သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တိုင္းနဲ႔ျပည္နယ္သံုးခု ကိုဗစ္ကူးစက္သူ ၅၇ ဦး ထပ္မံစစ္ေဆးေတြ႕ရွိ


ရန္ကုန္ၿမိဳ႕ရွိ ေစ်းတခုမွာ ေတြ႕ရတဲ့ ျမင္ကြင္း။ (မတ္ ၂၄၊ ၂၀၁၅)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံတြင္း တိုင္းနဲ႔ျပည္နယ္ သုံးခုမွာ COVID-19 ေရာဂါပိုး ေနာက္ထပ္ကူးစက္သူ ၅၇ ဦး စစ္ေဆး ေတြ႕ရွိတယ္လို႔ က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနက ဒီည ၈ နာရီမွာ သတင္းထုတ္ျပန္ပါတယ္။

ဓာတ္ခြဲနမူနာ စုစုေပါင္း ၁,၄၀၈ ကို စစ္ေဆးၿပီးစီးခဲ့တာမွာ မႏၲေလးတိုင္းေဒသႀကီးမွာ ၃ ဦး၊ ရခိုင္ျပည္နယ္မွာ ၅၁ ဦး၊ မြန္ျပည္နယ္မွာ ၃ ဦး ေရာဂါပိုး ကူးစက္ထားတာကို ေတြ႕တာပါ။ ဒီထဲမွာ စစ္ေတြၿမိဳ႕က ၄၅ ဦးနဲ႔ အမ်ားဆုံးျဖစ္ပါတယ္။

အခု ေနာက္ထပ္ ေရာဂါပိုးကူးစက္သူေတြရဲ႕ သတင္းအခ်က္အလက္ေတြကို ထပ္မံထုတ္ျပန္မယ္လုိ႔ က်န္းမာေရးဌာနကေျပာပါတယ္။

ဒီကေန႔ညဘက္ ေနာက္ဆံုးထုတ္ျပန္တာနဲ႔ဆိုရင္ ျမန္မာႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္သူ စုစုေပါင္း ၉၉၅ ဦး ရွိသြားၿပီျဖစ္ပါတယ္။

ဒီထဲမွာ ၂ ႀကိမ္ဆက္တိုက္ ပိုးမေတြ႔သူ ၂ ဦးထပ္တိုးတာေၾကာင့္ ေရာဂါပိုးကင္းစင္သူက ၃၅၉ ဦးရွိသြားပါၿပီ။ ေဆး႐ံုကေန ဆင္းခြင့္ေပးထားသူက ၃၄၈ ဦးရွိၿပီး သူတို႔ကို သတ္မွတ္ေနရာေတြမွာ အသြားအလာ ကန္႔သတ္ၿပီးေတာ့ ဆက္လက္ ေစာင့္ၾကည့္ေနပါတယ္။

ဓာတ္ခြဲအတည္ျပဳ လူနာေတြအနက္ ေသဆံုးသူက ၆ ဦးရွိပါတယ္။

ျမန္မာႏုိင္ငံထဲမွာ COVID-19 ဒုတိယလိႈင္း ဝင္ၿပီးတဲ့ေနာက္ ေရာဂါပိုးကူးစက္သူအေရအတြက္ တေန႔ထက္တေန႔ ပိုတုိးလာေနတာေၾကာင့္ အဆုိးဆံုးအေျခအေနထိ ေမ ွ်ာ္မွန္းၿပီး လုပ္ေဆာင္ေနတယ္လုိ႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြးက အဂၤါေန႔ကပဲ ေျပာထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

တိုင်းနဲ့ပြည်နယ်သုံးခု ကိုဗစ်ကူးစက်သူ ၅၇ ဦး ထပ်မံစစ်ဆေးတွေ့ရှိ

မြန်မာနိုင်ငံတွင်း တိုင်းနဲ့ပြည်နယ် သုံးခုမှာ COVID-19 ရောဂါပိုး နောက်ထပ်ကူးစက်သူ ၅၇ ဦး စစ်ဆေး တွေ့ရှိတယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ဒီည ၈ နာရီမှာ သတင်းထုတ်ပြန်ပါတယ်။

ဓာတ်ခွဲနမူနာ စုစုပေါင်း ၁,၄၀၈ ကို စစ်ဆေးပြီးစီးခဲ့တာမှာ မန္တလေးတိုင်းဒေသကြီးမှာ ၃ ဦး၊ ရခိုင်ပြည်နယ်မှာ ၅၁ ဦး၊ မွန်ပြည်နယ်မှာ ၃ ဦး ရောဂါပိုး ကူးစက်ထားတာကို တွေ့တာပါ။ ဒီထဲမှာ စစ်တွေမြို့က ၄၅ ဦးနဲ့ အများဆုံးဖြစ်ပါတယ်။

အခု နောက်ထပ် ရောဂါပိုးကူးစက်သူတွေရဲ့ သတင်းအချက်အလက်တွေကို ထပ်မံထုတ်ပြန်မယ်လို့ ကျန်းမာရေးဌာနကပြောပါတယ်။

ဒီကနေ့ညဘက် နောက်ဆုံးထုတ်ပြန်တာနဲ့ဆိုရင် မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ စုစုပေါင်း ၉၉၅ ဦး ရှိသွားပြီဖြစ်ပါတယ်။

ဒီထဲမှာ ၂ ကြိမ်ဆက်တိုက် ပိုးမတွေ့သူ ၂ ဦးထပ်တိုးတာကြောင့် ရောဂါပိုးကင်းစင်သူက ၃၅၉ ဦးရှိသွားပါပြီ။ ဆေးရုံကနေ ဆင်းခွင့်ပေးထားသူက ၃၄၈ ဦးရှိပြီး သူတို့ကို သတ်မှတ်နေရာတွေမှာ အသွားအလာ ကန့်သတ်ပြီးတော့ ဆက်လက် စောင့်ကြည့်နေပါတယ်။

ဓာတ်ခွဲအတည်ပြု လူနာတွေအနက် သေဆုံးသူက ၆ ဦးရှိပါတယ်။

မြန်မာနိုင်ငံထဲမှာ COVID-19 ဒုတိယလှိုင်း ဝင်ပြီးတဲ့နောက် ရောဂါပိုးကူးစက်သူအရေအတွက် တနေ့ထက်တနေ့ ပိုတိုးလာနေတာကြောင့် အဆိုးဆုံးအခြေအနေထိ မေ ျှာ်မှန်းပြီး လုပ်ဆောင်နေတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အင်္ဂါနေ့ကပဲ ပြောထားပါတယ်။

XS
SM
MD
LG