သုံးရလွယ်ကူစေသည့် Link များ

ကိုဗစ်ကာကွယ်ဆေး သီတင်းပတ်တွေအတွင်း ရရှိမည် - ကန်သမ္မတ


အမေရိကန် သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်။
အမေရိကန် သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်။

[Zawgyi/Unicode]

အမေရိကန်ပြည်ထောင်စုမှာ COVID-19 ကာကွယ်ဆေးရဖို့ အစားအစာနဲ့ ဆေးဝါးကွပ်ကွဲရေးဌာန (FDA) နဲ့ တခြား သက်ဆိုင်ရာဌာနတွေရဲ့ အတည်ပြုချက်တွေကို မြန်မြန်ရယူနိုင်တာကြောင့် သိပ်မကြာခင်မှာ ကာကွယ်ဆေးတခုခု ရလာတော့မယ်လို့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က အင်္ဂါနေ့မှာပြောပါတယ်။

"သီတင်းပတ်တွေအတွင်းမှာပဲ ကာကွယ်ဆေး ရလာပါတော့မယ်။ သုံး လေးပတ်အတွင်း ဖြစ်နိုင်ပါတယ်။ Johnson & Johnson လို၊ Pfizer လို တကယ့် ထိပ်တန်းကုမ္ပဏီကြီးတွေ လုပ်ကိုင်နေကြတာမှာ သိပ်ကို နီးစပ်နေပါပြီ။" လို့ ဖီလာဒဲလ်ဖီးယားမြို့မှာ ABC သတင်းဌာနက ကမကထပြု စီစဉ်တဲ့ ဆွေးနွေးပွဲတခုအတွင်း သမ္မတထရမ့်ပ်က ပြောသွားတာပါ။

အမေရိကန်သမ္မတ ရွေးကောက်ပွဲက နိုဝင်ဘာလ ၃ ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး အဲဒီနေ့မတိုင်ခင်မှာ ကာကွယ်ဆေးဖြန့်ဖြူးနိုင်မယ်လို့ သမ္မတထရမ့်ပ်က ဆိုတာပါ။

ကိုဗစ်ကာကွယ်ဆေးတခု ဒီလောက်မြန်မြန် ရလာနိုင်ခြေအပေါ် အမေရိကန် လူထုကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတချို့က သတိပြုပြောဆိုတာတွေ ရှိထားတဲ့ကြားမှာပဲ သမ္မတထရမ့်ပ်က အဲဒီလိုပြောသွားတာပါ။

ဆွေးနွေးပွဲကို တက်ရောက်လာတဲ့ထဲက ဘယ် သမ္မတကိုယ်စားလှယ်လောင်းကို မဲပေးရမယ်ဆိုတာ မဆုံးဖြတ်ရသေးတဲ့ မဲဆန္ဒရှင်တွေနဲ့ ABC သတင်းဌာနက အစီအစဉ်တင်ဆက်သူ George Stephanopoluos တို့ရဲ့ ခက်ခဲတဲ့မေးခွန်းတွေကိုလည်း သမ္မတထရမ့်ပ်က ပြင်းပြင်းထန်ထန်ပဲ ပြန်တုံ့ပြန်ပါတယ်။

တရုတ်နဲ့ ဥရောပနိုင်ငံတွေအပေါ် ပြည်ဝင်ခွင့် ပိတ်ပင်ကန့်သတ်ခဲ့တာကြောင့် လူဦးရေ သန်းပေါင်းများစွာ မဟုတ်ဘူးဆိုရင်တောင် ထောင်ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့တယ်လို့ သမ္မတထရမ့်ပ်က ဆိုပါတယ်။

ကပ်ရောဂါကျရောက်တဲ့ အစောပိုင်းကာလတွေတုန်းက သူပြောခဲ့ဖူးတဲ့ ဒီဗိုင်းရပ်စ်ပိုးဟာ သူ့ဘာ့သာ ပျောက်ကွယ်သွားပါလိမ့်မယ်ဆိုတဲ့ စကားကိုလည်း သမ္မ္မတထရမ့်ပ်က ထပ်ပြောခဲ့ပါသေးတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]









XS
SM
MD
LG