သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ဒုတိယလိႈင္းၾကံဳေနတဲ့ ရခိုင္က စစ္ေဘးေရွာင္ေတြ ပိုၿပီးအခက္ေတြ႔ေန


ဘူးသီးေတာင္ျမိဳ႕နယ္ စိုင္းဒင္ေစ်းရြာေရာက္ စစ္ေရွာင္မ်ား။ (ဓါတ္ပုံ - MP Oung Thaung Shway)

[Zawgyi/Unicode]

ရခိုင္ျပည္နယ္မွာ ကုိဗစ္ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာေတြ တုိးလာေနတာနဲ႔အမွ် သြားလာလႈပ္ရွားမႈေတြကုိ ကန္႔သတ္ထားတာေၾကာင့္ စစ္ေရွာင္ဒုကၡသည္ေတြနဲ႔ ေဒသခံေတြ စားနပ္ရိကၡာ အခက္အခဲနဲ႔ က်န္းမာေရးအတြက္ စုိးရိမ္စရာ ႀကံဳေနရတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မအိမ့္သႏၲာထြန္းက သတင္းေပးပို႔ထားပါတယ္။

ရခိုင္ျပည္နယ္မွာ ကိုဗစ္ေရာဂါျဖစ္ပြားမႈ မ်ားလာေနတဲ့ အခ်ိန္မွာပဲ ေဒသတြင္း စစ္ေရးတင္းမာမႈေတြေၾကာင့္ တိမ္းေရွာင္ေနသူေတြနဲ႔ ပဋိပကၡေဒသေတြမွာ ေနထိုင္ၾကသူေတြအတြက္ က်န္းမာေရး ေစာင့္ေရွာက္မႈေတြမွာ လုိအပ္ခ်က္ေတြ ရွိေနသလုိ၊ စားနပ္ရိကၡာ ရွားပါးလာေနတယ္လုိ႔ အကူအညီေပးေနသူေတြက ေျပာပါတယ္။

လက္နက္ကုိင္ပဋိပကၡေတြနဲ႔ ကပ္ေဘးဒဏ္သင့္ ရခုိင္ျပည္နယ္မွာ ဒုကၡသည္ေတြအတြက္ လုိအပ္ခ်က္ေတြက ပုိမ်ားလာေနတယ္လုိ႔လည္း ေက်ာက္ေတာ္ၿမိဳ႕နယ္ ေညာင္ေခ်ာင္းစစ္ေရွာင္စခန္းက တာဝန္ခံ ကိုခိုင္မ်ိဳးေအာင္က ေျပာပါတယ္။

“သူတို႔ကို ဒီအတိုင္းပဲ ပစ္ထားလိုက္လို႔ မရဘူး။ ကိုဗစ္နဲ႔ဆိုၿပီးေတာ့၊ ပစ္ထားလိုက္ရင္ ကိုဗစ္ေရာဂါ မဝင္ဘဲနဲ႔ ငတ္ၿပီးေတာ့ ေသသြားႏိုင္တဲ့ အေနအထားရွိတယ္။ က်ေနာ္တို႔႔မွာ ဒီ ၉ လပိုင္း ၁၈၊ ၁၉၊ ၂၀ ဆိုရင္ ရွိတဲ့ ရိကၡာက ျပတ္ၿပီ။ အဲ့ဒီအခ်ိန္မွာသာ သူတို႔ ပုံမွန္လို ေထာက္ပံ့တဲ့ပုံစံမ်ိဳး ကိုဗစ္နဲ႔ ပတ္သက္လို႔သာ ရိကၡာကို က်ေနာ္တို႔ Camp ကို မပို႔ႏိုင္ဘူးဆိုရင္ေတာ့ ျပတ္လပ္မႈ အေနအထားရွိႏိုင္ပါတယ္။ သူတို႔ကို အားကိုးၿပီး မွီခိုၿပီးေနၾကရတာကို က်ေနာ္တို႔က တျခား က်ေနာ္တို႔ဆီမွာ တျခားဒီ လူမႈေရးအသင္းအဖြဲ႕ေတြ NGO ေတြကလည္း က်ေနာ္တို႔ ဘာမွ အေထာက္အပံ့မရဘူး။ ဒီ UN အဖြဲ႕ ကပဲ က်ေနာ္တို႔ကို ေထာက္ပံ့ေနတာရွိတယ္။”

ကပ္ေရာဂါေၾကာင့္ ညမထြက္ရအမိန္႔နဲ႔ ေနအိမ္မွာပဲ ေနၾကဖုိ႔ အမိန္႔ေတြ ထုတ္ျပန္ထားတဲ့ ရခုိင္ျပည္နယ္မွာ ဒုကၡသည္ေတြအတြက္ က်န္းမာေရး ေစာင့္ေရွာက္မႈေတြ အားနည္းေနတာကလည္း အဓိကစိန္ေခၚ တခုျဖစ္ေနတယ္လုိ႔ ကိုခိုင္မ်ိဳးေအာင္ကေျပာပါတယ္။

“သူတို႔ကေတာ့ ကိုဗစ္ကို စိုးရိမ္မႈေတာ့ရွိပါတယ္။ ဒါေပမဲ့ ကိုဗစ္ထက္ ေၾကာက္စရာေကာင္းတာက အဲ့ဒီမွာ(သူတို႔ရပ္႐ြာအတြင္း) ေနလို႔မရဘူး။ သူတို႔အိမ္မွာ သူတို႔ ေနလို႔ကို မရတဲ့ အေနအထားေရာက္ လာတာ။ က်န္းမာေရးဌာနက ေနၿပီးေတာ့ ကိုဗစ္ေၾကညာၿပီးမွ စမျဖစ္ခင္ကတည္းေရာ ခုျဖစ္ၿပီးမွေရာ ထူးထူးျခားျခားကူညီပံ့ပိုးတာေတာ့ မရွိပါဘူး။ နဂိုအတိုင္းပါဘဲ။ ဆိုေတာ့ က်န္းမာေရးႏွင့္ ပတ္သက္ၿပီးေတာ့ စိတ္ခ်ရေအာင္ေတာ့သူတို႔ဘက္က ထူးထူးျခားျခား ကူညီလုပ္ကိုင္ေပးေနတာမ်ိဳး ခုအခ်ိန္ထိေတာ့ က်ေနာ္တို႔ ႔မေတြ႕ရေသးပါဘူး။”

ကိုဗစ္ေရာဂါကို တားဆီးကာကြယ္ႏိုင္ဖို႔အတြက္ဆိုၿပီး ထုတ္ျပန္ထားတဲ့ စည္းကမ္းခ်က္ေတြအတိုင္းသာ ၾကာၾကာဆက္သြားမယ္ဆိုရင္ စစ္ေရွာင္စခန္းမွာရွိေနတဲ့ ဒုကၡသည္ေတြအတြက္ ပိုၿပီးဆိုး႐ြားတဲ့ အေျခအေနေတြ ျဖစ္လာႏိုင္တာေၾကာင့္ အစိုးရအေနနဲ႔ ေဒသခံေတြအတြက္ ထည့္သြင္းစဥ္းစားေပးဖို႔ လိုတယ္လို႔ ရေသ့ေတာင္ၿမိဳ႕က စစ္ေရွာင္ေတြအေရး ကူညီေပးေနတဲ့ ကိုဘကၠာက ေျပာပါတယ္။

“ဒီလိုသာ က်ေနာ္တို႔ Stay Home ပုံစံမ်ိဳးနဲ႔ ကိုဗစ္အတားအဆီးေတြ ေနာက္ၿပီး ေက်း႐ြာေတြၿမိဳ႕ေတြကို ပိတ္ထားမယ္ဆိုရင္ ေတာ္ေတာ္အခက္အခဲျဖစ္သြားမယ္ဗ်။ စစ္ေဘးေရွာင္ေတြကို မေျပာနဲ႔ ၿမိဳ႕ခံလူထုေတြအတြက္ေတာင္ ေတာ္ေတာ္ ဒုကၡဆင္းရဲမ်ိဳးစုံခံရမွဗ်။ စစ္ေဘးေရွာင္ေတြအတြက္ဆိုရင္ ေတာ့ မေတြးရဲစရာေပါ့။ က်ေနာ္တို႔ ျပည္သူလူထုေတြ ဒုကၡေရာက္ေနၾကတယ္။ အဲ့ဒါေၾကာင့္ မိဘေတြလိုျဖစ္တဲ့ အုပ္ခ်ဳပ္ေနတဲ့လူေတြက က်ေနာ္တို႔ ျပည္သူလူထုေတြအတြက္ ေဒသခံေတြအတြက္ တိုင္းရင္းသားေတြအတြက္ စဥ္းစားေပးဖို႔ က်ေနာ္ ေတာင္းဆိုခ်င္တယ္ဗ်။”

ရခိုင္ျပည္နယ္အစိုးရအဖြဲ႕ ေျပာခြင့္ရ စည္ပင္သာယာေရးဝန္ႀကီး ဦးဝင္းျမင့္ကေတာ့ စစ္ေရွာင္စခန္းေတြနဲ႔ ပဋိပကၡေဒသေတြမွာျဖစ္ေနတဲ့ အခက္အခဲေတြကုိ အကူအညီေပးဖုိ႔ ျပင္ဆင္ထားတယ္လုိ႔ ေျပာပါတယ္။

“စစ္ေရွာင္စခန္းေတြအေနနဲ႔လည္းပဲ ဒီစစ္ေရွာင္စခန္းေတြမွာ က်န္းမာေရးအသိပညာေပးလုပ္ငန္းေတြ လုပ္ေပးတယ္။ က်န္းမာေရး စစ္ေဆးမႈေတြလည္း လုပ္ေဆာင္ေပးေနတယ္ေပါ့ေႏွာ္။ စားေသာက္ေရး အပိုင္းမွာက်ေတာ့ ဒီမွာေတာ့ ႏွစ္ပိုင္းရွိႏိုင္တယ္။ အဲ့ဒါကက်ေနာ္တို႔ဆီမွာ စစ္ေရွာင္စခန္းက က်ေနာ္တို႔ရဲ႕ စာရင္းထဲဝင္ထားတဲ့ စစ္ေရွာင္စခန္းေတြကေတာ့ က်ေနာ္တို႔ ပံ့ပိုးမႈကို က်ေနာ္တို႔ လုပ္ေဆာင္ေပးသြားဖို႔ရွိပါတယ္။ ဒါက ျဖစ္ေပၚေနတဲ့ အေနအထားအေပၚမွာ က်ေနာ္တို႔ ျပည္သူေတြ အၾကပ္အတည္း မျဖစ္ရေအာင္ေတာ့ တတ္ႏိုင္သမွ်ႀကိဳးစားေပးေနတယ္ေပါ့ေနာ္။”

ျမန္မာႏိုင္ငံအေျခစိုက္ ကုလသမဂၢ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ ညႇိႏႈိင္းေရးမႉး႐ုံးကေတာ့ ကပ္ေဘးသင့္ေနခ်ိန္ တိုက္ခိုက္မႈေတြ ရပ္စဲဖို႔ ဒီတပတ္ထဲမွာပဲ ထပ္မံတိုက္တြန္းထားပါတယ္။

ကမာၻတဝန္း ကပ္ေရာဂါနဲ႔ ရင္ဆိုင္ေနရခ်ိန္မွာ တိုက္ခိုက္မႈေတြ ရပ္စဲၾကဖို႔ ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ရဲ႕ တိုက္တြန္းခ်က္ကို နားေထာင္ဖို႔နဲ႔ ကပ္ေရာဂါေရာ စစ္ေဘးဒဏ္ပါခံေနရတဲ့ ရခိုင္ျပည္နယ္မွာ ေဒသခံေတြ အေရးႀကီးတဲ့ သတင္းအခ်က္အလက္ေတြ ရရွိႏိုင္ေအာင္ အင္တာနက္ဝန္ေဆာင္မႈေတြ အျပည့္အ၀ ျပန္ဖြင့္ေပးဖို႔လည္း တိုက္တြန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကိုဗစ်ဒုတိယလှိုင်းကြုံနေတဲ့ ရခိုင်က စစ်ဘေးရှောင်တွေ ပိုပြီးအခက်တွေ့နေ

ရခိုင်ပြည်နယ်မှာ ကိုဗစ်ရောဂါ ဓာတ်ခွဲအတည်ပြုလူနာတွေ တိုးလာနေတာနဲ့အမျှ သွားလာလှုပ်ရှားမှုတွေကို ကန့်သတ်ထားတာကြောင့် စစ်ရှောင်ဒုက္ခသည်တွေနဲ့ ဒေသခံတွေ စားနပ်ရိက္ခာ အခက်အခဲနဲ့ ကျန်းမာရေးအတွက် စိုးရိမ်စရာ ကြုံနေရတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်မှာ ကိုဗစ်ရောဂါဖြစ်ပွားမှု များလာနေတဲ့ အချိန်မှာပဲ ဒေသတွင်း စစ်ရေးတင်းမာမှုတွေကြောင့် တိမ်းရှောင်နေသူတွေနဲ့ ပဋိပက္ခဒေသတွေမှာ နေထိုင်ကြသူတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှုတွေမှာ လိုအပ်ချက်တွေ ရှိနေသလို၊ စားနပ်ရိက္ခာ ရှားပါးလာနေတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။

လက်နက်ကိုင်ပဋိပက္ခတွေနဲ့ ကပ်ဘေးဒဏ်သင့် ရခိုင်ပြည်နယ်မှာ ဒုက္ခသည်တွေအတွက် လိုအပ်ချက်တွေက ပိုများလာနေတယ်လို့လည်း ကျောက်တော်မြို့နယ် ညောင်ချောင်းစစ်ရှောင်စခန်းက တာဝန်ခံ ကိုခိုင်မျိုးအောင်က ပြောပါတယ်။

“သူတို့ကို ဒီအတိုင်းပဲ ပစ်ထားလိုက်လို့ မရဘူး။ ကိုဗစ်နဲ့ဆိုပြီးတော့၊ ပစ်ထားလိုက်ရင် ကိုဗစ်ရောဂါ မဝင်ဘဲနဲ့ ငတ်ပြီးတော့ သေသွားနိုင်တဲ့ အနေအထားရှိတယ်။ ကျနော်တို့မှာ ဒီ ၉ လပိုင်း ၁၈၊ ၁၉၊ ၂၀ ဆိုရင် ရှိတဲ့ ရိက္ခာက ပြတ်ပြီ။ အဲ့ဒီအချိန်မှာသာ သူတို့ ပုံမှန်လို ထောက်ပံ့တဲ့ပုံစံမျိုး ကိုဗစ်နဲ့ ပတ်သက်လို့သာ ရိက္ခာကို ကျနော်တို့ Camp ကို မပို့နိုင်ဘူးဆိုရင်တော့ ပြတ်လပ်မှု အနေအထားရှိနိုင်ပါတယ်။ သူတို့ကို အားကိုးပြီး မှီခိုပြီးနေကြရတာကို ကျနော်တို့က တခြား ကျနော်တို့ဆီမှာ တခြားဒီ လူမှုရေးအသင်းအဖွဲ့တွေ NGO တွေကလည်း ကျနော်တို့ ဘာမှ အထောက်အပံ့မရဘူး။ ဒီ UN အဖွဲ့ ကပဲ ကျနော်တို့ကို ထောက်ပံ့နေတာရှိတယ်။”

ကပ်ရောဂါကြောင့် ညမထွက်ရအမိန့်နဲ့ နေအိမ်မှာပဲ နေကြဖို့ အမိန့်တွေ ထုတ်ပြန်ထားတဲ့ ရခိုင်ပြည်နယ်မှာ ဒုက္ခသည်တွေအတွက် ကျန်းမာရေး စောင့်ရှောက်မှုတွေ အားနည်းနေတာကလည်း အဓိကစိန်ခေါ် တခုဖြစ်နေတယ်လို့ ကိုခိုင်မျိုးအောင်ကပြောပါတယ်။

“သူတို့ကတော့ ကိုဗစ်ကို စိုးရိမ်မှုတော့ရှိပါတယ်။ ဒါပေမဲ့ ကိုဗစ်ထက် ကြောက်စရာကောင်းတာက အဲ့ဒီမှာ(သူတို့ရပ်ရွာအတွင်း) နေလို့မရဘူး။ သူတို့အိမ်မှာ သူတို့ နေလို့ကို မရတဲ့ အနေအထားရောက် လာတာ။ ကျန်းမာရေးဌာနက နေပြီးတော့ ကိုဗစ်ကြေညာပြီးမှ စမဖြစ်ခင်ကတည်းရော ခုဖြစ်ပြီးမှရော ထူးထူးခြားခြားကူညီပံ့ပိုးတာတော့ မရှိပါဘူး။ နဂိုအတိုင်းပါဘဲ။ ဆိုတော့ ကျန်းမာရေးနှင့် ပတ်သက်ပြီးတော့ စိတ်ချရအောင်တော့သူတို့ဘက်က ထူးထူးခြားခြား ကူညီလုပ်ကိုင်ပေးနေတာမျိုး ခုအချိန်ထိတော့ ကျနော်တို့မတွေ့ရသေးပါဘူး။”

ကိုဗစ်ရောဂါကို တားဆီးကာကွယ်နိုင်ဖို့အတွက်ဆိုပြီး ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေအတိုင်းသာ ကြာကြာဆက်သွားမယ်ဆိုရင် စစ်ရှောင်စခန်းမှာရှိနေတဲ့ ဒုက္ခသည်တွေအတွက် ပိုပြီးဆိုးရွားတဲ့ အခြေအနေတွေ ဖြစ်လာနိုင်တာကြောင့် အစိုးရအနေနဲ့ ဒေသခံတွေအတွက် ထည့်သွင်းစဉ်းစားပေးဖို့ လိုတယ်လို့ ရသေ့တောင်မြို့က စစ်ရှောင်တွေအရေး ကူညီပေးနေတဲ့ ကိုဘက္ကာက ပြောပါတယ်။

“ဒီလိုသာ ကျနော်တို့ Stay Home ပုံစံမျိုးနဲ့ ကိုဗစ်အတားအဆီးတွေ နောက်ပြီး ကျေးရွာတွေမြို့တွေကို ပိတ်ထားမယ်ဆိုရင် တော်တော်အခက်အခဲဖြစ်သွားမယ်ဗျ။ စစ်ဘေးရှောင်တွေကို မပြောနဲ့ မြို့ခံလူထုတွေအတွက်တောင် တော်တော် ဒုက္ခဆင်းရဲမျိုးစုံခံရမှဗျ။ စစ်ဘေးရှောင်တွေအတွက်ဆိုရင် တော့ မတွေးရဲစရာပေါ့။ ကျနော်တို့ ပြည်သူလူထုတွေ ဒုက္ခရောက်နေကြတယ်။ အဲ့ဒါကြောင့် မိဘတွေလိုဖြစ်တဲ့ အုပ်ချုပ်နေတဲ့လူတွေက ကျနော်တို့ ပြည်သူလူထုတွေအတွက် ဒေသခံတွေအတွက် တိုင်းရင်းသားတွေအတွက် စဉ်းစားပေးဖို့ ကျနော် တောင်းဆိုချင်တယ်ဗျ။”

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်ကတော့ စစ်ရှောင်စခန်းတွေနဲ့ ပဋိပက္ခဒေသတွေမှာဖြစ်နေတဲ့ အခက်အခဲတွေကို အကူအညီပေးဖို့ ပြင်ဆင်ထားတယ်လို့ ပြောပါတယ်။

“စစ်ရှောင်စခန်းတွေအနေနဲ့လည်းပဲ ဒီစစ်ရှောင်စခန်းတွေမှာ ကျန်းမာရေးအသိပညာပေးလုပ်ငန်းတွေ လုပ်ပေးတယ်။ ကျန်းမာရေး စစ်ဆေးမှုတွေလည်း လုပ်ဆောင်ပေးနေတယ်ပေါ့နှော်။ စားသောက်ရေး အပိုင်းမှာကျတော့ ဒီမှာတော့ နှစ်ပိုင်းရှိနိုင်တယ်။ အဲ့ဒါကကျနော်တို့ဆီမှာ စစ်ရှောင်စခန်းက ကျနော်တို့ရဲ့ စာရင်းထဲဝင်ထားတဲ့ စစ်ရှောင်စခန်းတွေကတော့ ကျနော်တို့ ပံ့ပိုးမှုကို ကျနော်တို့ လုပ်ဆောင်ပေးသွားဖို့ရှိပါတယ်။ ဒါက ဖြစ်ပေါ်နေတဲ့ အနေအထားအပေါ်မှာ ကျနော်တို့ ပြည်သူတွေ အကြပ်အတည်း မဖြစ်ရအောင်တော့ တတ်နိုင်သမျှကြိုးစားပေးနေတယ်ပေါ့နော်။”

မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးကတော့ ကပ်ဘေးသင့်နေချိန် တိုက်ခိုက်မှုတွေ ရပ်စဲဖို့ ဒီတပတ်ထဲမှာပဲ ထပ်မံတိုက်တွန်းထားပါတယ်။

ကမ္ဘာတဝန်း ကပ်ရောဂါနဲ့ ရင်ဆိုင်နေရချိန်မှာ တိုက်ခိုက်မှုတွေ ရပ်စဲကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ တိုက်တွန်းချက်ကို နားထောင်ဖို့နဲ့ ကပ်ရောဂါရော စစ်ဘေးဒဏ်ပါခံနေရတဲ့ ရခိုင်ပြည်နယ်မှာ ဒေသခံတွေ အရေးကြီးတဲ့ သတင်းအချက်အလက်တွေ ရရှိနိုင်အောင် အင်တာနက်ဝန်ဆောင်မှုတွေ အပြည့်အ၀ ပြန်ဖွင့်ပေးဖို့လည်း တိုက်တွန်းထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG