သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အားျပင္းမုန္တုိင္း Laura ေၾကာင့္ ကန္ မွာ အနည္းဆုံး လူ ၄ ဦးေသ


(Zawgyi/Unicode)

ျပင္းအားအဆင့္ ၄ ရွိတဲ့ ဟာရီကိန္းမုန္တိုင္း Laura ဟာ ၾကာသပေတးေန႔မွာ အေမရိကန္ေတာင္ပိုင္း Louisiana ျပည္နယ္ ကမ္းရိုးတန္းကို ဝင္ေရာက္လာၿပီး မိုးေရာ ေလပါ မႀကံဳစဖူး ျပင္းျပင္းထန္ထန္ တိုက္ခတ္ခဲ့တဲ့အျပင္ အႏၱရာယ္ႀကီးတဲ့ လႈိင္းလံုးႀကီးေတြ ကိုပါ ျဖစ္ေပၚေစခဲ့တာပါ။ ဒါေပမယ့္ ကုန္းတြင္းပိုင္းကို ေရြ႕လ်ားလာခ်ိန္မွာေတာ့ အရွိန္နည္းနည္း ေလ်ာ့သြားခဲ့ပါတယ္။

မုန္တုိင္းေၾကာင့္ Louisiana ျပည္နယ္မွာ အသက္ ၁၄ ႏွစ္အရြယ္ မိန္းကေလးငယ္ တဦးအပါအ၀င္ အနည္းဆံုး လူ ၄ ဦး ေသဆုံးခဲ့တယ္လုိ႔ သတင္းေတြမွာ ေဖၚျပေနပါတယ္။

ဟာရီကိန္းမုန္တိုင္း Laura ဟာ ၾကာသပေတးေန႔ ေန႔လည္ပိုင္းမွာ ေလတိုက္ႏႈန္း တနာရီကို မိုင္ ၆၀ ေက်ာ္နဲ႔ တိုက္ခတ္ေနၿပီး Louisiana ျပည္နယ္ ေျမာက္ပိုင္းက Shreveport ၿမိဳ႕ အေရွ႕ ေျမာက္ ဘက္ကို ဦးတည္ ေရြ႕လ်ားေနတယ္လို႔ အေမရိကန္ မိုးေလဝသဌာန NWS က ေၾကညာပါတယ္။

မုန္တိုင္းဟာ အားေပ်ာ့လာၿပီ ျဖစ္ေပမယ့္ Louisiana ျပည္နယ္ အလယ္ပိုင္းနဲ႔ ေျမာက္ပိုင္း ေဒသ တလႊားမွာ မိုးသည္းထန္စြာရြာသြန္းၿပီး ေလျပင္း ေတြ ဆက္လက္တုိက္ခတ္ဖို႔ ရွိတယ္လို႔ ခန္႔မွန္းထားပါတယ္။ ေနာက္ပိုင္းမွာ ေျမာက္ဘက္ Arkansas ျပည္နယ္ ထဲကို ဆက္လက္ေရြ႕လ်ား သြားမွာ ျဖစ္ပါတယ္။

ဟာရီကိန္းမုန္တို္င္း Laura ကုန္းတြင္းပိုင္းကို ဝင္ေရာက္လာရာလမ္းမွာ အပ်က္အစီး အမ်ားဆံုးက Lake Charles ၿမိဳ႕ျဖစ္ၿပီး စက္ရံုတခုကိုပါ မီးေလာင္ကၽြမ္းေစခဲ့တာပါ။ အေမရိကန္ပင္လယ္ေကြ႔ ေဒသ ကမ္းရိုးတန္းတေလ ွ်ာက္မွာ ေနထုိင္သူေတြ အတြက္ ဟာရီကိန္း Laura ဟာ ဒီႏွစ္က်ေရာက္တဲ့ မုန္တိုင္းေတြထဲမွာ အျပင္းထန္ဆံုး ျဖစ္ပါတယ္။

ေလျပင္းဒဏ္ေၾကာင့္ သစ္ပင္ေတြ ၿပိဳလဲ ရသလို Louisiana နဲ႔ Texas ျပည္နယ္ေတြမွာ ေနထိုင္တဲ့ ေဒသခံ ၇ သိန္းေလာက္ဟာ ဓါတ္အားျပတ္ေတာက္မႈ နဲ႔ ႀကံဳေနရပါတယ္။

ေျမာက္ဘက္ကို ဆက္လက္ေရြ႕လားေနတဲ့ ဒီမုန္တိုင္းဟာ အားေပ်ာ့သြားမွာ ျဖစ္ေပမယ့့္ ေလျပင္းေတြ ဆက္တိုက္ခတ္ၿပီး မိုးသည္းထန္စြာ ဆက္ရြာေနမယ့္အျပင္ Louisiana ကမ္းရိုးတန္းတေလ ွ်ာက္ အႏၱရာယ္ႀကီးတဲ့ လႈိင္းလံုးႀကီးေတြ ဆက္္လက္ျဖစ္ေပၚ ေနမွာ ျဖစ္ေၾကာင္းလည္း မုန္တုိင္းခန္႔မွန္းတြက္ခ်က္သူေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

အားပြင်းမုန်တိုင်း Laura ကြောင့် ကန် မှာ အနည်းဆုံး လူ ၄ ဦးသေ
(Unicode)

ပြင်းအားအဆင့် ၄ ရှိတဲ့ ဟာရီကိန်းမုန်တိုင်း Laura ဟာ ကြာသပတေးနေ့မှာ အမေရိကန်တောင်ပိုင်း Louisiana ပြည်နယ် ကမ်းရိုးတန်းကို ဝင်ရောက်လာပြီး မိုးရော လေပါ မကြုံစဖူး ပြင်းပြင်းထန်ထန် တိုက်ခတ်ခဲ့တဲ့အပြင် အန္တရာယ်ကြီးတဲ့ လှိုင်းလုံးကြီးတွေ ကိုပါ ဖြစ်ပေါ်စေခဲ့တာပါ။ ဒါပေမယ့် ကုန်းတွင်းပိုင်းကို ရွေ့လျားလာချိန်မှာတော့ အရှိန်နည်းနည်း လျော့သွားခဲ့ပါတယ်။

မုန်တိုင်းကြောင့် Louisiana ပြည်နယ်မှာ အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ် တဦးအပါအဝင် အနည်းဆုံး လူ ၄ ဦး သေဆုံးခဲ့တယ်လို့ သတင်းတွေမှာ ဖေါ်ပြနေပါတယ်။

ဟာရီကိန်းမုန်တိုင်း Laura ဟာ ကြာသပတေးနေ့ နေ့လည်ပိုင်းမှာ လေတိုက်နှုန်း တနာရီကို မိုင် ၆၀ ကျော်နဲ့ တိုက်ခတ်နေပြီး Louisiana ပြည်နယ် မြောက်ပိုင်းက Shreveport မြို့ အရှေ့ မြောက် ဘက်ကို ဦးတည် ရွေ့လျားနေတယ်လို့ အမေရိကန် မိုးလေဝသဌာန NWS က ကြေညာပါတယ်။

မုန်တိုင်းဟာ အားပျော့လာပြီ ဖြစ်ပေမယ့် Louisiana ပြည်နယ် အလယ်ပိုင်းနဲ့ မြောက်ပိုင်း ဒေသ တလွှားမှာ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်း တွေ ဆက်လက်တိုက်ခတ်ဖို့ ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ နောက်ပိုင်းမှာ မြောက်ဘက် Arkansas ပြည်နယ် ထဲကို ဆက်လက်ရွေ့လျား သွားမှာ ဖြစ်ပါတယ်။

ဟာရီကိန်းမုန်တိုင်း Laura ကုန်းတွင်းပိုင်းကို ဝင်ရောက်လာရာလမ်းမှာ အပျက်အစီး အများဆုံးက Lake Charles မြို့ဖြစ်ပြီး စက်ရုံတခုကိုပါ မီးလောင်ကျွမ်းစေခဲ့တာပါ။ အမေရိကန်ပင်လယ်ကွေ့ ဒေသ ကမ်းရိုးတန်းတလေ ျှာက်မှာ နေထိုင်သူတွေ အတွက် ဟာရီကိန်း Laura ဟာ ဒီနှစ်ကျရောက်တဲ့ မုန်တိုင်းတွေထဲမှာ အပြင်းထန်ဆုံး ဖြစ်ပါတယ်။

လေပြင်းဒဏ်ကြောင့် သစ်ပင်တွေ ပြိုလဲ ရသလို Louisiana နဲ့ Texas ပြည်နယ်တွေမှာ နေထိုင်တဲ့ ဒေသခံ ၇ သိန်းလောက်ဟာ ဓါတ်အားပြတ်တောက်မှု နဲ့ ကြုံနေရပါတယ်။

မြောက်ဘက်ကို ဆက်လက်ရွေ့လားနေတဲ့ ဒီမုန်တိုင်းဟာ အားပျော့သွားမှာ ဖြစ်ပေမယ့် လေပြင်းတွေ ဆက်တိုက်ခတ်ပြီး မိုးသည်းထန်စွာ ဆက်ရွာနေမယ့်အပြင် Louisiana ကမ်းရိုးတန်းတလေ ျှာက် အန္တရာယ်ကြီးတဲ့ လှိုင်းလုံးကြီးတွေ ဆက်လက်ဖြစ်ပေါ် နေမှာ ဖြစ်ကြောင်းလည်း မုန်တိုင်းခန့်မှန်းတွက်ချက်သူတွေက ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG