သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

Laura ဟာရီကိန္းမုန္တိုင္းသင့္ေဒသ သမၼတ Trump စစ္ေဆးၾကည့္႐ႈ


ဟာရီကိန္းမုန္တုိင္း Laura ဒဏ္ ခံခဲ့ရတဲ့ လူဝီစီယားနားျပည္နယ္ Lake Charles ၿမိဳ႕ကို သြားေရာက္ၾကည့္႐ႈတဲ့ သမၼတ Trump. (ၾသဂုတ္ ၂၉၊ ၂၀၂၀)

(Zawgyi / Unicode)

Laura ဟာရီကိန္းမုန္တိုင္း ဝင္ေရာက္တိုက္ခတ္ခဲ့တဲ့ အေမရိကန္ျပည္ေထာင္စု တကၠဆက္စ္နဲ႔ လူဝီစီယားနားျပည္နယ္ ကမ္းေျခေဒသေတြကို သမၼတ Trump စေနေန႔တုန္းက သြားေရာက္ၾကည့္႐ႈ စစ္ေဆးခဲ့ပါတယ္။

ဒီေဒသေတြမွာ ၿပီးခဲ့တဲ့ သီတင္းပတ္အတြင္းက ဝင္ေရာက္တိုက္ခတ္ခဲ့တဲ့ ဟာရီကိန္းမုန္တိုင္းေၾကာင့္ လွ်ပ္စစ္မီး ျပတ္ေတာက္ေနသလို ေသာက္သုံးေရလည္း ျပတ္လပ္ေနပါတယ္။

ၾကာသပေတးေန႔ အေစာပိုင္းက ဝင္ေရာက္တိုက္ခတ္ခဲ့တဲ့ ဒီ အဆင့္ ၄ ဟာရီကိန္းမုန္တိုင္းေၾကာင့္ အနည္းဆုံး လူ ၁၄ ဦး ေသဆုံးခဲ့ရပါတယ္။ ေသဆုံးသူ တခ်ိဳ႕တဝက္က ဓာတ္အားေပးစက္ အသုံးျပဳတာ အဆင္မသင့္တဲ့အတြက္ ကာဗြန္မိုေနာက္ဆိုက္ အဆိပ္သင့္ ေသဆုံးခဲ့ၾကတာပါ။

မုန္တိုင္းဒဏ္ အဆိုးဆုံးခံခဲ့ရတဲ့ လူဝီစီယားနားျပည္နယ္ Lake Charles ၿမိဳ႕ကိုလည္း သမၼတ Trump မေန႔တုန္းက သြားေရာက္ခဲ့တာပါ။ ဒီေဒသတြင္း လူ ၂ သိန္းေက်ာ္ေလာက္ ေသာက္သုံးေရ ျပတ္လပ္တဲ့ ျပႆနာနဲ႔ ရင္ဆိုင္ေနရတယ္လို႔ ျပည္နယ္က်န္းမာေရးဌာနက ေျပာပါတယ္။

ဒီကေနတဆင့္ သမၼတ Trump ဟာ မုန္တိုင္းဒဏ္သင့္ တကၠဆက္စ္ျပည္နယ္ Orange ၿမိဳ႕ကို ဆက္ၿပီး သြားေရာက္ခဲ့ပါတယ္။

အခုလို မုန္တိုင္းဒဏ္ခံခဲ့ရတဲ့ တကၠဆက္စ္နဲ႔ လူဝီစီယားနားျပည္နယ္ေတြကို မသြားခင္ တရက္က Trump က လူဝီစီယားနားျပည္နယ္တြင္း အေရးေပၚ အေျခအေန ေၾကညာခဲ့တာပါ။ ဒီအတြက္ ျပည္နယ္တြင္း မုန္တိုင္းဝင္ေရာက္ခဲ့တဲ့ ေနရာေတြမွာ ဖက္ဒရယ္အစိုးရ ရန္ပုံေငြ သုံးစြဲခြင့္ရမွာ ျဖစ္ပါတယ္။

ဒါ့အျပင္ ျပည္နယ္တြင္း လွ်ပ္စစ္မီးျပတ္ေတာက္ေနတဲ့ ေဒသေတြမွာလည္း International Brotherhood လွ်ပ္စစ္ဓာတ္အားျဖန္႔ျဖဴးေရး ကုမၸဏီဝန္ထမ္း ၂၀,၀၀၀ ေလာက္နဲ႔ မီးျပန္ရဖို႔အတြက္ လုပ္ေဆာင္ေပးေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------------

(Unicode)

Laura ဟာရီကိန်းမုန်တိုင်းသင့်ဒေသ သမ္မတ Trump စစ်ဆေးကြည့်ရှု

Laura ဟာရီကိန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ အမေရိကန်ပြည်ထောင်စု တက္ကဆက်စ်နဲ့ လူဝီစီယားနားပြည်နယ် ကမ်းခြေဒေသတွေကို သမ္မတ Trump စနေနေ့တုန်းက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါတယ်။

ဒီဒေသတွေမှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ဟာရီကိန်းမုန်တိုင်းကြောင့် လျှပ်စစ်မီး ပြတ်တောက်နေသလို သောက်သုံးရေလည်း ပြတ်လပ်နေပါတယ်။

ကြာသပတေးနေ့ အစောပိုင်းက ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ ဒီ အဆင့် ၄ ဟာရီကိန်းမုန်တိုင်းကြောင့် အနည်းဆုံး လူ ၁၄ ဦး သေဆုံးခဲ့ရပါတယ်။ သေဆုံးသူ တချို့တဝက်က ဓာတ်အားပေးစက် အသုံးပြုတာ အဆင်မသင့်တဲ့အတွက် ကာဗွန်မိုနောက်ဆိုက် အဆိပ်သင့် သေဆုံးခဲ့ကြတာပါ။

မုန်တိုင်းဒဏ် အဆိုးဆုံးခံခဲ့ရတဲ့ လူဝီစီယားနားပြည်နယ် Lake Charles မြို့ကိုလည်း သမ္မတ Trump မနေ့တုန်းက သွားရောက်ခဲ့တာပါ။ ဒီဒေသတွင်း လူ ၂ သိန်းကျော်လောက် သောက်သုံးရေ ပြတ်လပ်တဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရတယ်လို့ ပြည်နယ်ကျန်းမာရေးဌာနက ပြောပါတယ်။

ဒီကနေတဆင့် သမ္မတ Trump ဟာ မုန်တိုင်းဒဏ်သင့် တက္ကဆက်စ်ပြည်နယ် Orange မြို့ကို ဆက်ပြီး သွားရောက်ခဲ့ပါတယ်။

အခုလို မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ တက္ကဆက်စ်နဲ့ လူဝီစီယားနားပြည်နယ်တွေကို မသွားခင် တရက်က Trump က လူဝီစီယားနားပြည်နယ်တွင်း အရေးပေါ် အခြေအနေ ကြေညာခဲ့တာပါ။ ဒီအတွက် ပြည်နယ်တွင်း မုန်တိုင်းဝင်ရောက်ခဲ့တဲ့ နေရာတွေမှာ ဖက်ဒရယ်အစိုးရ ရန်ပုံငွေ သုံးစွဲခွင့်ရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ပြည်နယ်တွင်း လျှပ်စစ်မီးပြတ်တောက်နေတဲ့ ဒေသတွေမှာလည်း International Brotherhood လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး ကုမ္ပဏီဝန်ထမ်း ၂၀,၀၀၀ လောက်နဲ့ မီးပြန်ရဖို့အတွက် လုပ်ဆောင်ပေးနေပါတယ်။

XS
SM
MD
LG