သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေရြးေကာက္ပြဲ မက်င္းပႏုိင္တဲ့ေနရာေတြ ေအာက္တိုဘာမွာေၾကညာမယ္


ျပည္ေထာင္စုေရြးေကာက္ပဲြေကာ္မရွင္ရံုးခ်ဳပ္။ (ေအာက္တိုဘာ ၂၇၊ ၂၀၁၅)

[Zawgyi/Unicode]

ကုိဗစ္ကပ္ေရာဂါ ျပန္႔ပြားမႈအေျခအေနေၾကာင့္ ေရြးေကာက္ပဲြရက္ကို လတ္တေလာ ေရႊ႕ဆိုင္းဖို႔မရွိေသးေပမဲ့ စစ္ပဲြေတြေၾကာင့္ နယ္ေျမေဒသတခ်ိဳ႕မွာေတာ့ ေရႊ႕ဆိုင္းရဖြယ္ရွိေၾကာင္း ေရြးေကာက္ပဲြ ေကာ္မရွင္က ေျပာဆုိလုိက္တဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုမိုးေဇာ္က တင္ျပေပးပါမယ္။

ဒီရက္ပိုင္းအတြင္း ျမန္မာႏိ္ုင္ငံမွာ COVID 19 ေရာဂါကူးစက္မႈအေျခအေနဟာ တစ္ေန႔တစ္ျခားျမင့္ တက္လာေနၿပီး ဒီကေန႔မွာဆိုရင္ ကူးစက္ခံရသူ ၁,၀၀၀ ေက်ာ္အထိ ေရာက္ရွိလာေနတာပါ။

ဒီလို ေရာဂါကူးစက္မႈ ျမင့္မားလာေနတာေၾကာင့္ ၂၀၂ဝ ျပည့္ေရြးေကာက္ပဲြကို မူလ သတ္မွတ္ထားတဲ့အတိုင္း ႏို၀င္ဘာလမွ က်င္းပႏိုင္ပါ့မလားဆိုတဲ့ စိုးရိမ္မႈေတြလည္း ရွိေနပါတယ္။

ေရြးေကာက္ပဲြေကာ္မရွင္ အဖဲြ႕၀င္ ဦးျမင့္ႏိုင္ကေတာ့ လက္ရွိအေျခအေနအရ ေရြးေကာက္ပဲြ ေရႊ႕ဆိုင္းဖို႔ မရွိေသးေၾကာင္းနဲ႔ ရွိခဲ့ရင္လည္း ေအာက္တိုဘာလမွ ထုတ္ျပန္သြားမယ္လို႔ ေနျပည္ေတာ္ ေရြးေကာက္ပဲြေကာ္မရွင္ရံုးမွာ ဗုဒၶဟူးေန႔က က်င္းပတဲ့ သတင္းစာရွင္းလင္းပဲြမွာ ေျပာဆိုပါတယ္။

“ေရႊ႕ဖို႔အေၾကာင္း အခုထိ မရွိေသးဘူးေပါ့။ ေရႊ႕ရင္ ခုဏကလို ေအာက္တိုဘာလမွာ ႀကိဳတင္ၿပီးေတာ့ ေျပာမွာေပါ့။ မ်ားမ်ားလာတာကလည္း စစ္ေတြနဲ႔ ရန္ကုန္ေပါ့ေနာ္။ က်န္တဲ႔ေနရာေတြမွာေတာ့ ဒီေလာက္ မရွိဘူးေပါ့။ စစ္ေတြနဲ႔ ရန္ကုန္မွာပဲ ပိုမ်ားတာေပါ့။”

၂၀၂၀ေရြးေကာက္ပဲြ မက်င္းပႏိုင္မယ့္ နယ္ေျမေတြကေတာ့ ၀ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရတိုင္းက ၅ ၿမိဳ႕နယ္နဲ႔ ရခိုင္ျပည္နယ္က မဲဆႏၵနယ္ေတြ ပါ၀င္ႏိုင္ေၾကာင္း ေျပာဆိုၿပီး၊ လတ္တေလာစိစစ္ေနေၾကာင္းလည္း ထည့္သြင္းေျပာၾကားပါတယ္။

“အဲဒါေတြ စိစစ္ေနၿပီးေတာ့ ေရြးေကာက္ပဲြနဲ႔ နီးတဲ့အခါမွာေတာ့ အခ်ိန္မီ အဲဒါေတြကို ေၾကညာမွာေပါ့။ ၿမိဳ႔နယ္ တစ္ခုလံုးမက်င္းပႏိုင္ဘူး။ ဒါမွမဟုတ္ ၿမိဳ႔နယ္တစ္ခုအတြင္းမွာ မဲဆႏၵနယ္တစ္ခုေတာ့ မက်င္းပႏိုင္ဘူး။ ဒါမွ မဟုတ္ရင္ ၿမိဳ႕နယ္တစ္ခု၊ မဲဆႏၵနယ္ တစ္ခုအတြင္းမွာ ဘယ္ေက်းရြာအုပ္စု၊ ဘယ္ရပ္ကြက္ကေတာ့ မက်င္းပႏိုင္ဘူး။ ဒါေတြလည္း ႀကိဳၿပီးေတာ့ ေၾကညာသြားမယ္။”

လံုျခံဳေရးအရ ေရြးေကာက္ပဲြေရႊ႕ဆိုင္းတာကို အရင္ေရြးေကာက္ပဲြေတြလို ေအာက္တိုဘာလမွာ ေၾကညာမွာျဖစ္ေၾကာင္း ဦးျမင့္ႏိုင္က ဆက္ေျပာပါတယ္။

ရခိုင္အမ်ိဳးသားပါတီက ေျမပံုၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဖသန္းကေတာ့ တိုက္ပဲြေတြ ျဖစ္ပြားေနတဲ့ ရခိုင္ျပည္နယ္မွာ ေရြးေကာက္ပဲြ က်င္းပႏိုင္မယ့္ အေျခအေနနဲ႔ပတ္သက္ၿပီး အခုလို ေျပာဆိုပါတယ္။

“ရခိုင္ျပည္နယ္အေနနဲ႔ကေတာ့ ၿမိဳ႔နယ္တခ်ိဳ႕မွာေတာ့ ေရြးေကာက္ပဲြျဖစ္ႏိုင္မွာ မဟုတ္ဘူးလို႔ က်ေနာ္တို႔ကေတာ့ ေမွ်ာ္လင့္ထားတယ္။ ဒါေပမဲ့ တဘက္မွာ AA တပ္ေတာ္ဘက္ကလည္းေရြးေကာက္ပဲြကို အေႏွာက္အယွက္မေပးဘူး။ သူတို႔လိုလားတယ္ဆိုတဲ့ ေၾကညာခ်က္မ်ိဳးထုတ္ထားေတာ့၊ ဒါက တစ္ဘက္ မေႏွာင့္ယွက္ဘူး။ တိုက္ပဲြေတြလည္း အဲဒီကာလ ၾကားထဲမွာ ရပ္တန႔္ထားမယ္ဆိုရင္ေတာ့ ေရြးေကာက္ပဲြက ရာခိုင္ႏႈန္း အျပည့္မဟုတ္ရင္ေတာင္မွ လုပ္ႏိုင္တဲ့ေဒသေတြကို လုပ္မယ္ဆိုရင္ လုပ္ျဖစ္တယ္။ ဒါေပမဲ့ ေရြးေကာက္ပဲြ ေကာ္မရွင္ရဲ႕ သေဘာထား၊ တစ္နည္းအားျဖင့္ အစိုးရရဲ႕ သေဘာထားေပၚ မူတည္တယ္လို႔ ျမင္ပါတယ္။”

လာမယ့္ ေရြးေကာက္ပဲြကို ေစာင့္ၾကည့္ေလ့လာသြားမယ့္ ဖန္တီးအိမ္အရပ္ဘက္အဖဲြ႕ရဲ႕ ဒါ႐ိုက္တာ ေဒၚခင္ေလးငယ္ကေတာ့ COVID ကပ္ေရာဂါေၾကာင့္ ေရြးေကာက္ပဲြေရႊ႕ဆိုင္းတာမ်ိဳးရွိရင္လည္း ၿမိဳ႕နယ္အလိုက္ေရႊ႕ဆိုင္းတာကို ဦးစားေပးစဥ္းစားမယ္လို႔ ယူဆေၾကာင္း ေျပာပါတယ္။

“ဥပေဒထဲမွာေတာ့ ေရြးေကာက္ပဲြေကာ္မရွင္က သဘာ၀ ေဘးအႏၲရာယ္ေၾကာင့္ျဖစ္ေစ၊ လံုျခံဳေရး အေျခအေနေၾကာင့္ျဖစ္ေစ ေရြးေကာက္ပဲြကို သူက တစ္စံုလံုးလို႔ မဟုတ္ဘဲနဲ႔ နယ္ေျမအလိုက္ေပါ့ ေရြးေကာက္ပဲြကို သီးျခားစီလည္း ခဲြၿပီးေတာ့ ေရႊ႕ဆိုင္းတာမ်ိဳး လုပ္လို႔ ရတယ္လို႔ေတာ့ ပါတယ္။ ပါေတာ့ က်မထင္တာကေတာ့ ေရႊ႕ဆိုင္းမယ္ဆိုလည္း ေရြးေကာက္ပဲြ ရက္ေတြ အကုန္လံုး ေရႊ႕ဆိုင္းတာထက္ နယ္ေျမအလိုက္ခဲြျခားၿပီး ေရႊ႕ဆိုင္းတာမ်ိဳးေတြ လုပ္ဖို႔ ပထမ ဦးစားေပး စဥ္းစားလိမ့္မယ္လို႔ ထင္တယ္။ ဒါမွ မဟုတ္ တစ္ႏိုင္ငံလံုးမွာကို COVID အေျခအေန ျပန္႔ပြားလာရင္ေတာ့ ေရြးေကာက္ပဲြက်င္းပမယ့္ ရက္ကို ေရႊ႕ဖို႔ေတာ့ ျဖစ္ေကာင္းျဖစ္လာႏိုင္တယ္။”

ေရြးေကာက္ပဲြ ေကာ္မရွင္ကေတာ့ COVID ကပ္ေရာဂါ ကာလအတြင္း က်င္းပမယ့္ ေရြးေကာက္ပဲြမွာ လံုျခံဳစိတ္ခ်စြာ မဲေပးႏိုင္ေရးအတြက္ မဲရံုအေရအတြက္ တိုးျမွင့္တာ၊ မဲရံုနယ္ေျမ တိုးခ်ဲ႕တာေတြလုပ္ေဆာင္ဖို႔ အျပင္ မဲဆြယ္စည္းရံုးရာမွာလည္း တိက်တဲ့ စည္းကမ္းေတြထုတ္ျပန္သြားဖို႔ ျပင္ဆင္ေနေၾကာင္းလည္း သတင္းစာရွင္းလင္းပဲြမွာ ေျပာဆိုထားပါတယ္။

လာမယ့္ေရြးေကာက္ပဲြမွာေတာ့ ျပည္သူ႔လႊတ္ေတာ္အတြက္ ကိုယ္စားလွယ္ ၁,၉၄၈ ဦး၊ အမ်ိဳးသားလႊတ္ေတာ္အတြက္ ၉၇၆ ဦး၊ ျပည္နယ္နဲ႔ တိုင္းေဒသႀကီးအတြက္ ၃,၈၄၇ ဦး၊ တိုင္းရင္းသားလူမ်ိဳးေရးရာကိုယ္စားလွယ္အတြက္ ၂၁၂ ဦးတို႔ ယွဥ္ၿပိဳင္ၾကမွာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့နေရာတွေ အောက်တိုဘာမှာကြေညာမယ်

ကိုဗစ်ကပ်ရောဂါ ပြန့်ပွားမှုအခြေအနေကြောင့် ရွေးကောက်ပွဲရက်ကို လတ်တလော ရွှေ့ဆိုင်းဖို့မရှိသေးပေမဲ့ စစ်ပွဲတွေကြောင့် နယ်မြေဒေသတချို့မှာတော့ ရွှေ့ဆိုင်းရဖွယ်ရှိကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ပြောဆိုလိုက်တဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က တင်ပြပေးပါမယ်။

ဒီရက်ပိုင်းအတွင်း မြန်မာနိုင်ငံမှာ COVID 19 ရောဂါကူးစက်မှုအခြေအနေဟာ တစ်နေ့တစ်ခြားမြင့် တက်လာနေပြီး ဒီကနေ့မှာဆိုရင် ကူးစက်ခံရသူ ၁,၀၀၀ ကျော်အထိ ရောက်ရှိလာနေတာပါ။

ဒီလို ရောဂါကူးစက်မှု မြင့်မားလာနေတာကြောင့် ၂၀၂ဝ ပြည့်ရွေးကောက်ပွဲကို မူလ သတ်မှတ်ထားတဲ့အတိုင်း နိုဝင်ဘာလမှ ကျင်းပနိုင်ပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်ကတော့ လက်ရှိအခြေအနေအရ ရွေးကောက်ပွဲ ရွှေ့ဆိုင်းဖို့ မရှိသေးကြောင်းနဲ့ ရှိခဲ့ရင်လည်း အောက်တိုဘာလမှ ထုတ်ပြန်သွားမယ်လို့ နေပြည်တော် ရွေးကောက်ပွဲကော်မရှင်ရုံးမှာ ဗုဒ္ဓဟူးနေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။

“ရွှေ့ဖို့အကြောင်း အခုထိ မရှိသေးဘူးပေါ့။ ရွှေ့ရင် ခုဏကလို အောက်တိုဘာလမှာ ကြိုတင်ပြီးတော့ ပြောမှာပေါ့။ များများလာတာကလည်း စစ်တွေနဲ့ ရန်ကုန်ပေါ့နော်။ ကျန်တဲ့နေရာတွေမှာတော့ ဒီလောက် မရှိဘူးပေါ့။ စစ်တွေနဲ့ ရန်ကုန်မှာပဲ ပိုများတာပေါ့။”

၂၀၂၀ရွေးကောက်ပွဲ မကျင်းပနိုင်မယ့် နယ်မြေတွေကတော့ ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းက ၅ မြို့နယ်နဲ့ ရခိုင်ပြည်နယ်က မဲဆန္ဒနယ်တွေ ပါဝင်နိုင်ကြောင်း ပြောဆိုပြီး၊ လတ်တလောစိစစ်နေကြောင်းလည်း ထည့်သွင်းပြောကြားပါတယ်။

“အဲဒါတွေ စိစစ်နေပြီးတော့ ရွေးကောက်ပွဲနဲ့ နီးတဲ့အခါမှာတော့ အချိန်မီ အဲဒါတွေကို ကြေညာမှာပေါ့။ မြို့နယ် တစ်ခုလုံးမကျင်းပနိုင်ဘူး။ ဒါမှမဟုတ် မြို့နယ်တစ်ခုအတွင်းမှာ မဲဆန္ဒနယ်တစ်ခုတော့ မကျင်းပနိုင်ဘူး။ ဒါမှ မဟုတ်ရင် မြို့နယ်တစ်ခု၊ မဲဆန္ဒနယ် တစ်ခုအတွင်းမှာ ဘယ်ကျေးရွာအုပ်စု၊ ဘယ်ရပ်ကွက်ကတော့ မကျင်းပနိုင်ဘူး။ ဒါတွေလည်း ကြိုပြီးတော့ ကြေညာသွားမယ်။”

လုံခြုံရေးအရ ရွေးကောက်ပွဲရွှေ့ဆိုင်းတာကို အရင်ရွေးကောက်ပွဲတွေလို အောက်တိုဘာလမှာ ကြေညာမှာဖြစ်ကြောင်း ဦးမြင့်နိုင်က ဆက်ပြောပါတယ်။

ရခိုင်အမျိုးသားပါတီက မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကတော့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲ ကျင်းပနိုင်မယ့် အခြေအနေနဲ့ပတ်သက်ပြီး အခုလို ပြောဆိုပါတယ်။

“ရခိုင်ပြည်နယ်အနေနဲ့ကတော့ မြို့နယ်တချို့မှာတော့ ရွေးကောက်ပွဲဖြစ်နိုင်မှာ မဟုတ်ဘူးလို့ ကျနော်တို့ကတော့ မျှော်လင့်ထားတယ်။ ဒါပေမဲ့ တဘက်မှာ AA တပ်တော်ဘက်ကလည်းရွေးကောက်ပွဲကို အနှောက်အယှက်မပေးဘူး။ သူတို့လိုလားတယ်ဆိုတဲ့ ကြေညာချက်မျိုးထုတ်ထားတော့၊ ဒါက တစ်ဘက် မနှောင့်ယှက်ဘူး။ တိုက်ပွဲတွေလည်း အဲဒီကာလ ကြားထဲမှာ ရပ်တန့်ထားမယ်ဆိုရင်တော့ ရွေးကောက်ပွဲက ရာခိုင်နှုန်း အပြည့်မဟုတ်ရင်တောင်မှ လုပ်နိုင်တဲ့ဒေသတွေကို လုပ်မယ်ဆိုရင် လုပ်ဖြစ်တယ်။ ဒါပေမဲ့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ သဘောထား၊ တစ်နည်းအားဖြင့် အစိုးရရဲ့ သဘောထားပေါ် မူတည်တယ်လို့ မြင်ပါတယ်။”

လာမယ့် ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာသွားမယ့် ဖန်တီးအိမ်အရပ်ဘက်အဖွဲ့ရဲ့ ဒါရိုက်တာ ဒေါ်ခင်လေးငယ်ကတော့ COVID ကပ်ရောဂါကြောင့် ရွေးကောက်ပွဲရွှေ့ဆိုင်းတာမျိုးရှိရင်လည်း မြို့နယ်အလိ်ုက်ရွှေ့ဆိုင်းတာကို ဦးစားပေးစဉ်းစားမယ်လို့ ယူဆကြောင်း ပြောပါတယ်။

“ဥပဒေထဲမှာတော့ ရွေးကောက်ပွဲကော်မရှင်က သဘာ၀ ဘေးအန္တရာယ်ကြောင့်ဖြစ်စေ၊ လုံခြုံရေး အခြေအနေကြောင့်ဖြစ်စေ ရွေးကောက်ပွဲကို သူက တစ်စုံလုံးလို့ မဟုတ်ဘဲနဲ့ နယ်မြေအလိုက်ပေါ့ ရွေးကောက်ပွဲကို သီးခြားစီလည်း ခွဲပြီးတော့ ရွှေ့ဆိုင်းတာမျိုး လုပ်လို့ ရတယ်လို့တော့ ပါတယ်။ ပါတော့ ကျမထင်တာကတော့ ရွှေ့ဆိုင်းမယ်ဆိုလည်း ရွေးကောက်ပွဲ ရက်တွေ အကုန်လုံး ရွှေ့ဆိုင်းတာထက် နယ်မြေအလိုက်ခွဲခြားပြီး ရွှေ့ဆိုင်းတာမျိုးတွေ လုပ်ဖို့ ပထမ ဦးစားပေး စဉ်းစားလိမ့်မယ်လို့ ထင်တယ်။ ဒါမှ မဟုတ် တစ်နိုင်ငံလုံးမှာကို COVID အခြေအနေ ပြန့်ပွားလာရင်တော့ ရွေးကောက်ပွဲကျင်းပမယ့် ရက်ကို ရွှေ့ဖို့တော့ ဖြစ်ကောင်းဖြစ်လာနိုင်တယ်။”

ရွေးကောက်ပွဲ ကော်မရှင်ကတော့ COVID ကပ်ရောဂါ ကာလအတွင်း ကျင်းပမယ့် ရွေးကောက်ပွဲမှာ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရေးအတွက် မဲရုံအရေအတွက် တိုးမြှင့်တာ၊ မဲရုံနယ်မြေ တိုးချဲ့တာတွေလုပ်ဆောင်ဖို့ အပြင် မဲဆွယ်စည်းရုံးရာမှာလည်း တိကျတဲ့ စည်းကမ်းတွေထုတ်ပြန်သွားဖို့ ပြင်ဆင်နေကြောင်းလည်း သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။

လာမယ့်ရွေးကောက်ပွဲမှာတော့ ပြည်သူ့လွှတ်တော်အတွက် ကိုယ်စားလှယ် ၁,၉၄၈ ဦး၊ အမျိုးသားလွှတ်တော်အတွက် ၉၇၆ ဦး၊ ပြည်နယ်နဲ့ တိုင်းဒေသကြီးအတွက် ၃,၈၄၇ ဦး၊ တိုင်းရင်းသားလူမျိုးရေးရာကိုယ်စားလှယ်အတွက် ၂၁၂ ဦးတို့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG