သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေနျပည္ေတာ္အျပင္ တိုင္းနဲ႔ျပည္နယ္ ငါးခုမွာ ကိုဗစ္ကူးစက္သူ ၃၈ ေယာက္ေတြ႔


ေနအိမ္မ်ားသို႔သြားေရာက္ၿပီး ကိုယ္ပူခ်ိန္တိုင္း၊ က်န္းမာေရးစစ္တမ္းေကာက္ယူေနသည့္ က်န္းမာေရးဝန္ထမ္းမ်ား။ (ေမ ၁၇၊ ၂၀၂၀)

[Zawgyi/Unicode]

ေနျပည္ေတာ္အပါအ၀င္ ျမန္မာႏုိင္ငံတ၀န္းမွာ COVID-19 ဗုိင္းရပ္စ္ကူးစက္ခံရသူ ၃၈ ေယာက္ ထပ္မံေတြ႕ရွိတာေၾကာင့္ ကူးစက္ခံရသူအေရအတြက္ ၁,၁၇၁ ေယာက္ရွိသြားၿပီျဖစ္တယ္လို႔ က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနက ဒီေန႔ည ၈ နာရီ ထုတ္ျပန္ခ်က္မွာ ေျပာပါတယ္။

ဓာတ္ခဲြနမူနာ ၁,၆၄၂ ခုကို ဒီေန႔ စစ္ေဆးခဲ့တာမွာ ေနာက္ထပ္ ေရာဂါပိုးကူးစက္သူ ၃၈ ေယာက္ ေတြ႔ရွိခဲ့တာပါ။

ဒီေန႔ေတြ႔ရွိတဲ့ ၃၈ ေယာက္ထဲမွာ ဧရာဝတီတိုင္း၊ ပုသိမ္ၿမိဳ႕နယ္က တစ္ေယာက္က ရခုိင္ျပည္နယ္ကုိ မၾကာေသးခင္က သြားထားသူျဖစ္ၿပီး မြန္ျပည္နယ္၊ က်ဳိက္ထိုၿမိဳ႕နယ္က တစ္ေယာက္ကေတာ့ Stay Home ေနဖို႔ သတ္မွတ္ထားတဲ့ ၿမိဳ႕နယ္ေတြကို သြားခဲ့တာေၾကာင့္ အသြားအလာ ကန္႔သတ္ထားသူေတြျဖစ္ပါတယ္။ က်န္တဲ့သူေတြကေတာ့ ဘာအဆက္အစပ္မွ မရွိဘဲ ျပည္တြင္းမွာ ကူးစက္ခံရတာပါ။

က်န္ ကူးစက္ခံရသူေတြထဲမွာ မႏၱေလးတုိင္း ျမင္းၿခံၿမိဳ႕နယ္က ၈ ေယာက္၊ ေနျပည္ေတာ္ေကာင္စီေဒသတြင္း ဒကၡိဏသီရိနဲ႔ ဇဗၺဴသီရိၿမိဳ႕နယ္ေတြက ၂ ေယာက္စီနဲ႔ ဥတၱရသီရိ၊ ပ်ဥ္းမနားနဲ႔ တပ္ကုန္းၿမိဳ႕နယ္ေတြက ၁ ေယာက္စီ ျဖစ္ပါတယ္။

ရန္ကုန္တုိင္းက ၁၄ ေယာက္ျဖစ္ၿပီး ေျမာက္ဥကၠလာက ၃ ေယာက္၊ ဒဂုံအေရွ႕နဲ႔ ေတာင္ပိုင္းက ၂ ေယာက္စီ ၊ ဒဂုံေျမာက္၊ သဃၤန္းကၽြန္း၊ ပန္းဘဲတန္း၊ မရမ္းကုန္း၊ မဂၤလာေတာင္ညႊန္႔၊ တြံေတးနဲ႔ ေတာင္ဥကၠလာၿမိဳ႕နယ္ေတြက ၁ ေယာက္စီပါ၀င္ပါတယ္။

ရခုိင္ျပည္နယ္ဘက္မွာေတာ့ ပုဏၰားကၽြန္းက ၃ ေယာက္၊ ေက်ာက္ျဖဴနဲ႔ ဘူးသီးေတာင္က ၂ ေယာက္စီ ပါဝင္ပါတယ္။

ဒီေန႔ စက္တင္ဘာ ၄ ရက္ေန႔ မနက္ ၈နာရီ ထုတ္ျပန္ခ်က္မွာေတာ့ ေရာဂါအတည္ျပဳလူနာအမွတ္စဥ္ ၁,၀၂၃ ဟာ ေ၀ဘာဂီေဆး႐ုံးမွာ ေသဆုံးသြားခဲ့တဲ့အတြက္ အခုဆုိရင္ ဗုိင္းရပ္စ္ေၾကာင့္ ေသဆုံးသူ ၇ ဦး ရွိၿပီလို႔ က်န္းမာေရး၀န္ႀကီးဌာနက အတည္ျပဳထားပါတယ္။

ဒါ့အျပင္ မေန႔ကနဲ႔ ဒီေန႔ ေန႔လယ္ ၁၂ နာရီအထိ ေနာက္ထပ္ ေစာင့္ၾကည့္လူနာအသစ္ ၉၈ ေယာက္ရွိတယ္လုိ႔ က်န္းမာေရး၀န္ႀကီးဌာနက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

နေပြည်တော်အပြင် တိုင်းနဲ့ပြည်နယ် ငါးခုမှာ ကိုဗစ်ကူးစက်သူ ၃၈ ယောက်တွေ့

နေပြည်တော်အပါအဝင် မြန်မာနိုင်ငံတဝန်းမှာ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရသူ ၃၈ ယောက် ထပ်မံတွေ့ရှိတာကြောင့် ကူးစက်ခံရသူအရေအတွက် ၁,၁၇၁ ယောက်ရှိသွားပြီဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ပြောပါတယ်။

ဓာတ်ခွဲနမူနာ ၁,၆၄၂ ခုကို ဒီနေ့ စစ်ဆေးခဲ့တာမှာ နောက်ထပ် ရောဂါပိုးကူးစက်သူ ၃၈ ယောက် တွေ့ရှိခဲ့တာပါ။

ဒီနေ့တွေ့ရှိတဲ့ ၃၈ ယောက်ထဲမှာ ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်က တစ်ယောက်က ရခိုင်ပြည်နယ်ကို မကြာသေးခင်က သွားထားသူဖြစ်ပြီး မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က တစ်ယောက်ကတော့ Stay Home နေဖို့ သတ်မှတ်ထားတဲ့ မြို့နယ်တွေကို သွားခဲ့တာကြောင့် အသွားအလာ ကန့်သတ်ထားသူတွေဖြစ်ပါတယ်။ ကျန်တဲ့သူတွေကတော့ ဘာအဆက်အစပ်မှ မရှိဘဲ ပြည်တွင်းမှာ ကူးစက်ခံရတာပါ။

ကျန် ကူးစက်ခံရသူတွေထဲမှာ မန္တလေးတိုင်း မြင်းခြံမြို့နယ်က ၈ ယောက်၊ နေပြည်တော်ကောင်စီဒေသတွင်း ဒက္ခိဏသီရိနဲ့ ဇဗ္ဗူသီရိမြို့နယ်တွေက ၂ ယောက်စီနဲ့ ဥတ္တရသီရိ၊ ပျဉ်းမနားနဲ့ တပ်ကုန်းမြို့နယ်တွေက ၁ ယောက်စီ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းက ၁၄ ယောက်ဖြစ်ပြီး မြောက်ဥက္ကလာက ၃ ယောက်၊ ဒဂုံအရှေ့နဲ့ တောင်ပိုင်းက ၂ ယောက်စီ ၊ ဒဂုံမြောက်၊ သင်္ဃန်းကျွန်း၊ ပန်းဘဲတန်း၊ မရမ်းကုန်း၊ မင်္ဂလာတောင်ညွှန့်၊ တွံတေးနဲ့ တောင်ဥက္ကလာမြို့နယ်တွေက ၁ ယောက်စီပါဝင်ပါတယ်။

ရခိုင်ပြည်နယ်ဘက်မှာတော့ ပုဏ္ဏားကျွန်းက ၃ ယောက်၊ ကျောက်ဖြူနဲ့ ဘူးသီးတောင်က ၂ ယောက်စီ ပါဝင်ပါတယ်။

ဒီနေ့ စက်တင်ဘာ ၄ ရက်နေ့ မနက် ၈နာရီ ထုတ်ပြန်ချက်မှာတော့ ရောဂါအတည်ပြုလူနာအမှတ်စဉ် ၁,၀၂၃ ဟာ ဝေဘာဂီဆေးရုံးမှာ သေဆုံးသွားခဲ့တဲ့အတွက် အခုဆိုရင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၇ ဦး ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုထားပါတယ်။

ဒါ့အပြင် မနေ့ကနဲ့ ဒီနေ့ နေ့လယ် ၁၂ နာရီအထိ နောက်ထပ် စောင့်ကြည့်လူနာအသစ် ၉၈ ယောက်ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG