သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိႏိၵယမွာ ကိုဗစ္ကူးစက္သူ ၄ သန္းေက်ာ္သြားၿပီ


မြမ္ဘုိင္းၿမိဳ႕က ရပ္ကြက္တခုမွာ ေနထုိင္သူေတြကို ကိုယ္အပူခ်ိန္ တုိင္းတာေပးေနတဲ့ ျမင္ကြင္း။ (စက္တင္ဘာ ၄၊ ၂၀၂၀)

(Zawgyi / Unicode)

ျမန္မာ့အိမ္နီးခ်င္းႏုိင္ငံျဖစ္ၿပီး ကမာၻမွာ ဒုတိယ လူဦးေရအမ်ားဆံုးျဖစ္တဲ့ အိႏိၵယႏိုင္ငံမွာ ကိုဗစ္ေရာဂါ ကူးစက္သူ အေရအတြက္ဟာ ဒီကေန႔ဆိုရင္ ၄ သန္းေက်ာ္သြားပါၿပီ။

ဒါေၾကာင့္လည္း အေမရိကန္ၿပီးရင္ ကမာၻမွာ ေရာဂါပိုးကူးစက္မႈ ဒုတိယအမ်ားဆံုးျဖစ္တဲ့ ဘရာဇီးလ္ႏုိင္ငံနားကို ကပ္ေနၿပီျဖစ္ပါတယ္။

ေသဆံုုးသူအေရအတြက္က ဒီကေန႔မွာ ၁,၀၈၉ ဦးရွိၿပီး စုစုေပါင္း ၆၉,၅၆၁ ဦး ေသဆံုးရၿပီးပါၿပီ။

အခုဆုိရင္ အိႏိၵယႏုိင္ငံရဲ႕ ျပည္နယ္အားလံုးနီးပါး ကိုဗစ္ေရာဂါ ကူးစက္ပ်ံ႕ႏွံ႔ေနၿပီ ျဖစ္ပါတယ္။

ဗိုင္းရပ္စ္ကိုထိန္းခ်ဳပ္ဖို႔ အကန္႔အသတ္ေတြ ခ်မွတ္ခဲ့ရတာေၾကာင့္ စီးပြားေရး အထိနာလာတဲ့အတြက္ အခုအခါမွာ တာဝန္ရွိသူေတြက ျပန္ဖြင့္ေပးေနရပါၿပီ။

COVID-19 ေရာဂါ စတင္ကူးစက္ခဲ့တဲ့ တ႐ုတ္ႏုိင္ငံမွာေတာ့ ဒီကေန႔ ကူးစက္သူ ၁၀ ဦးရွိတဲ့အေၾကာင္း တ႐ုတ္အစိုးရက သတင္းထုတ္ျပန္ပါတယ္။ ဒါေပမယ့္ အခုကူးစက္သူ အားလံုးဟာ ျပည္ပကေန ကူးစက္လာၾကတာလို႔ ေျပာပါတယ္။

က်န္တဲ့ ျမန္မာ့အိမ္နီးခ်င္းႏုိင္ငံေတြထဲက ထိုင္းႏိုင္ငံမွာ ကိုဗစ္ကူးစက္မႈကို အေတာ္ေလး ထိန္းခ်ဳပ္ထားႏုိင္ၿပီျဖစ္ၿပီး ျမန္မာႏုိင္ငံမွာ ကိုဗစ္ဒုတိယလိႈင္း ကူးစက္မႈေတြ တိုးလာေနတာေၾကာင့္ ျမန္မာနဲ႔ကပ္ေနတဲ့ နယ္စပ္ေဒသေတြကေန ထိုင္းႏုိင္ငံထဲ ခိုးဝင္တာေတြ မရွိေစဖို႔ ထိုင္းအာဏာပိုင္ေတြက လံုၿခံဳေရး အထူးတင္းက်ပ္ တားျမစ္ေနပါတယ္။

တကမာၻလံုးမွာ ကိုဗစ္ကူးစက္မႈ အေရအတြက္ကို ေစာင့္ၾကည့္ မွတ္တမ္းတင္ေနတဲ့ အေမရိကန္ Johns Hopkins တကၠသိုလ္ရဲ႕ ကိန္းဂဏန္းေတြအရ ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ ကူးစက္သူစုစုေပါင္း ၃ သိန္းေက်ာ္နဲ႔ ေသဆံုးသူက ၄,၄၀၀ ေက်ာ္ ရွိထားပါတယ္။

အိႏိၵယမွာ ကိုဗစ္ကူးစက္သူ ၄ သန္းေက်ာ္သြားၿပီ
please wait

No media source currently available

0:00 0:01:12 0:00
တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

အိန္ဒိယမှာ ကိုဗစ်ကူးစက်သူ ၄ သန်းကျော်သွားပြီ


မြန်မာ့အိမ်နီးချင်းနိုင်ငံဖြစ်ပြီး ကမ္ဘာမှာ ဒုတိယ လူဦးရေအများဆုံးဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာ ကိုဗစ်ရောဂါ ကူးစက်သူ အရေအတွက်ဟာ ဒီကနေ့ဆိုရင် ၄ သန်းကျော်သွားပါပြီ။

ဒါကြောင့်လည်း အမေရိကန်ပြီးရင် ကမ္ဘာမှာ ရောဂါပိုးကူးစက်မှု ဒုတိယအများဆုံးဖြစ်တဲ့ ဘရာဇီးလ်နိုင်ငံနားကို ကပ်နေပြီဖြစ်ပါတယ်။

သေဆုံးသူအရေအတွက်က ဒီကနေ့မှာ ၁,၀၈၉ ဦးရှိပြီး စုစုပေါင်း ၆၉,၅၆၁ ဦး သေဆုံးရပြီးပါပြီ။
အခုဆိုရင် အိန္ဒိယနိုင်ငံရဲ့ ပြည်နယ်အားလုံးနီးပါး ကိုဗစ်ရောဂါ ကူးစက်ပျံ့နှံ့နေပြီ ဖြစ်ပါတယ်။

ဗိုင်းရပ်စ်ကိုထိန်းချုပ်ဖို့ အကန့်အသတ်တွေ ချမှတ်ခဲ့ရတာကြောင့် စီးပွားရေး အထိနာလာတဲ့အတွက် အခုအခါမှာ တာဝန်ရှိသူတွေက ပြန်ဖွင့်ပေးနေရပါပြီ။

COVID-19 ရောဂါ စတင်ကူးစက်ခဲ့တဲ့ တရုတ်နိုင်ငံမှာတော့ ဒီကနေ့ ကူးစက်သူ ၁၀ ဦးရှိတဲ့အကြောင်း တရုတ်အစိုးရက သတင်းထုတ်ပြန်ပါတယ်။ ဒါပေမယ့် အခုကူးစက်သူ အားလုံးဟာ ပြည်ပကနေ ကူးစက်လာကြတာလို့ ပြောပါတယ်။

ကျန်တဲ့ မြန်မာ့အိမ်နီးချင်းနိုင်ငံတွေထဲက ထိုင်းနိုင်ငံမှာ ကိုဗစ်ကူးစက်မှုကို အတော်လေး ထိန်းချုပ်ထားနိုင်ပြီဖြစ်ပြီး မြန်မာနိုင်ငံမှာ ကိုဗစ်ဒုတိယလှိုင်း ကူးစက်မှုတွေ တိုးလာနေတာကြောင့် မြန်မာနဲ့ကပ်နေတဲ့ နယ်စပ်ဒေသတွေကနေ ထိုင်းနိုင်ငံထဲ ခိုးဝင်တာတွေ မရှိစေဖို့ ထိုင်းအာဏာပိုင်တွေက လုံခြုံရေး အထူးတင်းကျပ် တားမြစ်နေပါတယ်။

တကမ္ဘာလုံးမှာ ကိုဗစ်ကူးစက်မှု အရေအတွက်ကို စောင့်ကြည့် မှတ်တမ်းတင်နေတဲ့ အမေရိကန် Johns Hopkins တက္ကသိုလ်ရဲ့ ကိန်းဂဏန်းတွေအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကူးစက်သူစုစုပေါင်း ၃ သိန်းကျော်နဲ့ သေဆုံးသူက ၄,၄၀၀ ကျော် ရှိထားပါတယ်။

XS
SM
MD
LG