သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း



မွမ်ဘိုင်းမြို့က ရပ်ကွက်တခုမှာ နေထိုင်သူတွေကို ကိုယ်အပူချိန် တိုင်းတာပေးနေတဲ့ မြင်ကွင်း။ (စက်တင်ဘာ ၄၊ ၂၀၂၀)

(Zawgyi / Unicode)







တိုက်ရိုက် လင့်ခ်

-------------------------

(Unicode)

ကိုဗစ်ကူးစက်မှုများလာတဲ့ အိန္ဒိယမှာ အသက်ရှူစက် မလုံလောက်မှုနဲ့ ကြုံနေရ

အိန္ဒိယနိုင်ငံမှာ စနေနေ့က ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ နောက်ထပ် တသိန်းနီးပါး ဒုတိယနေ့အဖြစ် ထပ်တွေ့ခဲ့ပြီး ရောဂါကူးစက်မှု အခြေနေ သိပ်ဆိုးဝါးတဲ့ ဒေသတွေမှာတော့ အသက်ရှူစက်တွေ မလုံလောက်ဘဲ ဖြစ်လာနေပါတယ်။

အိန္ဒိယမှာ စနေနေ့အထိဆို ကူးစက်ခံရသူ ၄ သန်းခွဲကျော်ရှိနေပြီး ကမ္ဘာမှာ ကူးစက်မှု ၆ သန်းခွဲနီးပါး ရှိနေတဲ့ အမေရိကန်ပြီးရင် ဒုတိယအများဆုံး ဖြစ်လာနေပါတယ်။

COVID-19 ကြောင့် သေဆုံးရသူက အိန္ဒိယမှာ ၈၀,၀၀၀ နီးပါး ဖြစ်လာနေပြီး ကမ္ဘာမှာ တတိယအများဆုံး သေဆုံးမှုနဲ့ ရင်ဆိုင်နေရတာပါ။

အနောက်ပိုင်းက Maharashtra ပြည်နယ်ဟာ အခြေနေအဆိုးဆုံးဖြစ်ပြီး သောကြာနေ့ကတော့ အဲဒီမှာ ကူးစက်ခံရသူ တသန်း ဖြစ်လာခဲ့ပါတယ်။

ပြည်နယ် တချို့ဒေသတွေမှာ အသက်ရှူစက်ရဖို့ အခက်အခဲတွေ ကြုံနေရပြီး သူ့ဒေသမှာတော့ အဆိုးဆုံးလို့ မွမ်ဘိုင်းမှာရှိတဲ့ Niramaya ဆေးရုံ တာဝန်ရှိသူတဦးက ပြောပါတယ်။

အိန္ဒိယနိုင်ငံရဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဒဏ် ခံရတဲ့ အခြေနေဟာ သီတင်းတပတ်ထက်တပတ် ပိုပိုပြီး ဆိုးလာနေတယ်လို့ အိန္ဒိယနိုင်ငံရဲ့ ရောဂါဖြစ်ပွါးမှု အခြေနေကို စောင့်ကြည့် လေ့လာနေတဲ့ Michigan တက္ကသိုလ်က ပါမောက္ခက ပြောပါတယ်။

၂၀၂၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲ ပြည်နယ်အသီးသီးအလိုက်ရလဒ်များ

XS
SM
MD
LG