သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာမွာ ကုိဗစ္ကူးစက္သူ ၂၂ ဦးထပ္တုိး၊ ၁ ဦးေသ 


(Zawgyi/Unicode)

က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာက ကုိဗစ္-၁၉ ကူးစက္သူ (၂၂) ဦး စစ္ေဆးေတြ႔ရွိခဲ့ေၾကာင္း စက္တင္ဘာ ၄ ရက္၊ ေသာၾကာေန႔ မနက္ ၈ နာရီေၾကညာခ်က္မွာ ေဖာ္ျပထားတာေၾကာင့္ ျမန္မာႏုိင္ငံတ၀ွမ္း အခုခ်ိန္ထိ ေရာဂါပုိးကူးစက္သူ စုစုေပါင္း (၁,၁၃၃) ဦး ရွိသြားၿပီ ျဖစ္ပါတယ္။

အခု အသစ္ေတြ႔ရွိတဲ့ လူနာသစ္ (၂၂) ဦးအျပင္ ေသဆုံးသူ (၁) ဦး ရွိေၾကာင္းလည္း က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနရဲ႕ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။ ေသဆုံးသူဟာ ေဝဘာဂီ အထူးကုေဆး႐ုံႀကီးမွာ တက္ေရာက္ကုသမႈခံယူေနတဲ့ အသက္ (၄၆) ႏွစ္ အ႐ြယ္ အမ်ဳိးသမီးတဦး ျဖစ္ပါတယ္။ သူဟာ အေရျပား ေလးဖက္နာေရာဂါအခံရွိသူ ကုိဗစ္-၁၉ ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာ (လူနာအမွတ္ ၁၀၂၃) ျဖစ္ၿပီး ေနာက္ဆုံးအဆင့္ ေက်ာက္ကပ္ပ်က္စီးျခင္းနဲ႔ ႐ုတ္တရက္ ႏွလုံးစည္းခ်က္မမွန္ျဖစ္ၿပီး ႏွလုံးအေမာေဖာက္ျခင္းေၾကာင့္ မေန႔ စက္တင္ဘာလ ၃ ရက္ေန႔ ည (၁၀:၃၀) နာရီအခ်ိန္မွာ ေသဆုံးသြားတာလုိ႔ က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနက ဒီကေန႔ ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

စက္တင္ဘာလ ၃ ရက္ေန႔က ဓါတ္ခြဲမႈနမူနာ ၂,၅၉၄ ခု ျပဳလုပ္အၿပီးမွာ အခု လူနာ (၂၂) ဦးကုိ ထပ္မံ ေတြ႔ရွိခဲ့ျခင္းျဖစ္တယ္လုိ႔ ဆုိပါတယ္။

အခု အသစ္ေတြ႔ရွိတဲ့လူနာ (၂၂) ထဲက (၂၀) ဦးဟာ ရန္ကုန္တုိင္းေဒသႀကီးကျဖစ္ၿပီး က်န္ (၂) ဦးကေတာ့ ရခုိင္ျပည္နယ္နဲ႔ မေကြးတုိင္းေဒသႀကီးတုိ႔က တစ္ဦးစီျဖစ္တယ္လုိ႔ ေဖာ္ျပထားပါတယ္။

ရန္ကုန္တုိင္းေဒသႀကီးအတြင္း ေတြ႔ရွိခဲ့တဲ့ လူနာ (၂၀) ဟာ ၿမိဳ႕နယ္ေပါင္း ၁၂ ၿမိဳ႕နယ္ကျဖစ္တယ္လုိ႔ ဆုိပါတယ္။ အခုရက္ပုိင္းေတြအတြင္း အသစ္ေတြ႔ရွိတဲ့ လူနာေတြထဲမွာ ျပည္ပ ခရီးသြားရာဇ၀င္မရွိတဲ့ ရန္ကုန္တုိင္းေဒသႀကီးအတြင္းကလူေတြ တျဖည္းျဖည္း မ်ားလာေနတာကုိ ေတြ႔ရပါတယ္။

ဒီကေန႔ ထပ္မံေတြ႔ရွိတဲ့ လူနာ (၂၂) ဦးထဲက ရန္ကုန္တုိင္းေဒသႀကီး၊ တာေမြၿမိဳ႕နယ္က တဦးကလြဲလုိ႔ က်န္ (၂၁) ဦးစလုံးဟာ ျပည္ပခရီးသြားရာဇ၀င္ရွိသူေတြ မဟုတ္ဘူးလုိ႔လည္း ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

ရခိုင္ခရီးသြားရာဇဝင္ရွိသူစာရင္း ထုတ္ျပန္ထားသူ ၅,၄၀၉ ထဲက၊ အမ်ားစု ၅၀ ရာခိုင္ႏွႈန္း ေက်ာ္ျဖစ္တဲ့ လူေပါင္း (၂,၅၄၇) က ဖုန္းျပန္ေျဖဖို႔ ပ်က္ကြက္ခဲ့တာေၾကာင့္၊ အျပင္မွာ လြတ္ေနသူေတြထဲ ကိုရုိနာဗုိင္းရပ္စ္ပိုးရွိေနရင္ မိသားစုနဲ႔ ပတ္ဝန္းက်င္ကို အလြယ္တကူ ကူးစက္သြားမွာ စုိးရိမ္ေၾကာင္း ရန္ကုန္ရွိ က်န္းမာေရးဝန္ထမ္းေတြက ဗီြအုိေအကုိ ေျပာခဲ့ပါတယ္။

ျမန္မာႏုိင္ငံမွာ ၾသဂုတ္လလယ္ေလာက္စလုိ႔ အခ်ိန္တုိအတြင္း ကုိဗစ္-၁၉ ကူးစက္မႈေတြ အရွိန္နဲ႔ တေက်ာ့ျပန္ ျဖစ္ေပၚလာေနတာေၾကာင့္ ဒီကိစၥကုိ အဆိုးဆံုး အေျခအေနအထိ မွန္းၿပီး အတတ္ႏိုင္ဆံုးေဆာင္ရြက္ေနတယ္လုိ႔ စက္တင္ဘာ ၁ ရက္ေန႔က ျပဳလုပ္တဲ့ ကုိဗစ္ဆုိင္ရာ အစည္းအေ၀းအတြင္း က်န္းမာေရးနဲ႔ အားကစား၀န္ႀကီး ေဒါက္တာ ျမင့္ေထြးက ေျပာၾကားခဲ့ပါတယ္။

အခုခ်ိန္ထိ ျမန္မာႏုိင္ငံမွာ ကုိဗစ္ကူးစက္ခဲ့သူ (၁,၁၃၃) ဦးထဲက ကုသမႈခံယူၿပီး ေရာဂါပုိး ကင္းစင္လာသူ (၃၅၉) ဦး ရွိေၾကာင္းနဲ႔ ေသဆုံးသူကေတာ့ (၇) ဦးရွိေၾကာင္း က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

..............

မြန်မာမှာ ကိုဗစ်ကူးစက်သူ ၂၂ ဦးထပ်တိုး၊ ၁ ဦးသေ
(Unicode)

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာက ကိုဗစ်-၁၉ ကူးစက်သူ (၂၂) ဦး စစ်ဆေးတွေ့ရှိခဲ့ကြောင်း စက်တင်ဘာ ၄ ရက်၊ သောကြာနေ့ မနက် ၈ နာရီကြေညာချက်မှာ ဖော်ပြထားတာကြောင့် မြန်မာနိုင်ငံတဝှမ်း အခုချိန်ထိ ရောဂါပိုးကူးစက်သူ စုစုပေါင်း (၁,၁၃၃) ဦး ရှိသွားပြီ ဖြစ်ပါတယ်။

အခု အသစ်တွေ့ရှိတဲ့ လူနာသစ် (၂၂) ဦးအပြင် သေဆုံးသူ (၁) ဦး ရှိကြောင်းလည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ သေဆုံးသူဟာ ဝေဘာဂီ အထူးကုဆေးရုံကြီးမှာ တက်ရောက်ကုသမှုခံယူနေတဲ့ အသက် (၄၆) နှစ် အရွယ် အမျိုးသမီးတဦး ဖြစ်ပါတယ်။ သူဟာ အရေပြား လေးဖက်နာရောဂါအခံရှိသူ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (လူနာအမှတ် ၁၀၂၃) ဖြစ်ပြီး နောက်ဆုံးအဆင့် ကျောက်ကပ်ပျက်စီးခြင်းနဲ့ ရုတ်တရက် နှလုံးစည်းချက်မမှန်ဖြစ်ပြီး နှလုံးအမောဖောက်ခြင်းကြောင့် မနေ့ စက်တင်ဘာလ ၃ ရက်နေ့ ည (၁၀:၃၀) နာရီအချိန်မှာ သေဆုံးသွားတာလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

စက်တင်ဘာလ ၃ ရက်နေ့က ဓါတ်ခွဲမှုနမူနာ ၂,၅၉၄ ခု ပြုလုပ်အပြီးမှာ အခု လူနာ (၂၂) ဦးကို ထပ်မံ တွေ့ရှိခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

အခု အသစ်တွေ့ရှိတဲ့လူနာ (၂၂) ထဲက (၂၀) ဦးဟာ ရန်ကုန်တိုင်းဒေသကြီးကဖြစ်ပြီး ကျန် (၂) ဦးကတော့ ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းဒေသကြီးတို့က တစ်ဦးစီဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း တွေ့ရှိခဲ့တဲ့ လူနာ (၂၀) ဟာ မြို့နယ်ပေါင်း ၁၂ မြို့နယ်ကဖြစ်တယ်လို့ ဆိုပါတယ်။ အခုရက်ပိုင်းတွေအတွင်း အသစ်တွေ့ရှိတဲ့ လူနာတွေထဲမှာ ပြည်ပ ခရီးသွားရာဇဝင်မရှိတဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်းကလူတွေ တဖြည်းဖြည်း များလာနေတာကို တွေ့ရပါတယ်။

ဒီကနေ့ ထပ်မံတွေ့ရှိတဲ့ လူနာ (၂၂) ဦးထဲက ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်က တဦးကလွဲလို့ ကျန် (၂၁) ဦးစလုံးဟာ ပြည်ပခရီးသွားရာဇဝင်ရှိသူတွေ မဟုတ်ဘူးလို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ရခိုင်ခရီးသွားရာဇဝင်ရှိသူစာရင်း ထုတ်ပြန်ထားသူ ၅,၄၀၉ ထဲက၊ အများစု ၅၀ ရာခိုင်နှှုန်း ကျော်ဖြစ်တဲ့ လူပေါင်း (၂,၅၄၇) က ဖုန်းပြန်ဖြေဖို့ ပျက်ကွက်ခဲ့တာကြောင့်၊ အပြင်မှာ လွတ်နေသူတွေထဲ ကိုရိုနာဗိုင်းရပ်စ်ပိုးရှိနေရင် မိသားစုနဲ့ ပတ်ဝန်းကျင်ကို အလွယ်တကူ ကူးစက်သွားမှာ စိုးရိမ်ကြောင်း ရန်ကုန်ရှိ ကျန်းမာရေးဝန်ထမ်းတွေက ဗွီအိုအေကို ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ သြဂုတ်လလယ်လောက်စလို့ အချိန်တိုအတွင်း ကိုဗစ်-၁၉ ကူးစက်မှုတွေ အရှိန်နဲ့ တကျော့ပြန် ဖြစ်ပေါ်လာနေတာကြောင့် ဒီကိစ္စကို အဆိုးဆုံး အခြေအနေအထိ မှန်းပြီး အတတ်နိုင်ဆုံးဆောင်ရွက်နေတယ်လို့ စက်တင်ဘာ ၁ ရက်နေ့က ပြုလုပ်တဲ့ ကိုဗစ်ဆိုင်ရာ အစည်းအဝေးအတွင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြောကြားခဲ့ပါတယ်။

အခုချိန်ထိ မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်ခဲ့သူ (၁,၁၃၃) ဦးထဲက ကုသမှုခံယူပြီး ရောဂါပိုး ကင်းစင်လာသူ (၃၅၉) ဦး ရှိကြောင်းနဲ့ သေဆုံးသူကတော့ (၇) ဦးရှိကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG