သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဆူပူမႈေတြျဖစ္ပြားခဲ့တဲ့ Kenosha ၿမိဳ႕ကုိ သမၼတ Trump သြား


ဆူပူမႈေတြျဖစ္ပြားခဲ့တဲ့ Kenosha ၿမိဳ႕ကုိ သမၼတ Trump သြား

(Zawgyi/Unicode)

ၿပီးခဲ့တဲ့ အပတ္ထဲ ဆႏၵျပပြဲေတြနဲ႔ အၾကမ္းဖက္ ဆူပူမႈေတြ ျဖစ္ပြားခဲ့တဲ့ Wisconsin ျပည္နယ္က Kenosha ၿမိဳ႕ကို သမၼတ ေဒၚနယ္ ထရမ့္က အဂၤါေန႔က သြားေရာက္ခဲ့ၿပီး အဲဒီ ၿမိဳ႕ထဲက ဆူပူမႈေတြဟာ အၾကမ္းဖက္ လူအုပ္ေတြ က်ဴးလြန္ခဲ့တဲ့ ျပည္တြင္း အၾကမ္း ဖက္မႈ ျဖစ္တယ္လို႔ ေျပာပါတယ္။

Kenosha ၿမိဳ႕က လူျဖဴ ရဲတပ္ဖြဲ႕ဝင္တစ္ဦးက လူမည္း အမ်ိဳးသား တစ္ဦးေနာက္ေက်ာကို ေသနတ္နဲ႔ ၇ ခ်က္ ဆင့္ပစ္လို႔ ခႏၶာကိုယ္ ေအာက္ပိုင္း ေသသြားခဲ့တာကို မေက်နပ္လို႔ ေဒါသထြက္ေနတဲ့ ဆႏၵျပသူေတြက ညဘက္မွာ အၾကမ္းဖက္ ဆူပူဆႏၵျပေနခဲ့တာ ျဖစ္ပါတယ္။ အဲဒီ ဆူပူ ဆႏၵျပပြဲြေတြကို ရည္ညႊန္းၿပီး သမၼတ ထရမ့္က ဒီ ဆႏၵျပပြဲေတြဟာ ၿငိမ္းခ်မ္းစြာ ဆႏၵျပတာမ်ိဳး မဟုတ္ဘဲ ျပည္တြင္း အၾကမ္းဖက္မႈလို႔ ေျပာဆိုလိုက္တာ ျဖစ္ပါတယ္။

Wisconsin ျပည္နယ္က လာမယ့္ သမၼတ ေရြးေကာက္ပြဲမွာ ပါတီ ၂ ခု စလုံးက သမၼတေလာင္း ေတြအတြက္ အေရးႀကီးတဲ့ ျပည္နယ္ တစ္ခု ျဖစ္ပါတယ္။ ျပည္နယ္အတြင္းက ဒီမိုကရက္ ေခါင္းေဆာင္ေတြက သမၼတ ထရမ့္ဒီၿမိဳ႕ကိုလာရင္ တင္းမာမႈေတြ ပိုၿပီး ျမင့္တက္လာမွာကို စိုးရိမ္လို႔ မလာေရာက္ဖို႔ တိုက္တြန္းထားတဲ့ၾကားက သမၼတ ထရမ့္ သြားေရာက္ခဲ့တာ ျဖစ္ပါတယ္။

Wisconsin ျပည္နယ္ ခရီးမစတင္မီ သမၼတ ထရမ့္က ဆူပူမႈေတြကို တားဆီးဖို႔ အမ်ိဳးသား ျပည္ေစာင့္တပ္ေတြ ေစလႊတ္ခဲ့တာကို အသားယူ ေျပာဆိုခဲ့သလို Kenosha ၿမိဳ႕ကို ေရာက္တဲ့အခါ ဥပေဒ စိုးမိုးေရး အဖြဲ႕ေတြနဲ႔ အမ်ိဳးသား ျပည္ေစာင့္ တပ္ဖြဲ႕ေတြကို ႏႈတ္ဆက္စကား ေျပာၾကားမယ္လို႔ ေျပာထားခဲ့ပါတယ္။ ဒါေပမဲ့ ေသနတ္နဲ႔ပစ္ခတ္ခံခဲ့ရတဲ့ လူမည္း အမ်ိဳးသား Jacob Blake ရဲ့ မိသားစု ဝင္ေတြနဲ႔ ေတြ႕ဆုံ စကားေျပာမေျပာ သူမသိေသးဘူးလို႔လည္း ေျပာပါတယ္။

တနလၤာေန႔တုန္းကေတာ့ Blake ရဲ့ မိသားစုဝင္ေတြကို ေတြ႕မွာ မဟုတ္ဘူးလို႔ ေျပာထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


............

ဆူပူမှုတွေဖြစ်ပွားခဲ့တဲ့ Kenosha မြို့ကို သမ္မတ Trump သွား

(Unicode)

ပြီးခဲ့တဲ့ အပတ်ထဲ ဆန္ဒပြပွဲတွေနဲ့ အကြမ်းဖက် ဆူပူမှုတွေ ဖြစ်ပွားခဲ့တဲ့ Wisconsin ပြည်နယ်က Kenosha မြို့ကို သမ္မတ ဒေါ်နယ် ထရမ့်က အင်္ဂါနေ့က သွားရောက်ခဲ့ပြီး အဲဒီ မြို့ထဲက ဆူပူမှုတွေဟာ အကြမ်းဖက် လူအုပ်တွေ ကျူးလွန်ခဲ့တဲ့ ပြည်တွင်း အကြမ်း ဖက်မှု ဖြစ်တယ်လို့ ပြောပါတယ်။

Kenosha မြို့က လူဖြူ ရဲတပ်ဖွဲ့ဝင်တစ်ဦးက လူမည်း အမျိုးသား တစ်ဦးနောက်ကျောကို သေနတ်နဲ့ ၇ ချက် ဆင့်ပစ်လို့ ခန္ဓာကိုယ် အောက်ပိုင်း သေသွားခဲ့တာကို မကျေနပ်လို့ ဒေါသထွက်နေတဲ့ ဆန္ဒပြသူတွေက ညဘက်မှာ အကြမ်းဖက် ဆူပူဆန္ဒပြနေခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ဆူပူ ဆန္ဒပြပွဲတွေကို ရည်ညွှန်းပြီး သမ္မတ ထရမ့်က ဒီ ဆန္ဒပြပွဲတွေဟာ ငြိမ်းချမ်းစွာ ဆန္ဒပြတာမျိုး မဟုတ်ဘဲ ပြည်တွင်း အကြမ်းဖက်မှုလို့ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

Wisconsin ပြည်နယ်က လာမယ့် သမ္မတ ရွေးကောက်ပွဲမှာ ပါတီ ၂ ခု စလုံးက သမ္မတလောင်း တွေအတွက် အရေးကြီးတဲ့ ပြည်နယ် တစ်ခု ဖြစ်ပါတယ်။ ပြည်နယ်အတွင်းက ဒီမိုကရက် ခေါင်းဆောင်တွေက သမ္မတ ထရမ့်ဒီမြို့ကိုလာရင် တင်းမာမှုတွေ ပိုပြီး မြင့်တက်လာမှာကို စိုးရိမ်လို့ မလာရောက်ဖို့ တိုက်တွန်းထားတဲ့ကြားက သမ္မတ ထရမ့် သွားရောက်ခဲ့တာ ဖြစ်ပါတယ်။

Wisconsin ပြည်နယ် ခရီးမစတင်မီ သမ္မတ ထရမ့်က ဆူပူမှုတွေကို တားဆီးဖို့ အမျိုးသား ပြည်စောင့်တပ်တွေ စေလွှတ်ခဲ့တာကို အသားယူ ပြောဆိုခဲ့သလို Kenosha မြို့ကို ရောက်တဲ့အခါ ဥပဒေ စိုးမိုးရေး အဖွဲ့တွေနဲ့ အမျိုးသား ပြည်စောင့် တပ်ဖွဲ့တွေကို နှုတ်ဆက်စကား ပြောကြားမယ်လို့ ပြောထားခဲ့ပါတယ်။ ဒါပေမဲ့ သေနတ်နဲ့ပစ်ခတ်ခံခဲ့ရတဲ့ လူမည်း အမျိုးသား Jacob Blake ရဲ့ မိသားစု ဝင်တွေနဲ့ တွေ့ဆုံ စကားပြောမပြော သူမသိသေးဘူးလို့လည်း ပြောပါတယ်။

တနင်္လာနေ့တုန်းကတော့ Blake ရဲ့ မိသားစုဝင်တွေကို တွေ့မှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG