သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္စည္းကမ္းမလိုက္နာသူေတြ ထိထိေရာက္ေရာက္အေရးယူမည္


ေနအိမ္မ်ားသို႔သြားေရာက္ၿပီး ကိုယ္ပူခ်ိန္တိုင္း၊ က်န္းမာေရးစစ္တမ္းေကာက္ယူေနသည့္ က်န္းမာေရးဝန္ထမ္းမ်ား။ (ရန္ကုန္၊ ေမ ၁၆၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ ကိုဗစ္ကပ္ေရာဂါ ကူးစက္မႈေတြ တိုးလာေနခ်ိန္မွာ ကာကြယ္ထိန္းခ်ဳပ္ေရးအတြက္ ခ်မွတ္ထားတဲ့ စည္းကမ္းေတြကို မလိုက္နာသူေတြအေပၚ ထိထိေရာက္ေရာက္အေရးယူဖို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္က ဒီကေန႔ပဲ ေျပာဆိုလိုက္တဲ့အေၾကာင္း ေျပာျပပါမယ္။ ဒီသတင္းကို ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္စုစုက တင္ဆက္ေပးမွာပါ။

ရခိုင္ျပည္နယ္ကေန ကိုဗစ္ေရာဂါ တေက်ာ့ျပန္ကူးစက္လာရာက အခုဆိုရင္ ရန္ကုန္အပါအဝင္ တျခားေဒသေတြကိုပါ ပ်ံ႕ႏွံ႔လာေနတာေၾကာင့္ တင္းတင္းၾကပ္ၾကပ္ ထိန္းခ်ဳပ္ကာကြယ္ဖို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္က ဒီကေန႔ အြန္လိုင္းေဆြးေႏြးရာမွာ ေျပာဆိုလိုက္တာပါ။ သီတင္းပတ္ အနည္းငယ္အတြင္းမွာပဲ ကူးစက္မႈေတြ စံခ်ိန္ခ်ိဳးေအာင္ မ်ားလာတာဟာ ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရး စည္းမ်ဥ္းစည္းကမ္းေတြကို လိုက္နာရာမွာ အားနည္းခ်က္ေတြ ရွိေနတာေၾကာင့္လို႔လည္း ေျပာသြားပါတယ္။ ဒါေၾကာင့္လည္း ျပည္ထဲေရးလို ဥပေဒစိုးမိုးေရး တာဝန္ရွိသူေတြက ထိထိေရာက္ေရာက္ အေရးယူဖို႔လည္း အြန္လိုင္းေဆြးေႏြးပြဲမွာ ေဒၚေအာင္ဆန္းစုၾကည္က တိုက္တြန္းခဲ့တာပါ။

“ျပည္ထဲေရးဘက္ကေတာ့ ဥပေဒနဲ႔ပတ္သက္လို႔ ခပ္မာမာေတာ့ ကိုင္တြယ္ရပါလိမ့္မယ္။ က်မက ဒီလိုတာဝန္မဲ့တဲ့ လုပ္ရပ္ေတြကိုေတာ့ လုံးဝမႏွစ္ၿမိဳ႕ဘူး။ ဥပမာဆိုလို႔ရွိရင္ မလိုအပ္ပဲနဲ႔ေပါ့ေနာ္၊ ဘာမွလည္းအေရးမႀကီးပဲနဲ႔ ဒီ ႏိုက္ကလပ္ေတြလိုဟာမ်ိဳးေပါ့။ ဒါေတြကို တရားမဝင္ ကန႔္သတ္ထားတဲ့ၾကားထဲကေန ဖြင့္တာေတြဘာေတြဆို။ ဒါေတြဟာ ဘာမွလိုအပ္တဲ့ကိစၥလည္း မဟုတ္ပဲနဲ႔ အင္မတန္တာဝန္မဲ့ၿပီးေတာ့ ျပည္သူအေပၚမွာေရာ ႏိုင္ငံအေပၚမွာေရာ ေစတနာအင္မတန္နည္းတယ္လို႔ က်မတို႔ဒီလိုပဲ သတ္မွတ္ရမွာပဲ။ ဒါေၾကာင့္မို႔ ဒါေတြဟာ အေရးယူမွာ။ က်မတို႔ၾကပ္ၾကပ္မတ္မတ္ အေရးယူမယ္၊ တင္းတင္းၾကပ္ၾကပ္အေရးယူမယ္။ အေရးယူတယ္ဆိုတာ ေဒါသစိတ္နဲ႔မဟုတ္ဘူး။ က်မတို႔ရဲ႕ ႏိုင္ငံကို ကာကြယ္ရမယ္ဆိုတဲ့စိတ္နဲ႔သာ အေရးယူရမွာျဖစ္ပါတယ္။”

ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္။ (Myanmar State Counsellor Office - စက္တင္ဘာ ၂၊ ၂၀၂၀)
ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္။ (Myanmar State Counsellor Office - စက္တင္ဘာ ၂၊ ၂၀၂၀)

ေရာဂါကူးစက္မႈေတြ တိုးလာတဲ့ ရခိုင္ျပည္နယ္မွာေတာ့ မလိုအပ္ရင္ အိမ္ျပင္မထြက္ဖို႔နဲ႔ ခရီးသြားလာမႈေတြကို ကန႔္သတ္ထားၿပီး ရန္ကုန္တိုင္းအတြင္းက ၿမိဳ႕နယ္ ၇ ၿမိဳ႕နယ္မွာလည္း အလားတူ အိမ္မွာေနဖို႔ ၫႊန္ၾကားထားပါတယ္။ ဒါေပမဲ့လည္း ရခိုင္ျပည္နယ္ကေန ရန္ကုန္အပါအဝင္ တျခားေဒသေတြကို ခရီးသြားသူေတြ အမ်ားအျပား ရွိခဲ့တာေၾကာင့္ ေရာဂါျပန႔္ပြားမယ့္ အႏၲရာယ္ ရွိေနတာကိုလည္း ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္က အေလးထား ေျပာဆိုသြားခဲ့တာပါ။ အထူးသျဖင့္ လူေနထူထပ္တဲ့ ရန္ကုန္လို ေနရာမ်ိဳးမွာ ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရး ထိထိေရာက္ေရာက္ မလုပ္ႏိုင္ရင္ အႏၲရာယ္ႀကီးမားတယ္လို႔လည္း သတိေပးခဲ့ပါတယ္။

“ေရာဂါပိုးကူးစက္ေနတဲ့ ျပည္သူေတြဟာ ရန္ကုန္တိုင္းမွာ ၄၀၀ ရွိသြားပါၿပီ။ ေနာက္ၿပီးေတာ့ ဒီၿမိဳ႕နယ္ေတြမွာ ၃ေယာက္ေက်ာ္ၿပီးေတာ့ အစတုန္းကတည္းက ၃ ေယာက္ေက်ာ္လို႔ရွိရင္ က်မတို႔ Stay at Home လုပ္ပါတယ္။ အဲေတာ့ ၃ေယာက္ေက်ာ္တဲ့ၿမိဳ႕နယ္ေတြဟာလည္း ေတာ္ေတာ္မ်ားလာပါၿပီ။ အဲေတာ့ ရန္ကုန္မွာေတာ့ ေတာ္ေတာ္က်ယ္က်ယ္ျပန႔္ျပန႔္ Stay at Home အစီအစဥ္ေတြလုပ္ရမယ္။ ရန္ကုန္သူ ရန္ကုန္သားေတြက အခုခ်ိန္မွာ သူတို႔အစြမ္းျပရမယ္။ တကယ္ပဲ ကိုယ့္ၿမိဳ႕နယ္အတြက္ ကိုယ္ရပ္တည္ႏိုင္တယ္။ ကိုယ့္ရဲ႕က်န္းမာေရးအတြက္ ကိုယ္ရပ္တည္ႏိုင္တယ္။ ကိုယ္လုပ္ႏိုင္တယ္။ ကိုယ္ခံႏိုင္တယ္ဆိုတာကိုျပဖို႔ အခ်ိန္ျဖစ္လာပါၿပီ။”

ကပ္ေရာဂါကာကြယ္ေရး ၫႊန္ၾကားခ်က္ေတြကို မလိုက္နာခဲ့ရင္ ကူးစက္ေရာဂါ ကာကြယ္ႏွိမ္နင္းေရးဥပေဒနဲ႔ သာမက ျပစ္ဒဏ္ပိုႀကီးတဲ့ သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈဥပေဒနဲ႔ပါ အေရးယူဖို႔လည္း အတိုင္ပင္ခံပုဂၢိဳလ္က သတိေပးခဲ့ပါတယ္။ ဒါေပမဲ့လည္း ကပ္ေရာဂါ ထိန္းခ်ဳပ္ေရး စည္းကမ္းမလိုက္နာသူေတြကို အေရးယူရာမွာ ေနာက္ဆက္တြဲ ျပႆနာေတြ ႀကဳံရမွာကို လူ႔အခြင့္အေရး လႈပ္ရွားသူေတြၾကား စိုးရိမ္မႈေတြလည္း ရွိေနပါတယ္။

ကိုဗစ္ကူးစက္မႈေတြ ျပန္စေနခ်ိန္မွာ စည္းကမ္းတင္းၾကပ္ဖို႔ ပိုၿပီးလိုအပ္ေပမဲ့ ဒါေတြကိုကိုင္တြယ္ေျဖရွင္းတဲ့အခါ သတိထားဖို႔လိုတယ္လို႔ လူ႔အခြင့္အေရး လႈပ္ရွားသူတဦးျဖစ္တဲ့ ညီမွ်ျခင္းျမန္မာက အမႈေဆာင္ဒါ႐ိုက္တာ ဦးေအာင္မ်ိဳးမင္းက ေျပာပါတယ္။

“အဲဒီေတာ့ စည္းကမ္းနဲ႔အမိန႔္ကို တာဝန္ယူလုပ္ေဆာင္မယ့္သူေတြ ကိုယ္တိုင္ကေသေသခ်ာခ်ာသိရဲ႕လား။ ဘယ္ေလာက္ထိလုပ္ပိုင္ခြင့္ရွိလဲ။ ဘယ္အခ်က္ေတြကေတာ့ လုပ္ပိုင္ခြင့္ထက္ေက်ာ္လြန္တယ္ဆိုတဲ့ အေၾကာင္းအရာကို ပထမဦးဆုံးသိဖို႔ အရမ္းအေရးႀကီးပါတယ္။ တကယ္လို႔သာ သူတို႔အေနနဲ႔ လုပ္ပိုင္ခြင့္အာဏာရွိၿပီးေတာ့ လုပ္သင့္လုပ္ထိုက္တဲ့အေၾကာင္းကို မသိလို႔ရွိရင္ သူတို႔ဘက္ကလည္း စိုးရိမ္မႈႀကီးတဲ့အတြက္ေၾကာင့္မို႔ လိုအပ္တာထက္ပိုမိုၿပီးေတာ့ ကိုင္တြယ္ေျဖရွင္းမႈေတြျဖစ္လာႏိုင္တယ္။ အထူးသျဖင့္ အခုကာလမွာ လူေတြအကုန္လုံးက ေၾကာက္လန႔္တဲ့အရာမ်ိဳး စိုးရိမ္တဲ့ အရာမ်ိဳးႀကီးတဲ့အခါမွာ လုပ္တဲ့ဟာကလူ႔အခြင့္အေရးရႈေထာင့္က ၾကည့္မယ္ဆိုရင္ မလုပ္သင့္မလုပ္ထိုက္ေသာျပစ္ဒဏ္ေတြ ကိုင္တြယ္ေျဖရွင္းမႈေတြျဖစ္လာႏိုင္တာ အဲဒါမ်ိဳးဆိုရင္ေတာ့ မျဖစ္သင့္ပါဘူးခင္ဗ်။”

ကိုဗစ္ကပ္ေရာဂါကာလ လူစုလူေဝးမလုပ္ဖို႔ တားျမစ္ထားခ်ိန္ ဘာသာေရးအခမ္းအနားပြဲကို ဦးေဆာင္က်င္းပခဲ့တဲ့အတြက္ ခရစ္ယာန္တရားေဟာဆရာ ေဒးဗစ္လားကို ၿပီးခဲ့တဲ့လထဲမွာပဲ ေထာင္ဒဏ္ ၃လ စီရင္ခ်က္ခ်ခဲ့သလို၊ ထားဝယ္ခ႐ိုင္ ေရျဖဴၿမိဳ႕နယ္ မွာ ဘုန္းႀကီးပ်ံပြဲ က်င္းပခဲ့သူေတြနဲ႔ ေနအိမ္အတြင္း လူစုလူေဝးနဲ႔ ဘာသာေရးဝတ္ျပဳဆုေတာင္းခဲ့တဲ့ မႏၲေလးၿမိဳ႕၊ ခ်မ္းျမသာစည္ ၿမိဳ႕နယ္က အစၥလာမ္ဘာသာဝင္ေတြကို သဘာဝေဘးအႏၲရာယ္စီမံခန႔္ခြဲမႈ ဥပေဒေတြနဲ႔ ေထာင္ဒဏ္ျပစ္ဒဏ္ေတြ ခ်မွတ္ခဲ့ဖူးပါတယ္။

သဘာဝေဘးအႏၲရာယ္စီမံခန႔္ခြဲမႈ ဥပေဒမွာေတာ့ ဘယ္သူမဆို ဆန္းစစ္ခ်က္မျပဳလုပ္ဘဲနဲ႔ ေပါ့ဆစြာ ေဆာင္႐ြက္တာ၊ ေဘးအႏၲရာယ္ တခုခု က်ႏိုင္တာကို သိလို႔ ျဖစ္ေစ တမင္လုပ္လို႔ျဖစ္ေစ သဘာဝေဘးအႏၲရာယ္နဲ႔ ႀကဳံရတာ ဒါမွမဟုတ္ရင္လည္း ႀကဳံရေအာင္ အေၾကာင္းရင္းေတြ ဖန္တီးတယ္ဆိုရင္ ၃ ႏွစ္ထက္ မပိုတဲ့ ေထာင္ဒဏ္၊ ေငြဒဏ္၊ ဒါမွမဟုတ္ ျပစ္ဒဏ္ ၂ ရပ္စလုံး ခ်မွတ္ႏိုင္တယ္လို႔ ျပဌာန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode]

ကိုဗစ်စည်းကမ်းမလိုက်နာသူတွေ ထိထိရောက်ရောက်အရေးယူမည်

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တိုးလာနေချိန်မှာ ကာကွယ်ထိန်းချုပ်ရေးအတွက် ချမှတ်ထားတဲ့ စည်းကမ်းတွေကို မလိုက်နာသူတွေအပေါ် ထိထိရောက်ရောက်အရေးယူဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ဒီကနေ့ပဲ ပြောဆိုလိုက်တဲ့အကြောင်း ပြောပြပါမယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက်စုစုက တင်ဆက်ပေးမှာပါ။

ရခိုင်ပြည်နယ်ကနေ ကိုဗစ်ရောဂါ တကျော့ပြန်ကူးစက်လာရာက အခုဆိုရင် ရန်ကုန်အပါအဝင် တခြားဒေသတွေကိုပါ ပျံ့နှံ့လာနေတာကြောင့် တင်းတင်းကြပ်ကြပ် ထိန်းချုပ်ကာကွယ်ဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ဒီကနေ့ အွန်လိုင်းဆွေးနွေးရာမှာ ပြောဆိုလိုက်တာပါ။ သီတင်းပတ် အနည်းငယ်အတွင်းမှာပဲ ကူးစက်မှုတွေ စံချိန်ချိုးအောင် များလာတာဟာ ရောဂါကာကွယ်ထိန်းချုပ်ရေး စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာရာမှာ အားနည်းချက်တွေ ရှိနေတာကြောင့်လို့လည်း ပြောသွားပါတယ်။ ဒါကြောင့်လည်း ပြည်ထဲရေးလို ဥပဒေစိုးမိုးရေး တာဝန်ရှိသူတွေက ထိထိရောက်ရောက် အရေးယူဖို့လည်း အွန်လိုင်းဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့တာပါ။

“ပြည်ထဲရေးဘက်ကတော့ ဥပဒေနဲ့ပတ်သက်လို့ ခပ်မာမာတော့ ကိုင်တွယ်ရပါလိမ့်မယ်။ ကျမက ဒီလိုတာဝန်မဲ့တဲ့ လုပ်ရပ်တွေကိုတော့ လုံးဝမနှစ်မြို့ဘူး။ ဥပမာဆိုလို့ရှိရင် မလိုအပ်ပဲနဲ့ပေါ့နော်၊ ဘာမှလည်းအရေးမကြီးပဲနဲ့ ဒီ နိုက်ကလပ်တွေလိုဟာမျိုးပေါ့။ ဒါတွေကို တရားမဝင် ကန့်သတ်ထားတဲ့ကြားထဲကနေ ဖွင့်တာတွေဘာတွေဆို။ ဒါတွေဟာ ဘာမှလိုအပ်တဲ့ကိစ္စလည်း မဟုတ်ပဲနဲ့ အင်မတန်တာဝန်မဲ့ပြီးတော့ ပြည်သူအပေါ်မှာရော နိုင်ငံအပေါ်မှာရော စေတနာအင်မတန်နည်းတယ်လို့ ကျမတို့ဒီလိုပဲ သတ်မှတ်ရမှာပဲ။ ဒါကြောင့်မို့ ဒါတွေဟာ အရေးယူမှာ။ ကျမတို့ကြပ်ကြပ်မတ်မတ် အရေးယူမယ်၊ တင်းတင်းကြပ်ကြပ်အရေးယူမယ်။ အရေးယူတယ်ဆိုတာ ဒေါသစိတ်နဲ့မဟုတ်ဘူး။ ကျမတို့ရဲ့ နိုင်ငံကို ကာကွယ်ရမယ်ဆိုတဲ့စိတ်နဲ့သာ အရေးယူရမှာဖြစ်ပါတယ်။”

ရောဂါကူးစက်မှုတွေ တိုးလာတဲ့ ရခိုင်ပြည်နယ်မှာတော့ မလိုအပ်ရင် အိမ်ပြင်မထွက်ဖို့နဲ့ ခရီးသွားလာမှုတွေကို ကန့်သတ်ထားပြီး ရန်ကုန်တိုင်းအတွင်းက မြို့နယ် ၇ မြို့နယ်မှာလည်း အလားတူ အိမ်မှာနေဖို့ ညွှန်ကြားထားပါတယ်။ ဒါပေမဲ့လည်း ရခိုင်ပြည်နယ်ကနေ ရန်ကုန်အပါအဝင် တခြားဒေသတွေကို ခရီးသွားသူတွေ အများအပြား ရှိခဲ့တာကြောင့် ရောဂါပြန့်ပွားမယ့် အန္တရာယ် ရှိနေတာကိုလည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က အလေးထား ပြောဆိုသွားခဲ့တာပါ။ အထူးသဖြင့် လူနေထူထပ်တဲ့ ရန်ကုန်လို နေရာမျိုးမှာ ရောဂါကာကွယ်ထိန်းချုပ်ရေး ထိထိရောက်ရောက် မလုပ်နိုင်ရင် အန္တရာယ်ကြီးမားတယ်လို့လည်း သတိပေးခဲ့ပါတယ်။

“ရောဂါပိုးကူးစက်နေတဲ့ ပြည်သူတွေဟာ ရန်ကုန်တိုင်းမှာ ၄၀၀ ရှိသွားပါပြီ။ နောက်ပြီးတော့ ဒီမြို့နယ်တွေမှာ ၃ယောက်ကျော်ပြီးတော့ အစတုန်းကတည်းက ၃ ယောက်ကျော်လို့ရှိရင် ကျမတို့ Stay at Home လုပ်ပါတယ်။ အဲတော့ ၃ယောက်ကျော်တဲ့မြို့နယ်တွေဟာလည်း တော်တော်များလာပါပြီ။ အဲတော့ ရန်ကုန်မှာတော့ တော်တော်ကျယ်ကျယ်ပြန့်ပြန့် Stay at Home အစီအစဉ်တွေလုပ်ရမယ်။ ရန်ကုန်သူ ရန်ကုန်သားတွေက အခုချိန်မှာ သူတို့အစွမ်းပြရမယ်။ တကယ်ပဲ ကိုယ့်မြို့နယ်အတွက် ကိုယ်ရပ်တည်နိုင်တယ်။ ကိုယ့်ရဲ့ကျန်းမာရေးအတွက် ကိုယ်ရပ်တည်နိုင်တယ်။ ကိုယ်လုပ်နိုင်တယ်။ ကိုယ်ခံနိုင်တယ်ဆိုတာကိုပြဖို့ အချိန်ဖြစ်လာပါပြီ။”

ကပ်ရောဂါကာကွယ်ရေး ညွှန်ကြားချက်တွေကို မလိုက်နာခဲ့ရင် ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေးဥပဒေနဲ့ သာမက ပြစ်ဒဏ်ပိုကြီးတဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနဲ့ပါ အရေးယူဖို့လည်း အတိုင်ပင်ခံပုဂ္ဂိုလ်က သတိပေးခဲ့ပါတယ်။ ဒါပေမဲ့လည်း ကပ်ရောဂါ ထိန်းချုပ်ရေး စည်းကမ်းမလိုက်နာသူတွေကို အရေးယူရာမှာ နောက်ဆက်တွဲ ပြဿနာတွေ ကြုံရမှာကို လူ့အခွင့်အရေး လှုပ်ရှားသူတွေကြား စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

ကိုဗစ်ကူးစက်မှုတွေ ပြန်စနေချိန်မှာ စည်းကမ်းတင်းကြပ်ဖို့ ပိုပြီးလိုအပ်ပေမဲ့ ဒါတွေကိုကိုင်တွယ်ဖြေရှင်းတဲ့အခါ သတိထားဖို့လိုတယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတဦးဖြစ်တဲ့ ညီမျှခြင်းမြန်မာက အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောပါတယ်။

“အဲဒီတော့ စည်းကမ်းနဲ့အမိန့်ကို တာဝန်ယူလုပ်ဆောင်မယ့်သူတွေ ကိုယ်တိုင်ကသေသေချာချာသိရဲ့လား။ ဘယ်လောက်ထိလုပ်ပိုင်ခွင့်ရှိလဲ။ ဘယ်အချက်တွေကတော့ လုပ်ပိုင်ခွင့်ထက်ကျော်လွန်တယ်ဆိုတဲ့ အကြောင်းအရာကို ပထမဦးဆုံးသိဖို့ အရမ်းအရေးကြီးပါတယ်။ တကယ်လို့သာ သူတို့အနေနဲ့ လုပ်ပိုင်ခွင့်အာဏာရှိပြီးတော့ လုပ်သင့်လုပ်ထိုက်တဲ့အကြောင်းကို မသိလို့ရှိရင် သူတို့ဘက်ကလည်း စိုးရိမ်မှုကြီးတဲ့အတွက်ကြောင့်မို့ လိုအပ်တာထက်ပိုမိုပြီးတော့ ကိုင်တွယ်ဖြေရှင်းမှုတွေဖြစ်လာနိုင်တယ်။ အထူးသဖြင့် အခုကာလမှာ လူတွေအကုန်လုံးက ကြောက်လန့်တဲ့အရာမျိုး စိုးရိမ်တဲ့ အရာမျိုးကြီးတဲ့အခါမှာ လုပ်တဲ့ဟာကလူ့အခွင့်အရေးရှုထောင့်က ကြည့်မယ်ဆိုရင် မလုပ်သင့်မလုပ်ထိုက်သောပြစ်ဒဏ်တွေ ကိုင်တွယ်ဖြေရှင်းမှုတွေဖြစ်လာနိုင်တာ အဲဒါမျိုးဆိုရင်တော့ မဖြစ်သင့်ပါဘူးခင်ဗျ။”

ကိုဗစ်ကပ်ရောဂါကာလ လူစုလူဝေးမလုပ်ဖို့ တားမြစ်ထားချိန် ဘာသာရေးအခမ်းအနားပွဲကို ဦးဆောင်ကျင်းပခဲ့တဲ့အတွက် ခရစ်ယာန်တရားဟောဆရာ ဒေးဗစ်လားကို ပြီးခဲ့တဲ့လထဲမှာပဲ ထောင်ဒဏ် ၃လ စီရင်ချက်ချခဲ့သလို၊ ထားဝယ်ခရိုင် ရေဖြူမြို့နယ် မှာ ဘုန်းကြီးပျံပွဲ ကျင်းပခဲ့သူတွေနဲ့ နေအိမ်အတွင်း လူစုလူဝေးနဲ့ ဘာသာရေးဝတ်ပြုဆုတောင်းခဲ့တဲ့ မန္တလေးမြို့၊ ချမ်းမြသာစည် မြို့နယ်က အစ္စလာမ်ဘာသာဝင်တွေကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေတွေနဲ့ ထောင်ဒဏ်ပြစ်ဒဏ်တွေ ချမှတ်ခဲ့ဖူးပါတယ်။

သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေမှာတော့ ဘယ်သူမဆို ဆန်းစစ်ချက်မပြုလုပ်ဘဲနဲ့ ပေါ့ဆစွာ ဆောင်ရွက်တာ၊ ဘေးအန္တရာယ် တခုခု ကျနိုင်တာကို သိလို့ ဖြစ်စေ တမင်လုပ်လို့ဖြစ်စေ သဘာဝဘေးအန္တရာယ်နဲ့ ကြုံရတာ ဒါမှမဟုတ်ရင်လည်း ကြုံရအောင် အကြောင်းရင်းတွေ ဖန်တီးတယ်ဆိုရင် ၃ နှစ်ထက် မပိုတဲ့ ထောင်ဒဏ်၊ ငွေဒဏ်၊ ဒါမှမဟုတ် ပြစ်ဒဏ် ၂ ရပ်စလုံး ချမှတ်နိုင်တယ်လို့ ပြဌာန်းထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG