သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

NLD ပါတီရဲ႕ ၂၀၂၀ ေရြးေကာက္ပြဲ ေၾကညာစာတမ္းအေပၚ သုံးသပ္ခ်က္


NLD ပါတီရဲ႕ ၂၀၂၀ ေရြးေကာက္ပြဲ ေၾကညာစာတမ္း-National League for Democracy facebook

(Zawgyi/Unicode)

အာဏာရ အမ်ိဳးသားဒီမိုကေရစီအဖဲြ႔ခ်ဳပ္ NLD ပါတီရဲ႕ ၂၀၂၀ ျပည့္ ေရြးေကာက္ပဲြ ေၾကညာစာတမ္းဟာ ၿပီးခဲ့တဲ့ တႀကိမ္နဲ႔ ဘာေတြကြာျခားသြားသလဲ ဆိုတာကို တင္ျပပါမယ္။ ဒီသတင္းကို ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုမိုးေဇာ္က တင္ဆက္ေပးမွာပါ။

ပါတီရဲ႕ မူ၀ါဒရပ္တည္ခ်က္ေတြနဲ႔ ေဆာင္ရြက္ဖုိ႔ ရည္မွန္းထားတာေတြကုိ ေဖာ္ျပထားတဲ့ NLD ပါတီရဲ႕ ၂၀၂၀ ေရြးေကာက္ပဲြ ေၾကညာစာတမ္းမွာေတာ့ ၿပီးခဲ့တဲ့ ၂၀၁၅ ခုႏွစ္ ေရြးေကာက္ပဲြမတုိင္ခင္ ထုတ္ျပန္ခဲ့တာနဲ႔ ထူးထူးျခားျခား ကြာျခားတာေတြလည္း ပါ၀င္ေနတာ ေတြ႔ရပါတယ္။

ဒီအထဲမွာေတာ့ အရင္က ဦးစားေပးအျဖစ္ NLD ကေျပာထားတဲ့ ၂၀၀၈ ခုႏွစ္ ဖဲြ႔စည္းပုံျပင္ဆင္ေရးနဲ႔ ပတ္သက္လုိ႔ ေယဘုယ် သေဘာသာ ပါ၀င္တာ ေတြ႔ရေၾကာင္းလည္ ႏိုင္ငံေရး ေလ့လာသံုးသပ္သူ ေဒါက္တာရန္မ်ိဳးသိမ္းက ေထာက္ျပပါတယ္။

“ လက္ရွိအေျခအေနမွာ အင္မတန္မွ ႀကီးမားတဲ့ စိန္ေခၚမႈတစ္ရပ္ျဖစ္တဲ့ ဖဲြ႕စည္းပံုအေျခခံဥပေဒ အက်ပ္အတည္းနဲ႔ ပတ္သက္ၿပီးေတာ့ စာမ်က္ႏွာ ၁မွာ စစ္မွန္ေသာ ဒီမိုကေရစီ ဖက္ဒရယ္ ျပည္ေထာင္စု ျဖစ္ထြန္းေစမည့္ ဖဲြ႕စည္းပံုအေျခခံဥပေဒ ေပၚေပါက္ေရး ဆိုတဲ့ အခ်က္တစ္ခ်က္ပဲ ထည့္သြင္း ထားၿပီးေတာ့ ေနာက္ပိုင္း ေဖာ္ျပတဲ့ ေရြးေကာက္ပဲြ ေၾကညာစာတမ္းမွာ ဖဲြ႕စည္းပံုျပင္ဆင္ေရးနဲ႔ ပတ္သက္ၿပီးေတာ့ ေဖာ္ျပထားတာကို မေတြ႕ရပါဘူး။ ၂၀၁၅ခုႏွစ္ ေရြးေကာက္ပဲြေၾကညာစာတမ္းတုန္း ကေတာ့ ဖဲြ႕စည္းပံုအေျခခံဥပေဒကို ဘယ္လို အေျခခံမူေတြအေပၚမွာ အေျချပဳၿပီးေတာ့ ျပင္ဆင္သြားမယ္ဆိုတာမ်ိဳး တိတိလင္းလင္းေဖာ္ျပခဲ့တာမ်ိဳးေတြ႕ရပါတယ္။”

အျခားထူးျခားခ်က္ေတြအေနနဲ႔ ၂၀၁၅ခုႏွစ္ ေၾကညာစာတမ္းမွာ ႏိုင္ငံတကာနဲ႔ ဆက္ဆံေရးမွာ လူထုအေျချပဳအဖဲြ႕ေတြကို အေလးထားမယ္ဆိုတာနဲ႔ သတင္းမီဒီယာေတြရဲ႕ အေရးပါမႈကို ေဖာ္ျပခဲ့ေပမဲ့ ဒီႏွစ္မွာ မပါ၀င္ခဲ့ပါဘူး။ ဒီတႀကိမ္ေၾကညာခ်က္မွာ ကာကြယ္ေရးနဲ႔ လံုျခံဳေရးက႑နဲ႔ ပတ္သက္လုိ႔ ထည့္သြင္းထားတဲ့ ထူးျခားခ်က္ကုိလည္း ေဒါက္တာရန္မ်ိဳးသိမ္းက အခုလို သုံးသပ္ပါတယ္။

“ ဒီကာကြယ္ေရးနဲ႔ လံုျခံဳေရးအပိုင္းမွာေပါ့ေလ။ တပ္မေတာ္သည္ ဒီမိုကေရစီ စံႏႈန္းစံထားမ်ားနဲ႔အညီ ျပည္သူက ေရြးခ်ယ္တင္ေႁမွာက္ထားေသာ အစိုးရ၏ မူဝါဒအေပၚ ရပ္တည္ရန္ ဆိုတဲ့အခ်က္ကို ထည့္သြင္းထားတာ ေတြ႕ရတယ္။ ေနာက္ၿပီးေတာ့ ရဲတပ္ဖဲြ႕နဲ႔ ပတ္သက္ၿပီးေတာ့လည္း ဒီမိုကေရစီစံႏႈန္းမ်ားကို အေျခခံသည့္ တည္ၿငိမ္ေအးခ်မ္းေသာ လူမႈ႔အသိုင္းအဝိုင္းထြန္းကားေရးကို ပံ့ပိုးရန္ အခ်က္ကို ထည့္သြင္းထားတာကို ေတြ႕ရတယ္။ ဒါကေတာ့ ၂၀၂၀မွာ ထူးထူးျခားျခားေပါ့ေလ တပ္မေတာ္ရဲ႕ အခန္းက႑၊ ရဲတပ္ဖဲြ႕ရဲ႕ အခန္းက႑နဲ႔ပတ္သက္ၿပီး ေဖာ္ျပထားတာေတြ႕ရပါတယ္။”

လက္ရွိ ေရြးေကာက္ပဲြ ေၾကညာစာတမ္းမွာ တိုင္းရင္းသားအေရးနဲ႔ ျပည္တြင္းၿငိမ္းခ်မ္းေရး က႑မွာ ေဖာ္ျပခ်က္ေတြဟာ ေယဘုယ်အခ်က္ေတြသာပါ၀င္ၿပီး ဒီထက္ ပိုမိုေဖာ္ျပသင့္ေၾကာင္းလည္း ေဒါက္တာရန္မ်ိဳးသိမ္းက ေထာက္ျပပါတယ္။

ဒီအျမင္အေပၚမွာေတာ့ ျပည္ေထာင္စု အင္စတီက်ဴ႔ရဲ႕သုေတသီ စိုင္းထြန္းေအာင္လြင္ကလည္း ေထာက္ခံထားၿပီး တိုင္းရင္းသားအေရးနဲ႔ပတ္သက္ၿပီး အခုလို သံုးသပ္ထားပါတယ္။

“ အျငင္းပြားစရာရွိတဲ့ ကိစၥကေတာ့ ျမန္မာႏိုင္ငံ ေရရွည္တည္တံခိုင္ၿမဲၿပီး ဟန္ခ်က္ညီေသာ ဖံြ႕ၿဖိဳးတိုးတက္မႈ စီမံကိန္း MSDP နဲ႔ တိုင္းရင္းသားအခြင့္အေရးကာကြယ္ေစာင့္ေရွာက္ေသာ ဥပေဒနဲ႔အတူ တိုင္းရင္းသားေတြရဲ႕ အခြင့္အေရးကို ကာကြယ္ေစာင့္ေရွာက္မည္ဆိုတဲ့ ကိစၥမွာ ဘာေတြ႕ရလဲဆိုေတာ့ အဲဒီ MSDP ကိုက တိုင္းရင္းသားေတြနဲ႔ ခ်ဳပ္ဆိုထားတဲ့ ဥပမာ NCA လိုစာခ်ဳပ္ပါ အေျခခံမူေတြျဖစ္တဲ့ သဘာ၀ ပတ္၀န္းက်င္အေရးတို႔ တြင္းထြက္သံယံဇာတေတြနဲ႔ ပတ္သက္တဲ့အေရးေတြမွာ သူက ေတာ္ေတာ္လဲြတဲ့ဟာေလးေတြ ပါေနေတာ့ ဒီဟာႀကီးကို သူက ေရြးေကာက္ပဲြေၾကညာစာတမ္းမွာ သီးျခားထည့္လာေတာ့ ဒါ ေတာ္ေတာ္လဲြတဲ့ ကိစၥအျဖစ္ ထင္ထင္ရွားရွားေတြ႕ရတယ္ေပါ့ေနာ္။”

NLD ပါတီက ထုတ္ျပန္တဲ့ ၂၀၂၀ ေရြးေကာက္ပဲြေၾကညာစာတမ္းပါ အခ်က္ေတြမွာေတာ့ ဖဲြ႕စည္းပံုအေျခခံဥပေဒအေရး၊ ျပည္တြင္းၿငိမ္းခ်မ္းေရး စတာအျပင္ ကာကြယ္ေရးနဲ႔ လံုျခံဳေရးက႑ပါ အခ်က္ေတြဟာ စိန္ေခၚမႈ အမ်ားဆံုးျဖစ္ႏိုင္မယ္လို႔ သံုးသပ္ထားၾကပါတယ္။

NLD ပါတီအေနနဲ႔ ၂၀၁၅ ေရြးေကာက္ပဲြေၾကညာစာတမ္းမွာ ေဖာ္ျပထားတဲ့အခ်က္ေတြကို အျပည့္အ၀ အေကာင္အထည္မေဖာ္ႏိုင္ခဲ့တာေတြ ရွိခဲ့ၿပီး အဲဒီအထဲက တိုင္းရင္းသားအေရးကိစၥရပ္ေတြကို အေကာင္အထည္မေဖာ္ႏိုင္ခဲ့တာေတြဟာ ျပည္နယ္ေတြမွာ လူထုေထာက္ခံမႈက်ဆင္းေစႏိုင္ေၾကာင္း ေ၀ဖန္တာေတြလည္း ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

NLD ပါတီရဲ့ ၂၀၂၀ ရွေးကောက်ပွဲ ကြေညာစာတမ်းအပေါ် သုံးသပ်ချက်

(Unicode)

အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ၂၀၂၀ ပြည့် ရွေးကောက်ပွဲ ကြေညာစာတမ်းဟာ ပြီးခဲ့တဲ့ တကြိမ်နဲ့ ဘာတွေကွာခြားသွားသလဲ ဆိုတာကို တင်ပြပါမယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က တင်ဆက်ပေးမှာပါ။

ပါတီရဲ့ မူဝါဒရပ်တည်ချက်တွေနဲ့ ဆောင်ရွက်ဖို့ ရည်မှန်းထားတာတွေကို ဖော်ပြထားတဲ့ NLD ပါတီရဲ့ ၂၀၂၀ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာတော့ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်ခင် ထုတ်ပြန်ခဲ့တာနဲ့ ထူးထူးခြားခြား ကွာခြားတာတွေလည်း ပါဝင်နေတာ တွေ့ရပါတယ်။

ဒီအထဲမှာတော့ အရင်က ဦးစားပေးအဖြစ် NLD ကပြောထားတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်လို့ ယေဘုယျ သဘောသာ ပါဝင်တာ တွေ့ရကြောင်းလည် နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက ထောက်ပြပါတယ်။

“ လက်ရှိအခြေအနေမှာ အင်မတန်မှ ကြီးမားတဲ့ စိန်ခေါ်မှုတစ်ရပ်ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ အကျပ်အတည်းနဲ့ ပတ်သက်ပြီးတော့ စာမျက်နှာ ၁မှာ စစ်မှန်သော ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ထွန်းစေမည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေး ဆိုတဲ့ အချက်တစ်ချက်ပဲ ထည့်သွင်း ထားပြီးတော့ နောက်ပိုင်း ဖော်ပြတဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်ပြီးတော့ ဖော်ပြထားတာကို မတွေ့ရပါဘူး။ ၂၀၁၅ခုနှစ် ရွေးကောက်ပွဲကြေညာစာတမ်းတုန်း ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘယ်လို အခြေခံမူတွေအပေါ်မှာ အခြေပြုပြီးတော့ ပြင်ဆင်သွားမယ်ဆိုတာမျိုး တိတိလင်းလင်းဖော်ပြခဲ့တာမျိုးတွေ့ရပါတယ်။”

အခြားထူးခြားချက်တွေအနေနဲ့ ၂၀၁၅ခုနှစ် ကြေညာစာတမ်းမှာ နိုင်ငံတကာနဲ့ ဆက်ဆံရေးမှာ လူထုအခြေပြုအဖွဲ့တွေကို အလေးထားမယ်ဆိုတာနဲ့ သတင်းမီဒီယာတွေရဲ့ အရေးပါမှုကို ဖော်ပြခဲ့ပေမဲ့ ဒီနှစ်မှာ မပါဝင်ခဲ့ပါဘူး။ ဒီတကြိမ်ကြေညာချက်မှာ ကာကွယ်ရေးနဲ့ လုံခြုံရေးကဏ္ဍနဲ့ ပတ်သက်လို့ ထည့်သွင်းထားတဲ့ ထူးခြားချက်ကိုလည်း ဒေါက်တာရန်မျိုးသိမ်းက အခုလို သုံးသပ်ပါတယ်။

“ ဒီကာကွယ်ရေးနဲ့ လုံခြုံရေးအပိုင်းမှာပေါ့လေ။ တပ်မတော်သည် ဒီမိုကရေစီ စံနှုန်းစံထားများနဲ့အညီ ပြည်သူက ရွေးချယ်တင်မြှောက်ထားသော အစိုးရ၏ မူဝါဒအပေါ် ရပ်တည်ရန် ဆိုတဲ့အချက်ကို ထည့်သွင်းထားတာ တွေ့ရတယ်။ နောက်ပြီးတော့ ရဲတပ်ဖွဲ့နဲ့ ပတ်သက်ပြီးတော့လည်း ဒီမိုကရေစီစံနှုန်းများကို အခြေခံသည့် တည်ငြိမ်အေးချမ်းသော လူမှု့အသိုင်းအဝိုင်းထွန်းကားရေးကို ပံ့ပိုးရန် အချက်ကို ထည့်သွင်းထားတာကို တွေ့ရတယ်။ ဒါကတော့ ၂၀၂၀မှာ ထူးထူးခြားခြားပေါ့လေ တပ်မတော်ရဲ့ အခန်းကဏ္ဍ၊ ရဲတပ်ဖွဲ့ရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်ပြီး ဖော်ပြထားတာတွေ့ရပါတယ်။”

လက်ရှိ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာ တိုင်းရင်းသားအရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ကဏ္ဍမှာ ဖော်ပြချက်တွေဟာ ယေဘုယျအချက်တွေသာပါဝင်ပြီး ဒီထက် ပိုမိုဖော်ပြသင့်ကြောင်းလည်း ဒေါက်တာရန်မျိုးသိမ်းက ထောက်ပြပါတယ်။

ဒီအမြင်အပေါ်မှာတော့ ပြည်ထောင်စု အင်စတီကျူ့ရဲ့သုတေသီ စိုင်းထွန်းအောင်လွင်ကလည်း ထောက်ခံထားပြီး တိုင်းရင်းသားအရေးနဲ့ပတ်သက်ပြီး အခုလို သုံးသပ်ထားပါတယ်။

“ အငြင်းပွားစရာရှိတဲ့ ကိစ္စကတော့ မြန်မာနိုင်ငံ ရေရှည်တည်တံခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း MSDP နဲ့ တိုင်းရင်းသားအခွင့်အရေးကာကွယ်စောင့်ရှောက်သော ဥပဒေနဲ့အတူ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်မည်ဆိုတဲ့ ကိစ္စမှာ ဘာတွေ့ရလဲဆိုတော့ အဲဒီ MSDP ကိုက တိုင်းရင်းသားတွေနဲ့ ချုပ်ဆိုထားတဲ့ ဥပမာ NCA လိုစာချုပ်ပါ အခြေခံမူတွေဖြစ်တဲ့ သဘာ၀ ပတ်ဝန်းကျင်အရေးတို့ တွင်းထွက်သံယံဇာတတွေနဲ့ ပတ်သက်တဲ့အရေးတွေမှာ သူက တော်တော်လွဲတဲ့ဟာလေးတွေ ပါနေတော့ ဒီဟာကြီးကို သူက ရွေးကောက်ပွဲကြေညာစာတမ်းမှာ သီးခြားထည့်လာတော့ ဒါ တော်တော်လွဲတဲ့ ကိစ္စအဖြစ် ထင်ထင်ရှားရှားတွေ့ရတယ်ပေါ့နော်။”

NLD ပါတီက ထုတ်ပြန်တဲ့ ၂၀၂၀ ရွေးကောက်ပွဲကြေညာစာတမ်းပါ အချက်တွေမှာတော့ ဖွဲ့စည်းပုံအခြေခံဥပဒေအရေး၊ ပြည်တွင်းငြိမ်းချမ်းရေး စတာအပြင် ကာကွယ်ရေးနဲ့ လုံခြုံရေးကဏ္ဍပါ အချက်တွေဟာ စိန်ခေါ်မှု အများဆုံးဖြစ်နိုင်မယ်လို့ သုံးသပ်ထားကြပါတယ်။

NLD ပါတီအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲကြေညာစာတမ်းမှာ ဖော်ပြထားတဲ့အချက်တွေကို အပြည့်အ၀ အကောင်အထည်မဖော်နိုင်ခဲ့တာတွေ ရှိခဲ့ပြီး အဲဒီအထဲက တိုင်းရင်းသားအရေးကိစ္စရပ်တွေကို အကောင်အထည်မဖော်နိုင်ခဲ့တာတွေဟာ ပြည်နယ်တွေမှာ လူထုထောက်ခံမှုကျဆင်းစေနိုင်ကြောင်း ဝေဖန်တာတွေလည်း ရှိနေပါတယ်။

XS
SM
MD
LG