သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ COVID-19 ကူးစက်သူ ၅၃ ယောက်ထပ်တိုးလို့ ၁,၁၁၁ ယောက်ရှိပြီ


မန္တလေးဆေးရုံ။
မန္တလေးဆေးရုံ။

[Zawgyi/Unicode]

ရခိုင်ပြည်နယ်အပါအဝင် နိုင်ငံတဝန်းမှာ COVID-19 ကူးစက်ခံထားရသူ ၅၃ ယောက် ဒီနေ့ထပ်မံတွေရှိတာကြောင့် ဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်း ၁,၁၁၁ ယောက်ရှိသွားပြီဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဒီနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ပြောပါတယ်။ ဓာတ်ခွဲနမူနာ ၁,၁၂၇ ခုကို ဒီနေ့ စမ်းသပ်စစ်ဆေးတာမှာ ရောဂါပိုးကူးစက်ခံရသူ နောက်ထပ် ၅၃ ယောက်ကို ထပ်မံတွေ့ရှိခဲ့တာဖြစ်ပါတယ်။

ဒီနေ့ရောဂါကူးစက်ခံရတဲ့သူတွေထဲမှာ ၄ ယောက်က ပြည်ပခရီးသွား ရာဇဝင်ရှိသူတွေဖြစ်ပြီး ၃ ယောက်ကတော့ ရခိုင်ပြည်နယ်ကို မကြာသေးခင်က ခရီးသွားထားသူတွေဖြစ်ပါတယ်။ အယောက် ၃၀ က ရခိုင်ပြည်နယ်ကဖြစ်ပြီး စစ်တွေက ၁၈ ယောက် နဲ့ မင်းပြားက ၁၂ ယောက်ဖြစ်ပါတယ်။ ရန်ကုန်တိုင်းက ၁၉ ယောက်မှာတော့ သာကေတက ၅ ယောက်၊ သင်္ဃန်းကျွန်း ၃ ယောက် ၊ မင်္ဂလာဒုံနဲ့ ဗဟန်းမြို့နယ်က ၂ ယောက်စီနဲ့ လှိုင်၊ ကြည့်မြင်တိုင်၊ ရန်ကင်း၊ စမ်းချောင်း၊ ဒဂုံဆိပ်ကမ်း၊ ဒဂုံမြောက်ပိုင်းနဲ့ အင်းစိန်မြို့နယ်တွေက ၁ ယောက်စီဖြစ်ပါတယ်။

ကျန်တဲ့ ၄ ယောက်ကတော့ မွန်ပြည်နယ် မော်လမြိုင်၊ မုဒုံ၊ မန္တလေးတိုင်း မဟာအောင်မြေ နဲ့ ရှမ်းပြည်နယ် လွိုင်လင်မြို့နယ်တွေက ၁ ယောက်စီဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် မနေ့ကနဲ့ ဒီနေ့ နေ့လယ် ၁၂ နာရီအထိ နောက်ထပ် စောင့်ကြည့်လူနာ ၈၂ ယောက် ရှိတယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံမှာ COVID-19 ကြောင့် သေဆုံးသူ ၆ ယောက်ရှိတယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]






XS
SM
MD
LG