သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ဆန္ဒပြ အကြမ်းဖက်မှုတွေ အပေါ် သမ္မတနဲ့ ဒီမိုကရက် ပြိုင်ဘက်ကြား အခြေအတင်


 အမရိကန် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဒီမိုကရက်တစ်ပါတီသမ္မတလောင်း Joe Biden
အမရိကန် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဒီမိုကရက်တစ်ပါတီသမ္မတလောင်း Joe Biden

(Zawgyi/Unicode)

အမေရိကန် ပြည်ထောင်စုအတွင်း လူမျိုးရေး မမျှတမှုတွေနဲ့ ရဲတပ်ဖွဲ့က လူနည်းစု လူမည်းတွေ အပေါ် ပြုမူဆက်ဆံတာတွေကို ဆန့်ကျင်ပြီး လမ်းပေါ်ထွက် ဆန္ဒပြနေမှုတွေနဲ့ ပတ်သက်ပြီး အမရိကန် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဒီမိုကရက်တစ်ပါတီသမ္မတလောင်း Joe Biden တို့အကြား တနင်္လာနေ့က တစ်ဦးကို တစ်ဦး ပြစ်တင် ပြောဆို လိုက်ကြပါတယ်။

လူမည်း အမျိုးသား တစ်ဦးကို ရဲက သေနတ်နဲ့ ပစ်ခတ်တာကို ကန့်ကွက် ဆန္ဒပြရာကနေ အကြမ်းဖက် ဆူပူမှုတွေ အထိရောက်ရှိနေခဲ့ တဲ့ Wisconsin ပြည်နယ်က Kenosha မြို့ကို အင်္ဂါနေ့မှာ သွားရောက်မှာ ဖြစ်ကြောင်းနဲ့Wisconsin က အကြမ်းဖက်မှုတွေနဲ့ Portland ပြည်နယ်က အကြမ်း ဖက်မှုတွေကြောင့် ခပ်နှေးနှေး Joe တစ်ယောက် Delaware ပြည်နယ် သူ့အိမ်မြေအောက်ခန်းထဲကနေ ထွက်လာရပြီလို့လည်း တနင်္လာနေ့က သမ္မတ ထရမ့်က Joe Biden ကို ရည်ညွှန်းပြီးတွစ်တာမှာ ရေးခဲ့သလို ပြောဆိုရေးသားခဲ့ပါတယ်။

Denverမြို့တွင် ရဲတပ်ဖွဲ့က လူနည်းစု လူမည်းတွေ အပေါ် ပြုမူဆက်ဆံတာတွေကို ဆန့်ကျင်ပြီး လမ်းပေါ်ထွက် ဆန္ဒပြ
Denverမြို့တွင် ရဲတပ်ဖွဲ့က လူနည်းစု လူမည်းတွေ အပေါ် ပြုမူဆက်ဆံတာတွေကို ဆန့်ကျင်ပြီး လမ်းပေါ်ထွက် ဆန္ဒပြ

Joe Biden ကတော့ နိုင်ငံတဝှမ်း ဖြစ်ပေါ်နေပြီး တခါတရံ အကြမ်းဖက် ဆူပူမှုအဆင့်အထိ ရောက်သွားခဲ့ရတဲ့ ဆန္ဒပြပွဲတွေနဲ့ တန်ပြန် ဆန္ဒပြပွဲတွေ ဖြစ်ပေါ်နေရတာဟာ သမ္မတ ထရမ့်ကြောင့်လို့ဆိုပြီး မနေ့ တနင်္လာနေ့ Pittsburgh မြို့က ပြောတဲ့ မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားပါတယ်။

သမ္မတထရမ့်ဟာ ခေါင်းဆောင်ပိုင်းဆိုင်ရာ ကျင့်ဝတ်ကို နှစ်ရှည်ကြာ လက်လွှတ်ထားခဲ့သလို အကြမ်းဖက်မှုတွေကို နှစ်များစွာစေ့ဆော် ခဲ့သူ ဖြစ်တာကြောင့် အခု ဖြစ်ပွားနေတဲ့ ဆူပူမှုတွေကို ရပ်ဆိုင်းအောင် မလုပ်နိုင်ဘူးလို့လည်း Joe Biden က ပြောပါတယ်။ ဒေါ်နယ် ထရမ့်ပြန်အရွေးခံရရင် အမေရိကန်နိုင်ငံမှာ အကြမ်းဆက်ဆူပူမှုတွေ လျော့နည်းသွားလိမ့်လို့ ယုံကြည်သလားလို့လည်း သူက မေးခွန်း ထုတ်လိုက်ပါတယ်။

Wisconsin ပြည်နယ်အတွင်း အမျိုးသား ပြည်တွင်း အစောင့်တပ်တွေ ဆင့်ခေါ် ချထားခဲ့တဲ့ ပြည်နယ် အုပ်ချုပ်ရေးမှူး Tony Evers ကတော့ Kenosha မြို့ကို သမ္မတ ထရမ့် မလာရောက်ဖို့ တိုက်တွန်းထားပေမဲ့ သမ္မတ ထရမ့်ကတော့ အမျိုးသား အစောင့်တပ်တွေ ချထားဖို့ သူက မဖြစ်မနေ ပြောခဲ့လို့ အခုလို အခြေအနေကို ထိန်းနိုင်တာလို့လည်း အသားယူ ပြောဆိုထားပါတယ်။

အလားတူပဲ Oregon ပြည်နယ် Portland မြို့က ဆန္ဒပြပွဲတွေအပေါ်မှာလည်း သမ္မတ ထရမ့်က ဒီမိုကရက်တစ် ပြည်နယ် အုပ်ချုပ် ရေးမှူးတွေနဲ့ မြို့တော်ဝန်တွေကို တိုက်ခိုက် အပြစ်တင် ပြောဆိုခဲ့ပါတယ်။ မြို့တော်ဝန်က ဒီ ဆန္ဒပြပွဲတွေကို မဖြေရှင်းနိုင်ရင် ကိုယ်တိုင်သွားပြီး ဖြေရှင်းမယ်လို့လည်း သူက ပြောပါတယ်။

Biden ကတော့ အမေရိကန်မြို့ကြီးတွေက လမ်းတွေပေါ်မှာ ပစ်ခတ်မှုတွေ ဖြစ်ပွားနေတာ လက်မခံနိုင်စရာဖြစ်တဲ့အတွက် အတိအလင်း ရှုတ်ချ ကြောင်း၊ လက်ဝဲယိမ်း လက်ယာယိမ်း ဘယ်သူလုပ်တဲ့ အကြမ်းဖက်မှုကို မဆို ရှုတ်ချကြောင်းနဲ့ ဒေါ်နယ် ထရမ့် အနေနဲ့ လည်း သူ့လိုပဲ ဆူပူမှုတွေကို ရှုတ်ချပေးဖို့ စိန်ခေါ် တောင်းဆိုကြောင်း တနင်္ဂနွေနေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်


............


(Unicode)








ဆက်စပ်သတင်းများ ...

XS
SM
MD
LG