(Zawgyi/Unicode)
ျမန္မာႏုိင္ငံမွာ ကုိဗစ္-၁၉ ကူးစက္သူ (၄၅) ဦး စစ္ေဆး ေတြ႔ရွိခဲ့ေၾကာင္း က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနက စက္တင္ဘာ ၅ ရက္၊ စေနေန႔ မနက္ ၈ နာရီမွာ ေၾကညာခ်က္ ထုတ္ျပန္ပါတယ္။ ဒါေၾကာင့္ ျမန္မာႏုိင္ငံမွာ အခုခ်ိန္ထိ ကုိရုိနာဗုိင္းရပ္စ္ ကူးစက္သူ စုစုေပါင္း ၁၂၁၆ ဦး ရွိသြားၿပီ ျဖစ္ပါတယ္။
ဒီကေန႔ အသစ္ေတြ႔ရွိတဲ့ လူနာေတြထဲက (၃၈) ဦးဟာ ရန္ကုန္တုိင္းေဒသႀကီးအတြင္းက ျဖစ္ပါတယ္။ ရန္ကုန္တုိင္းေဒသႀကီးအတြင္းက ေရာဂါပုိးကူးစက္သူဦးေရဟာ တျခား ေဒသေတြနဲ႔ႏႈိင္းယွဥ္လုိက္ရင္ အခုရက္ပုိင္းေတြမွာ သိသိသာသာ တုိးမ်ားလာေနတာ ျဖစ္ပါတယ္။
က်န္ လူနာ (၇) ဦးကေတာ့ ရခုိင္ျပည္နယ္က (၅) ဦး၊ ရွမ္းျပည္နယ္နဲ႔ ပဲခူးတုိင္းေဒသႀကီးတုိ႔က (၁) ဦးစီ ျဖစ္တယ္လုိ႔ ဆုိပါတယ္။
စက္တင္ဘာလ ၄ ရက္ေန႔က ဓါတ္ခြဲမႈနမူနာ ၃,၁၇၅ ခု ျပဳလုပ္အၿပီးမွာ အခု လူနာ (၄၅) ဦးကုိ စမ္းသပ္ ေတြ႔ရွိခဲ့တာလုိ႔ က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာန ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။
မေန႔ ေသာၾကာေန႔ည ၈ နာရီ ေၾကညာခ်က္မွာ ေနျပည္ေတာ္အပါအ၀င္ ျမန္မာႏုိင္ငံ တ၀န္းမွာ COVID-19 ဗုိင္းရပ္စ္ကူးစက္ခံရသူ ၃၈ ေယာက္ ထပ္မံေတြ႔ရွိခဲ့ေၾကာင္း က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနက ေၾကညာခ်က္ ထုတ္ျပန္ခဲ့ပါတယ္။
အခုေနာက္ပုိင္း ျပည္ပ ခရီးသြားရာဇ၀င္မရွိဘဲ ျပည္တြင္းမွာတင္ ကူးစက္မႈအေရအတြက္ မ်ားလာ ေနတာေၾကာင့္ ကုိဗစ္-၁၉ တေက်ာ့ျပန္ စတင္ျဖစ္ေပၚတဲ့ ရခုိင္ျပည္နယ္အပါအ၀င္ ရန္ကုန္တုိင္း ေဒသႀကီးက ၿမိဳ႕နယ္အေတာ္မ်ားမ်ားမွာ (Stay home) အေရးႀကီးကိစၥမရွိဘဲ ေနအိမ္ အျပင္မထြက္ၾကဖုိ႔ အမိန္႔ ထုတ္ျပန္ထားပါတယ္။
ဒါ့အျပင္ ေနျပည္ေတာ္ကုိ တျခားေဒသေတြက ေရာက္လာသူတုိင္းကုိလည္း Quarantine ၀င္ဖုိ႔ အမိန္႔ထုတ္ျပန္ထားၿပီး ျဖစ္ပါတယ္။
ကုိဗစ္အႏၱရာယ္ကုိ အထူးသတိျပဳကာကြယ္ၾကဖုိ႔ က်န္းမာေရးပညာရွင္ေတြက တုိက္တြန္း ေျပာဆုိေနတဲ့ တခ်ိန္ထဲမွာဘဲ ေရာဂါထိန္းခ်ဳပ္ကာကြယ္ေရး စည္းမ်ဥ္းေတြကို လိုက္နာဖို႔ သက္ဆုိင္ရာက သတိေပးခ်က္ေတြ ထုတ္ျပန္ထားပါတယ္။ အဲဒီ သတိေပးခ်က္ေတြကုိ ခ်ိဳးေဖာက္သူေတြကိုလည္း သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈဥပေဒနဲ႔ အေရးယူမႈေတြ ေနရာေတာ္ေတာ္မ်ားမ်ားမွာ ရွိလာေနပါတယ္။
...........
နိုင်ငံဝှမ်း ကိုဗစ်ကူးစက်သူ ၄၅ ဦးထပ်တိုး၊ စုစုပေါင်း ၁၂၁၆ ဦးရှိ
(Unicode)
မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်သူ (၄၅) ဦး စစ်ဆေး တွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက စက်တင်ဘာ ၅ ရက်၊ စနေနေ့ မနက် ၈ နာရီမှာ ကြေညာချက် ထုတ်ပြန်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ အခုချိန်ထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ စုစုပေါင်း ၁၂၁၆ ဦး ရှိသွားပြီ ဖြစ်ပါတယ်။
ဒီကနေ့ အသစ်တွေ့ရှိတဲ့ လူနာတွေထဲက (၃၈) ဦးဟာ ရန်ကုန်တိုင်းဒေသကြီးအတွင်းက ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းက ရောဂါပိုးကူးစက်သူဦးရေဟာ တခြား ဒေသတွေနဲ့နှိုင်းယှဉ်လိုက်ရင် အခုရက်ပိုင်းတွေမှာ သိသိသာသာ တိုးများလာနေတာ ဖြစ်ပါတယ်။
ကျန် လူနာ (၇) ဦးကတော့ ရခိုင်ပြည်နယ်က (၅) ဦး၊ ရှမ်းပြည်နယ်နဲ့ ပဲခူးတိုင်းဒေသကြီးတို့က (၁) ဦးစီ ဖြစ်တယ်လို့ ဆိုပါတယ်။
စက်တင်ဘာလ ၄ ရက်နေ့က ဓါတ်ခွဲမှုနမူနာ ၃,၁၇၅ ခု ပြုလုပ်အပြီးမှာ အခု လူနာ (၄၅) ဦးကို စမ်းသပ် တွေ့ရှိခဲ့တာလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ကြေညာချက်မှာ ဖော်ပြထားပါတယ်။
မနေ့ သောကြာနေ့ည ၈ နာရီ ကြေညာချက်မှာ နေပြည်တော်အပါအဝင် မြန်မာနိုင်ငံ တဝန်းမှာ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရသူ ၃၈ ယောက် ထပ်မံတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
အခုနောက်ပိုင်း ပြည်ပ ခရီးသွားရာဇဝင်မရှိဘဲ ပြည်တွင်းမှာတင် ကူးစက်မှုအရေအတွက် များလာ နေတာကြောင့် ကိုဗစ်-၁၉ တကျော့ပြန် စတင်ဖြစ်ပေါ်တဲ့ ရခိုင်ပြည်နယ်အပါအဝင် ရန်ကုန်တိုင်း ဒေသကြီးက မြို့နယ်အတော်များများမှာ (Stay home) အရေးကြီးကိစ္စမရှိဘဲ နေအိမ် အပြင်မထွက်ကြဖို့ အမိန့် ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် နေပြည်တော်ကို တခြားဒေသတွေက ရောက်လာသူတိုင်းကိုလည်း Quarantine ဝင်ဖို့ အမိန့်ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။
ကိုဗစ်အန္တရာယ်ကို အထူးသတိပြုကာကွယ်ကြဖို့ ကျန်းမာရေးပညာရှင်တွေက တိုက်တွန်း ပြောဆိုနေတဲ့ တချိန်ထဲမှာဘဲ ရောဂါထိန်းချုပ်ကာကွယ်ရေး စည်းမျဉ်းတွေကို လိုက်နာဖို့ သက်ဆိုင်ရာက သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။ အဲဒီ သတိပေးချက်တွေကို ချိုးဖောက်သူတွေကိုလည်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနဲ့ အရေးယူမှုတွေ နေရာတော်တော်များများမှာ ရှိလာနေပါတယ်။