သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကန္႔သတ္ခ်က္ မလုိက္နာလို႔ အေရးယူခံရသူ အေရအတြက္မ်ား


ကန္႔သတ္မႈအခ်ဳိ႕ ေျဖေလွ်ာ့ေပးလိုက္သည့္ လႈိင္သာယာၿမိဳ႕နယ္တြင္ သြားလာေနၾကသူတခ်ိဳ႕။ (ေမ ၁၆၊ ၂၀၂၀)

[Zawgyi/Unicode]

COVID- 19 ေရာဂါကူးစက္ခံရသူ တိုးလာတာနဲ႔အမွ် ခ်မွတ္ထားတဲ့ ကပ္ေရာဂါထိန္းခ်ဳပ္ကာကြယ္ေရး စည္းမ်ဥ္းခ်ိဳးေဖာက္သူေတြကိုလည္း ေနရာေတာ္ေတာ္မ်ားမ်ားမွာ အေရးယူတာေတြ တိုးလာေနတဲ့အေၾကာင္း ေျပာျပပါမယ္။ ဒီသတင္းကို ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္စုစုက တင္ဆက္ေပးမွာပါ။

ကပ္ေရာဂါကူးစက္ေတြ တိုးလာေနခ်ိန္မွာပဲ ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရး စည္းကမ္းေတြ တိုးျမႇင့္ထားရာမွာ မလိုက္နာသူေတြကိုလည္း ဖမ္းဆီးအေရးယူမႈေတြ တိုးလာေနပါတယ္။ ရခိုင္ျပည္နယ္ၿပီးရင္ ကူးစက္မႈ ဒုတိယအမ်ားဆုံး ျဖစ္ေနတဲ့ ရန္ကုန္တိုင္းမွာ ဆိုရင္လည္း ၿမိဳ႕နယ္၇ ၿမိဳ႕နယ္မွာ မလိုအပ္ဘဲ အိမ္ျပင္မထြက္ၾကဖို႔ အမိန႔္ထုတ္ျပန္ထားပါတယ္။ အဲဒါအျပင္ ညမထြက္ရအမိန႔္ မလိုက္နာသူေတြကို အေရးယူေနတာ မေန႔က တရက္တည္း ၆၀၀ ေက်ာ္ ရွိတယ္လို႔လည္း ရန္ကုန္တိုင္းရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားပါတယ္။

မႏၲေလးတိုင္းမွာလည္း ညမထြက္ရအမိန႔္ ေဖာက္ဖ်က္သူေတြကို အေရးယူတာေတြ စတင္ေနၿပီလို႔ မႏၲေလးတိုင္း လုံၿခဳံေရးနဲ႔ နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မႉးႀကီးေက်ာ္ေက်ာ္မင္းက ေျပာပါတယ္။

“တေန႔က ဖမ္းတဲ့အခါမွာ အားလုံးေပါင္း ၅၆ ေယာက္။ ဒီၿမိဳ႕နယ္ ၇ ၿမိဳ႕နယ္မွာ ညဘက္ထြက္တဲ့သူေတြကို ဖမ္းဆီးရမိတာရွိတယ္။ ဒါကေတာ့ ပထမပိုင္းေပါ့။ အားလုံးျပန္ၿပီးေတာ့ စုစုေပါင္းေျပာမယ္ဆိုရင္ မတ္လ ၂၅ ကေန ဩဂုတ္လကုန္အထိ ညမထြက္ရအမိန႔္ကိုခ်ိဳးေဖာက္ၿပီးေတာ့ ပုဒ္မ ၁၈၈ နဲ႔ အေရးယူတဲ့အမႈ ၁၀၉ မႈရွိပါၿပီ။”

စစ္ကိုင္းတိုင္းအတြင္းမွာလည္း ေမလ ၂၅ရက္ကစၿပီး မေန႔ကအထိ ႏွာေခါင္းစည္းမတပ္ပဲ အိမ္ျပင္ထြက္သူေတြကို ကူးစက္ေရာဂါကာကြယ္ ႏွိမ္နင္းေရးဥပေဒနဲ႔ အေရးယူထားတာ ၄,၀၀၀ ေက်ာ္အထိရွိလာပါၿပီ။ ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရး စည္းကမ္းမလိုက္နာသူေတြကို ထိထိေရာက္ေရာက္အေရးယူဖို႔ ျပည္ထဲေရးဝန္ႀကီးဌာနကိုလည္း ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ဒီသီတင္းပတ္ထဲ အြန္လိုင္းေဆြးေႏြးခန္းမွာ သတိေပးထားပါတယ္။

ျပည္တြင္း ကူးစက္လူနာရွိလာတဲ့ မြန္ျပည္နယ္မွာေတာ့ ကိုဗစ္ဗဟိုေကာ္မတီက ထုတ္ျပန္ထားတဲ့ ၫႊန္ၾကားခ်က္ေတြအတိုင္း ေဆာင္႐ြက္ေနၿပီး ညမထြက္ရအမိန႔္နဲ႔ တျခားေဒသႏၲရအမိန႔္ေတြကိုေတာ့ သီးျခားထုတ္ထားတာမရွိေပမဲ့ ေရာဂါကာကြယ္ေရးအပိုင္းမွာ အရွိန္ျမႇင့္ေဆာင္႐ြက္ေနတယ္လို႔ မြန္ျပည္နယ္အစိုးရအဖြဲ႔ ညႊန္ၾကားေရးမႉး ဦးျမင့္သန္းဝင္းက ေျပာပါတယ္။

“က်ေနာ္တို႔ဆီမွာက (ပိုးေတြ႕လူနာ) ၁၁ေယာက္ျဖစ္သြားတဲ့အတြက္ ေလာေလာဆယ္မွာ မုပြန္ရပ္ကြက္ရယ္၊ စစ္ကဲကုန္းရပ္ကြက္ရယ္ေပါ့ေနာ္။ အဲရပ္ကြက္ႏွစ္ခုကိုေတာ့ က်ေနာ္တို႔ Stay at Home သတ္မွတ္ထားတယ္။ က်ေနာ္တို႔ မြန္ျပည္နယ္ကို ပဲခူးဘက္ကေနဝင္လာမယ့္ ဝင္ေပါက္မွာ က်ိဳက္ထို၊ မုပလင္နဲ႔ သိမ္ဇရပ္မွာ Thermal Scanner ၂ လုံးနဲ႔ ဂိတ္၂ဂိတ္ဖြင့္ၿပီးေတာ့ စိစစ္ေနတာေတြရွိတယ္။ ရခိုင္ကလာတယ္ဆိုရင္ေတာ့ ေလာေလာဆယ္မွာ Quarantine ဝင္မယ္၊ Swab ယူစစ္မယ္ေပါ့ေနာ္။”

ျပည္သူလူထုၾကား ကပ္ေရာဂါကူးစက္ပ်ံ႕ႏွံ႔တာ မရွိေစဖို႔ ဩဂုတ္လ ၁၀ ရက္ေန႔ေနာက္ပိုင္းကစၿပီး ရခိုင္ျပည္နယ္ကေန ျပန္လာသူေတြရွိရင္ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနကို အေၾကာင္းၾကားဖို႔နဲ႔ ထုတ္ျပန္ထားတဲ့အမိန႔္ၫႊန္ၾကားခ်က္ေတြကို မလိုက္နာခဲ့ရင္ သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈဥပေဒနဲ႔ အေရးယူသြားမယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။

သဘာဝေဘးအႏၲရာယ္ စီမံခန႔္ခြဲမႈဥပေဒမွာ ဘယ္သူမဆို ဆန္းစစ္ခ်က္မျပဳလုပ္ဘဲနဲ႔ ေပါ့ဆစြာေဆာင္႐ြက္တာ၊ ေဘးအႏၲရာယ္တခုခု က်ႏိုင္တာကိုသိလို႔ျဖစ္ေစ တမင္လုပ္လို႔ျဖစ္ေစ သဘာဝေဘးအႏၲရာယ္နဲ႔ ႀကဳံရတာ ဒါမွမဟုတ္ရင္လည္း ႀကဳံရေအာင္အေၾကာင္းရင္းေတြ ဖန္တီးတယ္ဆိုရင္ ၃ႏွစ္ထက္မပိုတဲ့ ေထာင္ဒဏ္၊ ေငြဒဏ္၊ ဒါမွမဟုတ္ ျပစ္ဒဏ္ ၂ရပ္စလုံး ခ်မွတ္ႏိုင္တယ္လို႔ ျပဌာန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကိုဗစ်ကန့်သတ်ချက် မလိုက်နာလို့ အရေးယူခံရသူ အရေအတွက်များ

COVID- 19 ရောဂါကူးစက်ခံရသူ တိုးလာတာနဲ့အမျှ ချမှတ်ထားတဲ့ ကပ်ရောဂါထိန်းချုပ်ကာကွယ်ရေး စည်းမျဉ်းချိုးဖောက်သူတွေကိုလည်း နေရာတော်တော်များများမှာ အရေးယူတာတွေ တိုးလာနေတဲ့အကြောင်း ပြောပြပါမယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက်စုစုက တင်ဆက်ပေးမှာပါ။

ကပ်ရောဂါကူးစက်တွေ တိုးလာနေချိန်မှာပဲ ရောဂါကာကွယ်ထိန်းချုပ်ရေး စည်းကမ်းတွေ တိုးမြှင့်ထားရာမှာ မလိုက်နာသူတွေကိုလည်း ဖမ်းဆီးအရေးယူမှုတွေ တိုးလာနေပါတယ်။ ရခိုင်ပြည်နယ်ပြီးရင် ကူးစက်မှု ဒုတိယအများဆုံး ဖြစ်နေတဲ့ ရန်ကုန်တိုင်းမှာ ဆိုရင်လည်း မြို့နယ်၇ မြို့နယ်မှာ မလိုအပ်ဘဲ အိမ်ပြင်မထွက်ကြဖို့ အမိန့်ထုတ်ပြန်ထားပါတယ်။ အဲဒါအပြင် ညမထွက်ရအမိန့် မလိုက်နာသူတွေကို အရေးယူနေတာ မနေ့က တရက်တည်း ၆၀၀ ကျော် ရှိတယ်လို့လည်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

မန္တလေးတိုင်းမှာလည်း ညမထွက်ရအမိန့် ဖောက်ဖျက်သူတွေကို အရေးယူတာတွေ စတင်နေပြီလို့ မန္တလေးတိုင်း လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်းက ပြောပါတယ်။

“တနေ့က ဖမ်းတဲ့အခါမှာ အားလုံးပေါင်း ၅၆ယောက်။ ဒီမြို့နယ် ၇ မြို့နယ်မှာ ညဘက်ထွက်တဲ့သူတွေကို ဖမ်းဆီးရမိတာရှိတယ်။ ဒါကတော့ ပထမပိုင်းပေါ့။ အားလုံးပြန်ပြီးတော့ စုစုပေါင်းပြောမယ်ဆိုရင် မတ်လ ၂၅ ကနေ ဩဂုတ်လကုန်အထိ ညမထွက်ရအမိန့်ကိုချိုးဖောက်ပြီးတော့ ပုဒ်မ ၁၈၈ နဲ့ အရေးယူတဲ့အမှု ၁၀၉ မှုရှိပါပြီ။”

စစ်ကိုင်းတိုင်းအတွင်းမှာလည်း မေလ ၂၅ရက်ကစပြီး မနေ့ကအထိ နှာခေါင်းစည်းမတပ်ပဲ အိမ်ပြင်ထွက်သူတွေကို ကူးစက်ရောဂါကာကွယ် နှိမ်နင်းရေးဥပဒေနဲ့ အရေးယူထားတာ ၄,၀၀၀ ကျော်အထိရှိလာပါပြီ။ ရောဂါကာကွယ်ထိန်းချုပ်ရေး စည်းကမ်းမလိုက်နာသူတွေကို ထိထိရောက်ရောက်အရေးယူဖို့ ပြည်ထဲရေးဝန်ကြီးဌာနကိုလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီသီတင်းပတ်ထဲ အွန်လိုင်းဆွေးနွေးခန်းမှာ သတိပေးထားပါတယ်။

ပြည်တွင်း ကူးစက်လူနာရှိလာတဲ့ မွန်ပြည်နယ်မှာတော့ ကိုဗစ်ဗဟိုကော်မတီက ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေအတိုင်း ဆောင်ရွက်နေပြီး ညမထွက်ရအမိန့်နဲ့ တခြားဒေသန္တရအမိန့်တွေကိုတော့ သီးခြားထုတ်ထားတာမရှိပေမဲ့ ရောဂါကာကွယ်ရေးအပိုင်းမှာ အရှိန်မြှင့်ဆောင်ရွက်နေတယ်လို့ မွန်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောပါတယ်။

“ကျနော်တို့ဆီမှာက (ပိုးတွေ့လူနာ) ၁၁ယောက်ဖြစ်သွားတဲ့အတွက် လောလောဆယ်မှာ မုပွန်ရပ်ကွက်ရယ်၊ စစ်ကဲကုန်းရပ်ကွက်ရယ်ပေါ့နော်။ အဲရပ်ကွက်နှစ်ခုကိုတော့ ကျနော်တို့ Stay at Home သတ်မှတ်ထားတယ်။ ကျနော်တို့ မွန်ပြည်နယ်ကို ပဲခူးဘက်ကနေဝင်လာမယ့် ဝင်ပေါက်မှာ ကျိုက်ထို၊ မုပလင်နဲ့ သိမ်ဇရပ်မှာ Thermal Scanner ၂ လုံးနဲ့ ဂိတ်၂ဂိတ်ဖွင့်ပြီးတော့ စိစစ်နေတာတွေရှိတယ်။ ရခိုင်ကလာတယ်ဆိုရင်တော့ လောလောဆယ်မှာ Quarantine ဝင်မယ်၊ Swab ယူစစ်မယ်ပေါ့နော်။”

ပြည်သူလူထုကြား ကပ်ရောဂါကူးစက်ပျံ့နှံ့တာ မရှိစေဖို့ ဩဂုတ်လ ၁၀ ရက်နေ့နောက်ပိုင်းကစပြီး ရခိုင်ပြည်နယ်ကနေ ပြန်လာသူတွေရှိရင် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကို အကြောင်းကြားဖို့နဲ့ ထုတ်ပြန်ထားတဲ့အမိန့်ညွှန်ကြားချက်တွေကို မလိုက်နာခဲ့ရင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနဲ့ အရေးယူသွားမယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေမှာ ဘယ်သူမဆို ဆန်းစစ်ချက်မပြုလုပ်ဘဲနဲ့ ပေါ့ဆစွာဆောင်ရွက်တာ၊ ဘေးအန္တရာယ်တခုခု ကျနိုင်တာကိုသိလို့ဖြစ်စေ တမင်လုပ်လို့ဖြစ်စေ သဘာဝဘေးအန္တရာယ်နဲ့ ကြုံရတာ ဒါမှမဟုတ်ရင်လည်း ကြုံရအောင်အကြောင်းရင်းတွေ ဖန်တီးတယ်ဆိုရင် ၃နှစ်ထက်မပိုတဲ့ ထောင်ဒဏ်၊ ငွေဒဏ်၊ ဒါမှမဟုတ် ပြစ်ဒဏ် ၂ရပ်စလုံး ချမှတ်နိုင်တယ်လို့ ပြဌာန်းထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG