သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုန်တိုင်း Laura ကန် တောင်ပိုင်းကို တနာရီ မိုင် ၁၄၀ နဲ့ ဝင်ရောက်ဖွယ်ရှိ


မုန်တိုင်း Laura
မုန်တိုင်း Laura

(Zawgyi/Unicode)

အမေရိကန် တောင်ပိုင်း ပင်လယ်ကွေ့ကမ်းရိုးတန်း ဒေသဆီကို ဦးတည်ရွေ့လျားနေတဲ့ ဟာရီကိန်း မုန်တိုင်း Laura ဟာ လေတိုက်နှုန်း တနာရီ မိုင် ၁၄၀ လောက်နဲ့ ပြင်းအား အဆင့် ၄ ရှိတဲ့ အားပြင်းမုန်တိုင်း တခု ဖြစ်လာနိုင်တယ်လို့ အမေရိကန် အမျိုးသား ဟာရီကိန်းစင်တာက ခန့်မှန်းထားပါတယ်။

ဒီမုန်တိုင်းဟာ ဗုဒ္ဓဟူးနေ့နှောင်းပိုင်းမှာ ကုန်းတွင်းပိုင်းကို ဝင်ရောက်လာနိုင်မယ်လို့ ခန့်မှန်းထား ပါတယ်။ မုန်တိုင်းခန့်မှန်းတွက်ချက်သူတွေကတော့ ဒီမုန်တိုင်းဟာ အမေရိကန် တောင်ပိုင်းက တက်ဆက်စ် နဲ့ လူဝီဇီယားနား ပြည်နယ်တွေနားမှာ ဝင်ရောက်လာနိုင်တယ်လို့ ဒေသခံတွေကို သတိပေးနေပါတယ်။

လေတိုက်နှုန်း သိပ်ကို ပြင်းထန်မှာ ဖြစ်တဲ့အပြင် မုန်တိုင်းကြောင့် ပေါ်ပေါက်လာတဲ့ လှိုင်းလုံးကြီးတွေ သိပ်ကြီးမားနိုင်ပြီး ပျက်စီးမှု များနိုင်တယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် မိုးရေချိန် ၁၅ လက်မလောက် အထိ ရွာသွန်းနိုင်ပြီး ရေကြီးရေလျှံမှု တွေနဲ့ ကြုံရနိုင်တယ်လို့ လည်း သတိပေးထားပါတယ်။ ဒါ့အပြင် ဒီမုန်တိုင်းနဲ့ပတ်သက်ပြီး ဒေသခံတွေ ကြိုတင်ပြင်ဆင်ဖို့ အချိန်နဲနဲပဲ ကျန်တော့ကြောင်းလည်း သတိပေးနေတာပါ။

ဟာရီကိန်း မုန်တိုင်းနဲ့ ရေကြီးရေလ ျှံမှု သတိပေးချက်တွေကို အမေရိကန် တောင်ပိုင်း ပင်လယ်ကွေ့ရှိရာ ကမ်းရိုးတန်းဒေသ တကျောအတွက် ထုတ်ပြန်ထားတာ ဖြစ်ပြီး တက်ဆက်စ်နဲ့ လူဝီဇီယားနား ပြည်နယ်တွေက ကမ်းရိုးတန်းတွေမှာ နေထိုင်တဲ့ လူပေါင်း သန်းတဝက်ကျော်ကိုတော့ နေအိမ်တွေကနေ ဘေးလွတ်ရာ ရွှေ့ပြောင်းကြဖို့ အမိန့်ထုတ်ပြန်ထားပါတယ်။

လူဝီဇီယားနားပြည်နယ် အုပ်ချုပ်ရေးမှုး John Bel Edwards နဲ့ တက်ဆက်စ် ပြည်နယ်အုပ်ချုပ်ရေးမှုး Greg Abbot တို့ကတော့ သူတို့ ပြည်နယ်တွေ အတွက် အရေးပေါ် အခြေနေတွေ ထုတ်ပြန်ထားပါတယ်။

အမေရိကန် ပင်လယ်ကွေ့ ကမ်းရိုးတန်း ဒေသမှာ ရှိတဲ့ ကမ်းလွန်ရေနံ လုပ်ကွက် ၃၀၀ ကျော်ကို ပိတ်ထားရပြီး လူတွေလည်း ဘေးလွတ်ရာ ပြောင်းရွှေ့နေရတာပါ။

တိုက်ရိုက် လင့်ခ်


..............


(Unicode)







XS
SM
MD
LG