ခြေနည်းတယ်လို့ ခန့်မှန်းထားပေမယ့် မုန်တိုင်းအန္တရာယ်သတိပေးချက်ကိုတော့ ဆိုးရွားပြင်းထန်မှု အဆင့် ၆ ကနေ အဆင့် ၉ ထိ တိုးမြှင့်သတ်မှတ်လိုက်ပါတယ်။

ဒုက္ခသည်စခန်းထဲမှာ မိုးသည်းထန်ပြိး လေပြင်းတွေပါ တိုက်ခတ်နေတဲ့အတွက် အိမ်ပြင်မထွက်ကြဖို့ သက်ဆိုင်ရာက အနီရောင်အဆင့် သတိပေးချက် ထုတ်ပြန်ထားတာပါ။ ဒုက္ခသည်စခန်းမှာ ပြီးခဲ့တဲ့တပတ်က ကိုရိုနာဗိုင်းရပ်စ်ကူးခံထားရတဲ့ လူနာ တဦးပထမဆုံးတွေ့ရှိထားတာဖြစ်သလို ဒီမုန်တိုင်းကြောင့် ကပ်ရောဂါ ကာကွယ်တားဆီးရေးဆောင်ရွက်ချက်တွေ နှောင့်နှေးသွားနိုင်တယ်လို့ အကူအညီပေးဝန်ထမ်းတွေက ပြောပါတယ်။

ရိုဟင်ဂျာဆိုတဲ့နာမည်ကို လက်ခံမထားတဲ့ မြန်မာအစိုးရကတော့ မြန်မာနိုင်ငံက ထွက်ပြေးသွားတဲ့ အဲဒီဒုက္ခသည်တွေကို စိစစ်ပြီး ပြန်လည်လက်ခံဖို့ ဆောင်ရွက်နေတယ်လို့ ပြောထားပေမယ့် ကပ်ရောဂါကြောင့် အဲဒီလုပ်ငန်းတွေ ရပ်ထားရပါတယ်။

XS
SM
MD
LG