သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရမ္းျဗဲကလြဲလို႔ ရခိုင္ျပည္နယ္တခုလံုးမွာ ညမထြက္ရအမိန္႔ ထုတ္ျပန္


ကိုဗစ္ကပ္ေရာဂါကာလ ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕က ျမင္ကြင္း။ (ၾသဂုတ္ ၂၇၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏုိင္ငံမွာ ကုိဗစ္ကပ္ေဘးဒဏ္ အဓိကႀကံဳေနရတဲ့ ရခိုင္ျပည္နယ္ တခုလုံးနီးပါးမွာ ညမထြက္ရအမိန္႔ေတြ ထုတ္ျပန္လုိက္တဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုသက္ႏိုင္က ေျပာျပပါမယ္။

ရခုိင္ျပည္နယ္မွာ ကုိ႐ုိနာဗုိင္းရပ္စ္ကူးစက္မႈေတြ တုိးလာေနရာက ကူးစက္သူအတည္ျပဳလူနာ မရွိေသးတဲ့ ရမ္းၿဗဲၿမိဳ႕နယ္က လဲြလုိ႔ က်န္ေနရာေတြ အားလုံးမွာ ညမထြက္ရအမိန္႔ေတြ ထုတ္ျပန္လုိက္ပါတယ္။ လက္နက္ကုိင္ ပဋိပကၡေတြေၾကာင့္ အေစာပုိင္းမွာကတည္းက ပုဒ္မ ၁၄၄ ညမထြက္ရအမိန္႔ ထုတ္ျပန္ထားတဲ့ ရခိုင္ျပည္နယ္ေျမာက္ပိုင္းက ေက်ာက္ေတာ္၊ ေျမာက္ဦး၊ မင္းျပား၊ ေျမပံု၊ ပုဏၰားကြ်န္း၊ ရေသ့ေတာင္၊ ဘူးသီးေတာင္၊ ေမာင္ေတာၿမိဳ႕နယ္ေတြအျပင္ ေနာက္ထပ္ၿမိဳ႕နယ္ေတြမွာပါ ကပ္ေရာဂါကာကြယ္ေရးအတြက္ တုိးခ်ဲ႕အမိန္႔ထုတ္ျပန္ခဲ့တာျဖစ္ေၾကာင္း ရခိုင္ျပည္နယ္အစိုးရအဖြဲ႔ ေျပာခြင့္ရ စည္ပင္သာယာေရးဝန္ႀကီး ဦးဝင္းျမင့္က ေျပာပါတယ္။

"ဒါကေတာ့ ရန္ကုန္မွာလည္းပဲ အင္းစိန္တို႔ တျခားၿမိဳ႕နယ္ေတြမွာ ကူးစက္မႈမ်ားတဲ့ ၿမိဳ႕နယ္ေတြမွာ ညမထြက္ရ အမိန္႔ေတြ ခ်ထားေပးတယ္။ အသြားအလာေတြ ကန္႔သတ္ ေလာ့ေဒါင္းခ်သင့္တဲ့ ေနရာေတြခ်ၿပီးေတာ့ ပိတ္ဆို႔လိုက္တဲ့ အခါမွာ အေျခအေနေကာင္းသြားတယ္။ အခုလည္း ဒီမွာလည္း ကူးစက္မႈမ်ားတဲ့ အတြက္ေၾကာင့္ ညမထြက္ရအမိန္႔ ထုတ္ျပန္ခ်မွတ္မွသာလွ်င္ က်ေနာ္တို႔ stay home ဆိုတဲ့ဟာလည္း ပိုၿပီးေတာ့ ထိေရာက္မယ္။ အဲဒါေၾကာင့္ ထုတ္ျပန္ရတာျဖစ္ပါတယ္။"

ကပ္ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရးအတြက္ ညမထြက္ရအမိန္႔ ထုတ္ျပန္လိုက္တယ္ ဆိုေပမဲ့လည္း ေဒသခံေတြၾကားမွာေတာ့ စား၀တ္ေနေရး အခက္အခဲႀကံဳရမွာ စုိးရိမ္မႈေတြလည္း ရွိေနပါတယ္။ ေက်ာက္ျဖဴၿမိဳ႕နယ္ လိပ္ခေမာ္ေက်းရြာက ကိုသိန္းညႊန္႔ကေတာ့ က်န္းမာေရးအတြက္ ညမထြက္ရအမိန္႔ ထုတ္ျပန္ထားေပမဲ့ ညဘက္ေတြမွာ အလုပ္ထြက္လုပ္ရတဲ့ အေျခခံလူတန္းစားေတြအတြက္ စဥ္းစားေပးခ်င္တယ္လို႔ ေျပာပါတယ္။

"ညမထြက္ရ အမိန္႔ထုတ္တယ္ဆိုတာကေတာ့ က်ေနာ္တို႔ လက္လုပ္ လက္စားေတြအတြက္ ေတာ္ ေေတာ္အခက္အခဲျဖစ္တယ္။ က်ေနာ္တို႔မွာ ညဘက္ ဒီေရအတက္အက်နဲ႔ ငါးဖမ္းရတယ္။ အခုလို ညမထြက္ အမိန္႔ထုတ္လိုက္ေတာ့ က်ေနာ္တို႔ရဲ႕ စားဝတ္ေနေရးကလည္း ထိခိုက္သြားတာေပါ့ေနာ္။"

ကပ္ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရးအတြက္ ညမထြက္ရအမိန္႔ထုတ္ျပန္လိုက္တယ္ဆိုေပမဲ့လည္း လယ္ယာလုပ္ငန္းနဲ႔ ငါးဖမ္းလုပ္ငန္းကို အမ်ားဆံုးလုပ္ကိုင္ၾကတဲ့ ရခိုင္ျပည္နယ္မွာ အမ်ားျပည္သူအတြက္ အခက္အခဲ ႀကံဳရမွာကုိ ေျမပံုၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္အမတ္ ဦးေဖသန္းတို႔လုိ ေဒသခံႏုိင္ငံေရးအသုိင္းအ၀န္းကလည္း စုိးရိမ္ေနပါတယ္။

"ဆိုးက်ိဳးနဲ႔ ေကာင္းက်ိဳးကို ေျပာမယ္ဆိုရင္ေတာ့ COVID-19နဲ႔ ပတ္သတ္ၿပီး ညမထြက္ရ ဆိုတဲ့ထုတ္ျပန္ခ်က္ဟာ သိပ္ၿပီးေတာ့ မထိေရာက္ဘူး အက်ိဳးလည္း မျပဳဘူး။ ပိုၿပီးေတာ့ထိထိေရာက္ေရာက္ စြမ္းေဆာင္ႏိုင္တာေတာ့ က်ေနာ္တို႔မေတြ႔ဘူး။ ဒါေပမဲ့ လူထုမွာေတာ့ ပိုၿပီးေတာ့ စားဝတ္ေနေရး အခက္ေတြ႔လာတယ္လို႔ ျမင္တယ္ခင္ဗ်ာ။"

ရခိုင္ျပည္နယ္မွာ ဒီကေန႔အထိ ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ ရွိေနၿပီး ၅၀၀ နီးပါးရွိေနၿပီး ျမန္မာတစ္ႏိုင္ငံလံုးမွာ ေရာဂါကူးစက္ခံရသူ ၁,၀၀၀ ေက်ာ္အထိရွိေနတာလည္းျဖစ္ပါတယ္။

ရခိုင္တစ္ျပည္နယ္လံုးမွာ အသြားအလာေတြလည္းကန္႔သတ္ထားသလို မလိုအပ္ဘဲ အျပင္မသြားဖို႔ မျဖစ္မေနသြားရတဲ့ အခါမ်ဳိးမွာလည္း ႏွာေခါင္းစည္းတပ္ဖို႔ အပါအ၀င္ က်န္းမာေရးအတြက္ ထုတ္ျပန္ထားတဲ့ စည္းကမ္းေတြကုိ လုိက္နာၾကဖုိ႔လည္း က်န္းမာေရးဝန္ႀကီးဌာနက ညႊန္ၾကားထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရမ်းဗြဲကလွဲလို့ ရခိုင်ပြည်နယ်တခုလုံးမှာ ညမထွက်ရအမိန့် ထုတ်ပြန်

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ဘေးဒဏ် အဓိကကြုံနေရတဲ့ ရခိုင်ပြည်နယ် တခုလုံးနီးပါးမှာ ညမထွက်ရအမိန့်တွေ ထုတ်ပြန်လိုက်တဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က ပြောပြပါမယ်။

ရခိုင်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေ တိုးလာနေရာက ကူးစက်သူအတည်ပြုလူနာ မရှိသေးတဲ့ ရမ်းဗြဲမြို့နယ်က လွဲလို့ ကျန်နေရာတွေ အားလုံးမှာ ညမထွက်ရအမိန့်တွေ ထုတ်ပြန်လိုက်ပါတယ်။ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် အစောပိုင်းမှာကတည်းက ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ထုတ်ပြန်ထားတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေအပြင် နောက်ထပ်မြို့နယ်တွေမှာပါ ကပ်ရောဂါကာကွယ်ရေးအတွက် တိုးချဲ့အမိန့်ထုတ်ပြန်ခဲ့တာဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က ပြောပါတယ်။

"ဒါကတော့ ရန်ကုန်မှာလည်းပဲ အင်းစိန်တို့ တခြားမြို့နယ်တွေမှာ ကူးစက်မှုများတဲ့ မြို့နယ်တွေမှာ ညမထွက်ရ အမိန့်တွေ ချထားပေးတယ်။ အသွားအလာတွေ ကန့်သတ် လော့ဒေါင်းချသင့်တဲ့ နေရာတွေချပြီးတော့ ပိတ်ဆို့လိုက်တဲ့ အခါမှာ အခြေအနေကောင်းသွားတယ်။ အခုလည်း ဒီမှာလည်း ကူးစက်မှုများတဲ့ အတွက်ကြောင့် ညမထွက်ရအမိန့် ထုတ်ပြန်ချမှတ်မှသာလျှင် ကျနော်တို့ stay home ဆိုတဲ့ဟာလည်း ပိုပြီးတော့ ထိရောက်မယ်။ အဲဒါကြောင့် ထုတ်ပြန်ရတာဖြစ်ပါတယ်။"

ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ညမထွက်ရအမိန့် ထုတ်ပြန်လိုက်တယ် ဆိုပေမဲ့လည်း ဒေသခံတွေကြားမှာတော့ စားဝတ်နေရေး အခက်အခဲကြုံရမှာ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။ ကျောက်ဖြူမြို့နယ် လိပ်ခမော်ကျေးရွာက ကိုသိန်းညွှန့်ကတော့ ကျန်းမာရေးအတွက် ညမထွက်ရအမိန့် ထုတ်ပြန်ထားပေမဲ့ ညဘက်တွေမှာ အလုပ်ထွက်လုပ်ရတဲ့ အခြေခံလူတန်းစားတွေအတွက် စဉ်းစားပေးချင်တယ်လို့ ပြောပါတယ်။

"ညမထွက်ရ အမိန့်ထုတ်တယ်ဆိုတာကတော့ ကျနော်တို့ လက်လုပ် လက်စားတွေအတွက် တော် ေတော်အခက်အခဲဖြစ်တယ်။ ကျနော်တို့မှာ ညဘက် ဒီရေအတက်အကျနဲ့ ငါးဖမ်းရတယ်။ အခုလို ညမထွက် အမိန့်ထုတ်လိုက်တော့ ကျနော်တို့ရဲ့ စားဝတ်နေရေးကလည်း ထိခိုက်သွားတာပေါ့နော်။"

ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ညမထွက်ရအမိန့်ထုတ်ပြန်လိုက်တယ်ဆိုပေမဲ့လည်း လယ်ယာလုပ်ငန်းနဲ့ ငါးဖမ်းလုပ်ငန်းကို အများဆုံးလုပ်ကိုင်ကြတဲ့ ရခိုင်ပြည်နယ်မှာ အများပြည်သူအတွက် အခက်အခဲ ကြုံရမှာကို မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးဖေသန်းတို့လို ဒေသခံနိုင်ငံရေးအသိုင်းအဝန်းကလည်း စိုးရိမ်နေပါတယ်။

"ဆိုးကျိုးနဲ့ ကောင်းကျိုးကို ပြောမယ်ဆိုရင်တော့ COVID-19နဲ့ ပတ်သတ်ပြီး ညမထွက်ရ ဆိုတဲ့ထုတ်ပြန်ချက်ဟာ သိပ်ပြီးတော့ မထိရောက်ဘူး အကျိုးလည်း မပြုဘူး။ ပိုပြီးတော့ထိထိရောက်ရောက် စွမ်းဆောင်နိုင်တာတော့ ကျနော်တို့မတွေ့ဘူး။ ဒါပေမဲ့ လူထုမှာတော့ ပိုပြီးတော့ စားဝတ်နေရေး အခက်တွေ့လာတယ်လို့ မြင်တယ်ခင်ဗျာ။"

ရခိုင်ပြည်နယ်မှာ ဒီကနေ့အထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ရှိနေပြီး ၅၀၀ နီးပါးရှိနေပြီး မြန်မာတစ်နိုင်ငံလုံးမှာ ရောဂါကူးစက်ခံရသူ ၁,၀၀၀ ကျော်အထိရှိနေတာလည်းဖြစ်ပါတယ်။

ရခိုင်တစ်ပြည်နယ်လုံးမှာ အသွားအလာတွေလည်းကန့်သတ်ထားသလို မလိုအပ်ဘဲ အပြင်မသွားဖို့ မဖြစ်မနေသွားရတဲ့ အခါမျိုးမှာလည်း နှာခေါင်းစည်းတပ်ဖို့ အပါအဝင် ကျန်းမာရေးအတွက် ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေကို လိုက်နာကြဖို့လည်း ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG