သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိႏၵိယႏိုင္ငံတြင္း ကိုဗစ္ေၾကာင့္တရက္အတြင္းေသဆံုးသူ တေထာင္ေက်ာ္


အိႏိၵယႏိုင္ငံ Ahmedabad ၿမိဳ႕မွာ COVID 19 ရွိ၊ မရွိ စစ္ေဆးေပးေနတဲ့ က်န္းမာေရး၀န္ထမ္းတဦး။ (စက္တင္ဘာ ၀၆၊ ၂၀၂၀)

[Zawgyi/Unicode]

ကို႐ိုနာဗိုင္းရပ္စ္ကူးခံထားရသူ ၄.၃သန္း ၀န္းက်င္ရွိလာတဲ့ အိႏိၵယႏုိင္ငံမွာ COVID-19 ေၾကာင့္ ဒီကေန႔ တရက္ထဲေသဆုံးသူ ၁,၁၃၃ ရွိၿပီး တရက္ထဲ စံခ်ိန္တင္အမ်ားဆုံး ေရာက္ရွိလာတာပါ။

အိႏၵိယမွာ COVID-19 ေၾကာင့္ ေသဆုံးသူ စုစုေပါင္းက ၇၂,၀၀၀ ေက်ာ္ပါတယ္။ အေမရိကန္ၿပီးရင္ ပိုးကူးခံရသူ ကမၻာမွာ ဒုတိယအမ်ားဆုံးရွိတဲ့ အိႏၵိယမွာ ဒီကေန႔ပိုးကူးခံရသူအသစ္ကလည္း ၇၅,၀၀၀ ေက်ာ္ပါတယ္။ ကပ္ေရာဂါေၾကာင့္ အေတာ္ေလးထိခိုက္နစ္နာေနတဲ့ ႏုိင္ငံစီးပါြးေရး ျပန္ဦးေမာ့လာေအာင္ တႏိုင္ငံလုံးက ကပ္ေရာဂါ ကန္႔သတ္ခ်က္ေတြေျဖေလ ွ်ာ့ေပးလိုက္တဲ့အခ်ိန္မွာ ပိုးကူးစက္မႈဆက္တုိက္ တရွိန္ထိုးျမင့္တက္လာတာျဖစ္ပါတယ္။

အိႏၵိယမွာ ေန႔စဥ္ပိုးကူးခံရသူက ကမၻာမွာ အမ်ားဆုံးရွိေနတာ တလေက်ာ္ပါၿပီ။ အာရွႏုိင္ငံေတြထဲမွာဆိုရင္ေတာ့ အင္ဒိုနီးရွားမွာ ဒီကေန႔ပိုးကူးခံရသူ ၃,၀၄၆ ဦးရွိတ့ဲအတြက္ ပိုးကူးခံရသူစုစုေပါင္း ၂၀၀,၀၀၀ ေက်ာ္သြားၿပီလို႔တာ၀န္ရွိသူေတြကေျပာပါတယ္။ ေသဆုံးသူကေတာ့ ၈,၂၀၀ ေက်ာ္ပါတယ္။

ေတာင္ကိုရီးယားမွာ ၃ ပတ္အတြင္း ပိုးကူးခံရသူ အနည္းဆုံးက်ဆင္းလာသလို ၾသစေၾတးလ်ႏုိင္ငံ ဗစ္တိုးရီးယားျပည္နယ္မွာလည္း ၂ လခြဲေက်ာ္ကာလ အတြင္းပိုးကူးခံရသူ အနည္းဆုံး ေရာက္လာပါတယ္။ ဥေရာပနုိင္ငံေတြထဲမွာေတာ့ စပိန္ႏုိင္ငံမွာေတာ့ ပိုးကူးခံရသူ ၅၀၀,၀၀၀ ေက်ာ္နဲ႔ တနလၤာေန႔မွာပဲ ဥေရာပက ပိုးကူးခံရသူ အမ်ားဆုံးရွိတဲ့ႏုိင္ငံျဖစ္လာပါတယ္။

ပိုးကူးစက္မႈ ျမင့္တက္လာတဲ့အတြက္ ေဆး႐ုံတက္ကုသရတဲ့ လူနာအနည္းငယ္ျပန္တိုးလာတယ္လို႔လည္း စပိန္က်န္းမာေရး၀န္ႀကီးဌာနက ေျပာပါတယ္။ အေမရိကန္ John Hopkins တကၠသိုလ္စစ္တမ္းအရ အေမရိကန္မွာ ပိုးကူးခံရသူ ၆.၃ သန္းေက်ာ္၊ ေသဆုံးသူက ၂၀၀,၀၀၀ ၀န္းက်င္နဲ႔ ကူးစက္သူေရာ၊ ေသဆုံးသူပါ ကမၻာမွာ အမ်ားဆုံးပါ။ ပိုးကူးသူအေနနဲ႔ေျပာရရင္ အိႏၵိယေနာက္က ကမၻာ့တတိယေနရာမွာရွိတဲ့ ဘရာဇီးလ္္ႏုိင္ငံကေတာ့ ပိုးကူးသူ ၄.၁ သန္းေက်ာ္ရွိၿပီး ေသဆုံးသူအေနနဲ႔ဆိုရင္ေတာ့ ၁၂၆,၀၀၀ ေက်ာ္နဲ႔ကမၻာမွာ ဒုတိယအမ်ားဆုံးျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အိန္ဒိယနိုင်ငံတွင်း ကိုဗစ်ကြောင့်တရက်အတွင်းသေဆုံးသူ တထောင်ကျော်

ကိုရိုနာဗိုင်းရပ်စ်ကူးခံထားရသူ ၄.၃သန်း ဝန်းကျင်ရှိလာတဲ့ အိန္ဒိယနိုင်ငံမှာ COVID-19 ကြောင့် ဒီကနေ့ တရက်ထဲသေဆုံးသူ ၁,၁၃၃ ရှိပြီး တရက်ထဲ စံချိန်တင်အများဆုံး ရောက်ရှိလာတာပါ။

အိန္ဒိယမှာ COVID-19 ကြောင့် သေဆုံးသူ စုစုပေါင်းက ၇၂,၀၀၀ ကျော်ပါတယ်။ အမေရိကန်ပြီးရင် ပိုးကူးခံရသူ ကမ္ဘာမှာ ဒုတိယအများဆုံးရှိတဲ့ အိန္ဒိယမှာ ဒီကနေ့ပိုးကူးခံရသူအသစ်ကလည်း ၇၅,၀၀၀ ကျော်ပါတယ်။ ကပ်ရောဂါကြောင့် အတော်လေးထိခိုက်နစ်နာနေတဲ့ နိုင်ငံစီးပါွးရေး ပြန်ဦးမော့လာအောင် တနိုင်ငံလုံးက ကပ်ရောဂါ ကန့်သတ်ချက်တွေဖြေလေ ျှာ့ပေးလိုက်တဲ့အချိန်မှာ ပိုးကူးစက်မှုဆက်တိုက် တရှိန်ထိုးမြင့်တက်လာတာဖြစ်ပါတယ်။

အိန္ဒိယမှာ နေ့စဉ်ပိုးကူးခံရသူက ကမ္ဘာမှာ အများဆုံးရှိနေတာ တလကျော်ပါပြီ။ အာရှနိုင်ငံတွေထဲမှာဆိုရင်တော့ အင်ဒိုနီးရှားမှာ ဒီကနေ့ပိုးကူးခံရသူ ၃,၀၄၆ ဦးရှိတဲ့အတွက် ပိုးကူးခံရသူစုစုပေါင်း ၂၀၀,၀၀၀ ကျော်သွားပြီလို့တာဝန်ရှိသူတွေကပြောပါတယ်။ သေဆုံးသူကတော့ ၈,၂၀၀ ကျော်ပါတယ်။

တောင်ကိုရီးယားမှာ ၃ ပတ်အတွင်း ပိုးကူးခံရသူ အနည်းဆုံးကျဆင်းလာသလို သြစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ်မှာလည်း ၂ လခွဲကျော်ကာလ အတွင်းပိုးကူးခံရသူ အနည်းဆုံး ရောက်လာပါတယ်။ ဥရောပနိုင်ငံတွေထဲမှာတော့ စပိန်နိုင်ငံမှာတော့ ပိုးကူးခံရသူ ၅၀၀,၀၀၀ ကျော်နဲ့ တနင်္လာနေ့မှာပဲ ဥရောပက ပိုးကူးခံရသူ အများဆုံးရှိတဲ့နိုင်ငံဖြစ်လာပါတယ်။

ပိုးကူးစက်မှု မြင့်တက်လာတဲ့အတွက် ဆေးရုံတက်ကုသရတဲ့ လူနာအနည်းငယ်ပြန်တိုးလာတယ်လို့လည်း စပိန်ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ အမေရိကန် John Hopkins တက္ကသိုလ်စစ်တမ်းအရ အမေရိကန်မှာ ပိုးကူးခံရသူ ၆.၃ သန်းကျော်၊ သေဆုံးသူက ၂၀၀,၀၀၀ ဝန်းကျင်နဲ့ ကူးစက်သူရော၊ သေဆုံးသူပါ ကမ္ဘာမှာ အများဆုံးပါ။ ပိုးကူးသူအနေနဲ့ပြောရရင် အိန္ဒိယနောက်က ကမ္ဘာ့တတိယနေရာမှာရှိတဲ့ ဘရာဇီးလ်နိုင်ငံကတော့ ပိုးကူးသူ ၄.၁ သန်းကျော်ရှိပြီး သေဆုံးသူအနေနဲ့ဆိုရင်တော့ ၁၂၆,၀၀၀ ကျော်နဲ့ကမ္ဘာမှာ ဒုတိယအများဆုံးဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG