သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ပီ႐ူးမွာ တ႐ုတ္ ကိုဗစ္ကာကြယ္ေဆး တတိယဆင့္ စမ္းသပ္ေနၿပီ


"COVID ကာကြယ္ေဆး" လို႔ေရးထားတဲ့ ပုလင္းတခု။ (ဧၿပီ ၁၀၊ ၂၀၂၀)

[Zawgyi/Unicode]

COVID-19 ကာကြယ္ေဆး လူေတြနဲ႔ စမ္းသပ္ေနတဲ့ တတိယအဆင့္ကို လုပ္ေဆာင္ေနတဲ့ ကမာၻ႔ႏိုင္ငံေတြထဲ အခုအခါ ပီ႐ူးႏိုင္ငံလည္း ပါဝင္လာခဲ့ၿပီျဖစ္ပါတယ္။ တ႐ုတ္ ေဆးကုမၸဏီ Sinopharm က ဗုဒၶဟူးေန႔က ပီ႐ူးမွာ လူ ၂၀ ေက်ာ္ကို ကာကြယ္ ေဆး စတင္ စမ္းသပ္ထိုးေပးခဲ့တာျဖစ္ၿပီး ေနာက္ထပ္ အသက္ ၁၈ ႏွစ္ကေန ၇၅ ႏွစ္အတြင္းရွိတဲ့ လူ ၆,၀၀၀ ေလာက္နဲ႔ စမ္းသပ္သြားဖို႔ ရည္႐ြယ္ ထားပါတယ္။

ကာကြယ္ေဆး စမ္းသပ္ခံသူေတြကို ေဆး ၃ ႀကိမ္ထိုးေပးသြားမွာ ျဖစ္ၿပီး အဲဒီ မိမိဆႏၵအေလ်ာက္ စမ္းသပ္ခံသူ ၆,၀၀၀ အတြက္ ပထမအဆင့္ ထိုးေဆးကို မၾကာခင္စတင္ထိုးေပး ေတာ့မွာ ျဖစ္ပါတယ္။ သူတို႔ကို တ႐ုတ္ႏိုင္ငံ Wuhan ၿမိဳ႕မွာ စတင္ျဖစ္ပြါးခဲ့တဲ့ ကို႐ိုနာဗိုင္းရပ္စ္ပိုး မ်ိဳးဗီဇ ဒါမွမဟုတ္ Beijing မွာ ေတြ႕ခဲ့တဲ့ မ်ိဳးဗီဇကို အေျခခံထုတ္လုပ္ထားတဲ့ ကာကြယ္ေဆး ဒါမွမဟုတ္ရင္ ဆားရည္သက္သက္ ေဆးအတုကို ထိုးေပးၿပီး စမ္းသပ္ေစာင့္ၾကည့္သြားမွာ ျဖစ္ပါတယ္။

ပီ႐ူး အစိုးရဟာ ကာကြယ္ေဆး ဝယ္ယူေရးအတြက္ ကာကြယ္ေဆး စမ္းသပ္ေနတဲ့ ကုမၸဏီ ၆ ခုနဲ႔ ေဆြးေႏြးေနတယ္လို႔လည္း AP သတင္းဌာနက ေျပာပါတယ္။

ပီ႐ူးႏိုင္ငံဟာ လက္တင္ အေမရိကေဒသမွာ ကို႐ိုနာဗိုင္းရပ္စ္ ဒဏ္အဆိုး႐ြားဆုံး ခံရတဲ့ ႏိုင္ငံတစ္ႏိုင္ငံ ျဖစ္ၿပီး ကူးစက္မႈေပါင္း ၇၀၀,၀၀၀ သိန္းနီးပါးနဲ႔ ေသဆုံးသူ ၃၀,၀၀၀ ေက်ာ္ရွိပါတယ္။

အခုအခ်ိန္အထိ တ႐ုတ္ ကုမၸဏီ Sinopharm က ကမာၻတစ္ဝန္း လူေပါင္း ၃၀,၀၀၀ ကို ပထမအဆင့္ စမ္းသပ္ ကာကြယ္ေဆးထိုး ေပးထားၿပီးျဖစ္သလိုေနာက္ထပ္ လူေပါင္း ၁၀,၀၀၀ ကိုလည္း ဒုတိယအဆင့္ စမ္းသပ္ကာကြယ္ေဆးထိုးေပးထားၿပီး ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ပီရူးမှာ တရုတ် ကိုဗစ်ကာကွယ်ဆေး တတိယဆင့် စမ်းသပ်နေပြီ

COVID-19 ကာကွယ်ဆေး လူတွေနဲ့ စမ်းသပ်နေတဲ့ တတိယအဆင့်ကို လုပ်ဆောင်နေတဲ့ ကမ္ဘာ့နိုင်ငံတွေထဲ အခုအခါ ပီရူးနိုင်ငံလည်း ပါဝင်လာခဲ့ပြီဖြစ်ပါတယ်။ တရုတ် ဆေးကုမ္ပဏီ Sinopharm က ဗုဒ္ဓဟူးနေ့က ပီရူးမှာ လူ ၂၀ ကျော်ကို ကာကွယ် ဆေး စတင် စမ်းသပ်ထိုးပေးခဲ့တာဖြစ်ပြီး နောက်ထပ် အသက် ၁၈ နှစ်ကနေ ၇၅ နှစ်အတွင်းရှိတဲ့ လူ ၆,၀၀၀ လောက်နဲ့ စမ်းသပ်သွားဖို့ ရည်ရွယ် ထားပါတယ်။

ကာကွယ်ဆေး စမ်းသပ်ခံသူတွေကို ဆေး ၃ ကြိမ်ထိုးပေးသွားမှာ ဖြစ်ပြီး အဲဒီ မိမိဆန္ဒအလျောက် စမ်းသပ်ခံသူ ၆,၀၀၀ အတွက် ပထမအဆင့် ထိုးဆေးကို မကြာခင်စတင်ထိုးပေး တော့မှာ ဖြစ်ပါတယ်။ သူတို့ကို တရုတ်နိုင်ငံ Wuhan မြို့မှာ စတင်ဖြစ်ပွါးခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုး မျိုးဗီဇ ဒါမှမဟုတ် Beijing မှာ တွေ့ခဲ့တဲ့ မျိုးဗီဇကို အခြေခံထုတ်လုပ်ထားတဲ့ ကာကွယ်ဆေး ဒါမှမဟုတ်ရင် ဆားရည်သက်သက် ဆေးအတုကို ထိုးပေးပြီး စမ်းသပ်စောင့်ကြည့်သွားမှာ ဖြစ်ပါတယ်။

ပီရူး အစိုးရဟာ ကာကွယ်ဆေး ဝယ်ယူရေးအတွက် ကာကွယ်ဆေး စမ်းသပ်နေတဲ့ ကုမ္ပဏီ ၆ ခုနဲ့ ဆွေးနွေးနေတယ်လို့လည်း AP သတင်းဌာနက ပြောပါတယ်။

ပီရူးနိုင်ငံဟာ လက်တင် အမေရိကဒေသမှာ ကိုရိုနာဗိုင်းရပ်စ် ဒဏ်အဆိုးရွားဆုံး ခံရတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပြီး ကူးစက်မှုပေါင်း ၇၀၀,၀၀၀ သိန်းနီးပါးနဲ့ သေဆုံးသူ ၃၀,၀၀၀ ကျော်ရှိပါတယ်။

အခုအချိန်အထိ တရုတ် ကုမ္ပဏီ Sinopharm က ကမ္ဘာတစ်ဝန်း လူပေါင်း ၃၀,၀၀၀ ကို ပထမအဆင့် စမ်းသပ် ကာကွယ်ဆေးထိုး ပေးထားပြီးဖြစ်သလိုနောက်ထပ် လူပေါင်း ၁၀,၀၀၀ ကိုလည်း ဒုတိယအဆင့် စမ်းသပ်ကာကွယ်ဆေးထိုးပေးထားပြီး ဖြစ်ပါတယ်။

XS
SM
MD
LG