သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကမၻာ့စီးပြားေရး တုိးတက္ က်ဆင္းမႈ ကုိဗစ္အေျခအေနေပၚ မူတည္မည္


(Zawgyi/Unicode)

ကပ္ေရာဂါ ကာလထဲ ကမၻာ့ စီးပြားေရး အေျခအေနက ထင္ထားတာထက္ ပိုၿပီး ေကာင္းမြန္ေနေပမယ့္ ဗိုင္းရပ္စ္ ကူးစက္မႈ အသစ္ ျဖစ္ပြားမႈ ရွိ-မရွိ အေပၚ မူတည္ေနေသးတယ္လို႔ နိုင္ငံတကာ စီးပြားေရး ေစာင့္ၾကည့္ေလ့လာေရး အဖြဲ႕တစ္ခုက ဗုဒၶဟူးေန႔က ေျပာပါတယ္။

အေနာက္နိုင္ငံ ၃၇ နိုင္ငံ ပါဝင္တဲ့ ပါရီၿမိဳ႕ အေျခစိုက္ စီးပြားေရး ပူးေပါင္းေဆာင္ရြက္ေရးနဲ႔ ဖြံ့ၿဖိဳး တိုးတက္ေရးအဖြဲ႕ (OECD) က ကမၻာ့ စီးပြားေရး ၄.၅ ရာခိုင္ႏႈန္း က်ဆင္းမယ္လို႔ တြက္ခ်က္ခန္႔မွန္းခဲ့တာေၾကာင့္ ဇြန္လအတြင္းက ခန္႔မွန္းခ်က္ ၆ ရာခိုင္ႏႈန္း ထက္ ပိုၿပီး ခံသာတဲ့ ခန္႔မွန္းခ်က္တစ္ရပ္ ျဖစ္လာခဲ့ပါတယ္။

ေရွ႕ႏွစ္ထဲမွာေတာ့ ကမၻာ့စီးပြားေရး ၅ ရာခိုင္ႏႈန္းအထိ တိုးတက္မယ္လို႔လည္း OECD အဖြဲ႕က ခန္႔မွန္းထားေပမဲ့ ကိုရိုနာ ဗိုင္းရပ္စ္ကို အခု အထိ မထိန္းခ်ဳပ္နိုင္ေသးတာေၾကာင့္ အဲဒီ တိုးတက္မႈက ဗိုင္းရပ္စ္ ကူးစက္မႈ အသစ္ ျဖစ္ပြားမႈ ရွိ-မရွိအေပၚ မူတည္လိမ့္မယ္လို႔လည္း ေျပာပါတယ္။

တိုးတက္မႈ အရွိန္က တန္႔ေနၿပီး ကမၻာ့စီးပြားေရးအေပၚ ယုံၾကည္မႈကလည္း အားနည္းေနေသးတယ္လို႔ OECD အဖြဲ႕ရဲ့ စီးပြားေရး ပညာရွင္အဖြဲ႕ေခါင္းေဆာင္ Laurence Boone က ေျပာပါတယ္။

ကမၻာ့ေဒသအခ်ိဳ႕မွာ ဗိုင္းရပ္စ္ ကူးစက္မႈ ဆက္ရွိေနၿပီး ကာကြယ္ေဆးကိုလည္း ေနာက္ႏွစ္ကုန္ ေလာက္အထိ က်ယ္က်ယ္ ျပန္ျပန္႔ မသုံးစြဲနိုင္ေသးတဲ့ အေနအထားအေပၚမွာ အေျခခံၿပီး ၂၀၂၁ ခုႏွစ္အတြက္ ခန္႔မွန္းခ်က္က တြက္ခ်က္ထားတာ ျဖစ္ပါတယ္။

အေမရိကန္ျပည္ေထာင္စုရဲ့ စီးပြားေရးကလည္း ဒီႏွစ္ထဲ ခန္႔မွန္းထားတာထက္ ပိုေကာင္းမယ္လို႔ OECD အဖြဲ႕က ေျပာပါတယ္။ ကနဦး က အေမရိကန္ စီးပြားေရး ၇.၃ ရာခိုင္ႏႈန္း က်ဆင္းမယ္လို႔ ခန္႔မွန္းထားေပမဲ့ OECD ကေတာ့ ၃.၈ ရာခိုင္ႏႈန္းသာ က်ဆင္းမယ္လို႔ ခန္႔မွန္းလိုက္ပါတယ္။

ဒါေပမဲ့ ဒီခန္႔မွန္းခ်က္ဟာလည္း အေမရိကန္ သမၼတနဲ႔ လႊတ္ေတာ္အၾကား ေဒၚလာ ၁.၅ ဘီလီံယံ သုံးစြဲမယ့္ ကိုရိုနာဗိုင္းရပ္စ္ဆိုင္ရာ စီးပြားေရး အကူအညီေပးေရး အစီအစဥ္ သေဘာတူညီခ်က္ ရ-မရအေပၚမွာ မူတည္ေနတယ္လို႔ စီးပြားေရး ပညာရွင္ Boone က ေျပာပါတယ္။

ကမၻာ့ စီးပြားေရး အႀကီးဆုံး နိုင္ငံ ၂၀ အၾကား ဒုတိယ အင္အားအႀကီးမားဆုံး ျဖစ္တဲ့ တ႐ုတ္ တစ္နိုင္ငံတည္းသာ စီးပြားေရး တိုးတက္ဖို႔ ရွိၿပီး ဒီႏွစ္ထဲ ၁.၈ ရာခိုင္ႏႈန္း တိုးတက္မယ္လို႔ OECD ခန္႔မွန္းထားပါတယ္။ ဒါေပမဲ့ စီးပြားေရး ထြန္းသစ္စ နိုင္ငံေတြ ျဖစ္တဲ့ အိႏၵိယ၊ မကၠဆီကိုနဲ႔ ေတာင္အာဖရိက နိုင္ငံေတြရဲ့ စီးပြားေရး တိုးတက္မႈႏႈန္းကိုေတာ့ OECD က ေလၽွာ့ခ် ခန္႔မွန္းထားပါတယ္။

နိုင္ငံ့ စီးပြားေရးအေပၚ ယုံၾကည္မႈ ဆက္လက္ရွိေနေစဖို႔ အစိုးရေတြအေနနဲ႔ အခြန္တိုး မေကာက္ခံဖို႔နဲ႔ အသုံးစရိတ္ေတြကို မျဖတ္ေတာက္ဖို႔ OECD အဖြဲ႕က အႀကံျပဳထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

ကမ္ဘာ့စီးပွားရေး တိုးတက် ကျဆင်းမှု ကိုဗစ်အခြေအနေပေါ် မူတည်မည်

(Unicode)

ကပ်ရောဂါ ကာလထဲ ကမ္ဘာ့ စီးပွားရေး အခြေအနေက ထင်ထားတာထက် ပိုပြီး ကောင်းမွန်နေပေမယ့် ဗိုင်းရပ်စ် ကူးစက်မှု အသစ် ဖြစ်ပွားမှု ရှိ-မရှိ အပေါ် မူတည်နေသေးတယ်လို့ နိုင်ငံတကာ စီးပွားရေး စောင့်ကြည့်လေ့လာရေး အဖွဲ့တစ်ခုက ဗုဒ္ဓဟူးနေ့က ပြောပါတယ်။

အနောက်နိုင်ငံ ၃၇ နိုင်ငံ ပါဝင်တဲ့ ပါရီမြို့ အခြေစိုက် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့ (OECD) က ကမ္ဘာ့ စီးပွားရေး ၄.၅ ရာခိုင်နှုန်း ကျဆင်းမယ်လို့ တွက်ချက်ခန့်မှန်းခဲ့တာကြောင့် ဇွန်လအတွင်းက ခန့်မှန်းချက် ၆ ရာခိုင်နှုန်း ထက် ပိုပြီး ခံသာတဲ့ ခန့်မှန်းချက်တစ်ရပ် ဖြစ်လာခဲ့ပါတယ်။

ရှေ့နှစ်ထဲမှာတော့ ကမ္ဘာ့စီးပွားရေး ၅ ရာခိုင်နှုန်းအထိ တိုးတက်မယ်လို့လည်း OECD အဖွဲ့က ခန့်မှန်းထားပေမဲ့ ကိုရိုနာ ဗိုင်းရပ်စ်ကို အခု အထိ မထိန်းချုပ်နိုင်သေးတာကြောင့် အဲဒီ တိုးတက်မှုက ဗိုင်းရပ်စ် ကူးစက်မှု အသစ် ဖြစ်ပွားမှု ရှိ-မရှိအပေါ် မူတည်လိမ့်မယ်လို့လည်း ပြောပါတယ်။

တိုးတက်မှု အရှိန်က တန့်နေပြီး ကမ္ဘာ့စီးပွားရေးအပေါ် ယုံကြည်မှုကလည်း အားနည်းနေသေးတယ်လို့ OECD အဖွဲ့ရဲ့ စီးပွားရေး ပညာရှင်အဖွဲ့ခေါင်းဆောင် Laurence Boone က ပြောပါတယ်။

ကမ္ဘာ့ဒေသအချို့မှာ ဗိုင်းရပ်စ် ကူးစက်မှု ဆက်ရှိနေပြီး ကာကွယ်ဆေးကိုလည်း နောက်နှစ်ကုန် လောက်အထိ ကျယ်ကျယ် ပြန်ပြန့် မသုံးစွဲနိုင်သေးတဲ့ အနေအထားအပေါ်မှာ အခြေခံပြီး ၂၀၂၁ ခုနှစ်အတွက် ခန့်မှန်းချက်က တွက်ချက်ထားတာ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေးကလည်း ဒီနှစ်ထဲ ခန့်မှန်းထားတာထက် ပိုကောင်းမယ်လို့ OECD အဖွဲ့က ပြောပါတယ်။ ကနဦး က အမေရိကန် စီးပွားရေး ၇.၃ ရာခိုင်နှုန်း ကျဆင်းမယ်လို့ ခန့်မှန်းထားပေမဲ့ OECD ကတော့ ၃.၈ ရာခိုင်နှုန်းသာ ကျဆင်းမယ်လို့ ခန့်မှန်းလိုက်ပါတယ်။

ဒါပေမဲ့ ဒီခန့်မှန်းချက်ဟာလည်း အမေရိကန် သမ္မတနဲ့ လွှတ်တော်အကြား ဒေါ်လာ ၁.၅ ဘီလီံယံ သုံးစွဲမယ့် ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ စီးပွားရေး အကူအညီပေးရေး အစီအစဉ် သဘောတူညီချက် ရ-မရအပေါ်မှာ မူတည်နေတယ်လို့ စီးပွားရေး ပညာရှင် Boone က ပြောပါတယ်။

ကမ္ဘာ့ စီးပွားရေး အကြီးဆုံး နိုင်ငံ ၂၀ အကြား ဒုတိယ အင်အားအကြီးမားဆုံး ဖြစ်တဲ့ တရုတ် တစ်နိုင်ငံတည်းသာ စီးပွားရေး တိုးတက်ဖို့ ရှိပြီး ဒီနှစ်ထဲ ၁.၈ ရာခိုင်နှုန်း တိုးတက်မယ်လို့ OECD ခန့်မှန်းထားပါတယ်။ ဒါပေမဲ့ စီးပွားရေး ထွန်းသစ်စ နိုင်ငံတွေ ဖြစ်တဲ့ အိန္ဒိယ၊ မက္ကဆီကိုနဲ့ တောင်အာဖရိက နိုင်ငံတွေရဲ့ စီးပွားရေး တိုးတက်မှုနှုန်းကိုတော့ OECD က လျှော့ချ ခန့်မှန်းထားပါတယ်။

နိုင်ငံ့ စီးပွားရေးအပေါ် ယုံကြည်မှု ဆက်လက်ရှိနေစေဖို့ အစိုးရတွေအနေနဲ့ အခွန်တိုး မကောက်ခံဖို့နဲ့ အသုံးစရိတ်တွေကို မဖြတ်တောက်ဖို့ OECD အဖွဲ့က အကြံပြုထားပါတယ်။

XS
SM
MD
LG