[Zawgyi/Unicode]
ကုိဗစ္ကပ္ေရာဂါကာလ စာသင္ေက်ာင္းေတြ ပိတ္ထားရတဲ့အခ်ိန္မွာ အင္တာနက္အြန္လိုင္း ႐ုပ္ျမင္သံၾကားနဲ႔ ေရဒီယိုေတြကေန ေက်ာင္းသားေတြကို ပညာဆက္လက္သင္ယူႏုိင္ဖုိ႔ ပညာေရးဝန္ႀကီးဌာနက စီစဥ္ေနတဲ့ အေၾကာင္းကို ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ေထာက္ မအိမ့္သႏၲာထြန္းက တင္ျပေပးထားပါတယ္။
ကိုဗစ္ကပ္ေရာဂါေၾကာင့္ ေက်ာင္းေတြအားလုံး ပိတ္ထားရခ်ိန္မွာ ေက်ာင္းသားေတြရဲ႕ ပညာသင္ယူမႈ အခြင့္အလမ္းေတြ မဆုံးရႈံးေစဖို႔အတြက္ ေက်ာင္းသင္ခန္းစာေတြကို အြန္လိုင္း၊ ႐ုပ္ျမင္သံၾကားနဲ႔ ေရဒီယိုေတြကေနတဆင့္ ထုတ္လႊင့္သင္ၾကားေပးႏိုင္ဖို႔ ျပင္ဆင္ေနတယ္လို႔ ပညာေရး၀န္ႀကီးဌာန တာ၀န္ရွိသူေတြက ေျပာပါတယ္။
ျမန္မာ့အသံ၊ ျမဝတီ၊ SKY NET တို႔ကေန ႐ုပ္ျမင္သံၾကား သင္ခန္းစာေတြ ထုတ္လႊင့္မွာျဖစ္ၿပီး လတ္တေလာမွာေတာ့ အလယ္တန္းႏွင့္ မူလတန္းေက်ာင္းသား၊ ေက်ာင္းသူ စုစုေပါင္း ၈,၀၀၀,၀၀၀ ဆီကို ျပဌာန္းစာအုပ္ေတြ ေရာက္ေအာင္ ေဆာင္႐ြက္ႏိုင္ဖို႔ စီစဥ္ေနတယ္လို႔ အေျခခံပညာဦးစီးဌာန ဒုတိယၫႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာတင္ေမာင္ဝင္းက ေျပာပါတယ္။
“အဓိကကေတာ့ ဒီကေလးေတြရဲ႕ ပညာသင္ယူမႈ အခြင့္အလမ္းက ဘယ္လိုပဲျဖစ္ျဖစ္ဆုံးရႈံးသြားၿပီေလ။ ဆုံးရံႈးသြားၿပီျဖစ္တဲ့အတြက္ ဆရာတို႔က သင္ယူမႈ အဆက္မျပတ္ေစေရးအတြက္ စဥ္းစားတာပါ။ စဥ္းစားတဲ့အခါက်ေတာ့ ကေလးေတြလက္ထဲမွာ အရင္ဆုံး ဒီပုံႏွိပ္စာအုပ္ေတြေရာက္ဖို႔လိုတဲ့အတြက္ေၾကာင့္မို႔လို႔ ဖြင့္ထားခဲ့ၿပီးျဖစ္တဲ့ အထက္တန္းေက်ာင္းေတြကေတာ့ ေက်ာင္းအပ္ႏွံေရးသတင္းပတ္ ေဆာင္႐ြက္လိုက္တဲ့အတြက္ေၾကာင့္မို႔ အထက္တန္းအဆင့္ေတြမွာေတာ့ ေက်ာင္းသားေတြရဲ႕လက္ထဲမွာ အကုန္လုံး ပုံႏွိပ္စာအုပ္ေတြရသြားၿပီ။ ဆိုေတာ့ ဒီအလယ္တန္းအဆင့္ မူလတန္းအဆင့္ကက်ေတာ့ ေက်ာင္းအပ္ႏွံေရး သတင္းပတ္လည္း မလုပ္ႏိုင္ခဲ့ဘူး။ ေက်ာင္းေတြဖြင့္ဖို႔ကလည္း လတ္တေလာက ဘယ္လိုမွ အေျခအေန မေပးေသးတဲ့အခါက်ေတာ့ သူတို႔ရဲ႕လက္ထဲမွာ ဒီပုံႏွိပ္စာအုပ္ေတြေရာက္ဖို႔ဆိုတဲ့ အပိုင္းမွာလည္းပဲ ဘယ္လိုနည္းနဲ႔ ေရာက္ေအာင္လုပ္မလဲဆိုတာ အရင္စဥ္းစားရမွာပါ။ ၿပီးေတာ့မွ ဒုတိယအဆင့္က ဒီပုံႏွိပ္စာအုပ္ေတြေရာက္ၿပီဆိုေတာ့မွ ခုလို သင္ယူမႈ အေထာက္အကူျပဳ ႐ုပ္သံေတြ ေရဒီယိုေတြ က်ေနာ္တို႔ ထုတ္လႊင့္ရမွာျဖစ္ပါတယ္။”
ေက်ာင္းေတြ ပိတ္ထားတာေၾကာင့္ ဆရာဆရာမေတြနဲ႔ တိုက္႐ိုက္ထိေတြ႕သင္ၾကားမႈေတြ မလုပ္ႏိုင္ဘဲ အြန္လိုင္းတို႔ ႐ုပ္ျမင္သံၾကားတို႔ကေနသာ သင္ၾကားၾကရတဲ့အခ်ိန္မွာ မိဘေတြအေနနဲ႔လည္း ေစာင့္ၾကည့္ထိန္းေက်ာင္းမႈေတြ လုပ္ေပးသင့္တယ္လို႔ ေဒါက္တာတင္ေမာင္ဝင္းက ဆိုပါတယ္။
ဒီလိုသင္ၾကားမႈေတြ လုပ္တာက စာေမးပြဲ စစ္ျခင္း၊ မစစ္ျခင္းႏွင့္ မသင္ဆိုင္ဘဲ ေက်ာင္းသားေတြအတြက္ သင္ၾကားမႈေတြ ရွိေနဖို႔ကိုပဲ ရည္႐ြယ္တာျဖစ္တယ္လို႔ ေဒါက္တာတင္ေမာင္ဝင္းက ေျပာပါတယ္။
“ဆရာတို႔ ရည္႐ြယ္တာကေတာ့ ေက်ာင္းသူ၊ ေက်ာင္းသားေတြကို သင္ယူမႈ အဆက္မျပတ္ေအာင္လုပ္တာပဲ။ ကေလးေတြက သင္ယူမႈ တစ္ခုမဟုတ္၊ တစ္ခုေတာ့ သင္ယူေနရမွာျဖစ္တယ္။ ဒါေၾကာင့္မို႔လက္ရွိသူတို႔ သင္ရမယ့္ အတန္းတက္ေနတဲ့ အတန္းေတြမွာ သူတို႔တတ္ႏိုင္သေလာက္သင္ယူဖို႔ပဲ အေရးႀကီးတာေပ့ါေလ။ ဒါေတြအားလုံးက စာေမးပြဲစစ္ေဆးဖို႔ ဆရာတို႔ေမွ်ာ္မွန္းေနတာ မဟုတ္ဘူး။ စာေမးပြဲစစ္တယ္ဆိုတာ ေက်ာင္းမတက္ဘဲနဲ႔လည္း စစ္ေဆးလို႔မရဘူး။”
ျမန္မာႏိုင္ငံလုံးဆိုင္ရာ ဆရာ ဆရာမမ်ား အဖြဲ႕ခ်ဳပ္ အတြင္းေရးမွဴး ဦးေက်ာ္မင္းခန္႔ကေတာ့ ဒီလို အြန္လိုင္း၊ ႐ုပ္ျမင္သံၾကားစတာေတြကေနတဆင့္ သင္ၾကားတာက ဘယ္အတိုင္းအတာအထိ ထိေရာက္မႈ ရွိႏိုင္မလဲဆိုတာကေတာ့ တကယ္လက္ေတြ႔ ေက်ာင္းသားေတြကို ထုတ္လႊင့္သင္ၾကား ၾကည့္ၿပီးေတာ့မွ သုံးသပ္ႏိုင္မယ့္ အေနအထားျဖစ္ေနတယ္လို႔ ဆိုပါတယ္။
“က်ေနာ္တို႔ သုံးသပ္လို႔ရတာကေတာ့ အခုျမန္မာျပည္အေျခအေနက ကိုဗစ္ျဖစ္တဲ့အခ်ိန္မွာ သင္ၾကားမႈ၊ သင္ယူမႈ သင္တန္းေတြက ရပ္ထားတာၾကာၿပီ။ အခု ဒီလို ပိတ္လိုက္တဲ့အခါမွာ အြန္လိုင္းဘက္ကိုေတာ့ လွည့္သြားၾကတယ္ သင္ၾကားမႈ၊ သင္ယူမႈ အပိုင္းေတြက။ ေနာက္ မသင္ဘဲနဲ႔ အိမ္ထဲမွာ ေနတာထက္စာရင္ ဒီလိုမ်ိဳးစနစ္ေတြဘက္ကို ေျပာင္းၿပီးေတာ့ သင္တာမ်ိဳးကိုေတာ့ က်ေနာ္တို႔က ႀကိဳဆိုပါတယ္။ ဘယ္ေလာက္ ထိေရာက္မလဲဆိုရင္ ၁၀၀ ရာခိုင္ႏႈန္းကေတာ့ ဘယ္လိုမွ မထိေရာက္ဘူး။ က်ေနာ္တို႔ ေမွ်ာ္မွန္းတာကေတာ့ ၅၀ ရာခိုင္ႏႈန္းေလာက္ ထိေရာက္ရင္ ကံေကာင္းေပါ့ေနာ္။ ဒါေပမဲ့ အခု ပညာေရးဝန္ႀကီးဌာနက အရာရွိႀကီးေတြ ေျပာတဲ့စကားကေတာ့ ဒီႏွစ္ကေတာ့ ထိထိေရာက္ေရာက္ ျဖစ္ဖို႔ဆိုတာကေတာ့ ဘယ္လိုမွ မလြယ္ဘူး။ ကေလးေတြရဲ႕ က်န္းမာေရးကိုပဲ အဓိကထားၿပီး ကာကြယ္ရမွာပဲ ဆိုတဲ့ ေျပာစကားကို ေထာက္ျပဳျခင္းအားျဖင့္ ဒီလိုေလးဆက္ၿပီး ႀကိဳးစားေပးတာကိုပဲ ႀကိဳဆိုရမဲ့ သေဘာေပါ့ေနာ္။ ထိေရာက္ျခင္း၊ မထိေရာက္ျခင္းကေတာ့ သူတို႔လုပ္ၾကည့္ၿပီးေတာ့မွပဲ အေသးစိတ္ေျပာလို႔ရမယ္။ ဘာျဖစ္လို႔ဆိုေတာ့ ျမန္မာျပည္မွာက ကိရိယာ တန္ဆာပလာကလည္း မလုံေလာက္ဘူး။ အင္တာနက္လိုင္းေတြကလည္း မေကာင္းတဲ့ ေနရာေတြလည္း ရွိတယ္။ ေနာက္ TV channel ေတြကလည္း လိုင္းမိတဲ့ေနရာရွိ တယ္။ မမိတဲ့ ေနရာရွိတယ္။”
ကိုဗစ္ကပ္ေရာဂါေၾကာင့္ ေက်ာင္းေတြကို ပုံမွန္ေက်ာင္းဖြင့္ခ်ိန္အတိုင္း မဖြင့္ႏိုင္ခဲ့ဘဲ တစ္လေက်ာ္ေနာက္က်ၿပီးမွ ဖြင့္ႏိုင္ခဲ့ေပမဲ့ ျပန္ဖြင့္ၿပီး တစ္လေလာက္အၾကာမွာပဲ ေက်ာင္းေတြအားလုံးကို ျပန္ပိတ္လိုက္ရတာပါ။
ကပ္ေရာဂါေၾကာင့္ စာသင္ေက်ာင္းေတြ ပိတ္ထားရတဲ့အတြက္ ကမာၻတ၀န္း ေက်ာင္းေနအရြယ္ ကေလးငယ္ ၃ ပုံ ၁ ပုံနီးပါး ရွိေနၿပီး၊ စာသင္ေက်ာင္းနဲ႔ ေ၀းတဲ့ ေက်ာင္းသား အေရအတြက္ဟာ သန္းေပါင္း ၁၅,၀၀၀ ေလာက္ရွိေနျပီး ဒီအထဲမွာ ၄၆၃ သန္းေလာက္ဟာ အင္တာနက္၊ ဒါမွမဟုတ္ တီဗြီနဲ႔ ေရဒီယိုေတြကေနတဆင့္ ပညာဆက္လက္ သင္ယူႏုိင္တဲ့ အေျခအေနမွာ မရွိဘူးလုိ႔လည္း ကုလသမဂၢ ကေလးသူငယ္မ်ား ရန္ပုံေငြအဖဲြ႔ UNICEF ရဲ႕ ၿပီးခဲ့တဲ့လထဲ ထုတ္ျပန္ခဲ့တဲ့ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။
[Unicode Version]
အခြေခံပညာအတန်းတွေ အွန်လိုင်းသင်ကြားရေး ပြဌာန်းစာအုပ်ရမှ စနိုင်မယ်
ကိုဗစ်ကပ်ရောဂါကာလ စာသင်ကျောင်းတွေ ပိတ်ထားရတဲ့အချိန်မှာ အင်တာနက်အွန်လိုင်း ရုပ်မြင်သံကြားနဲ့ ရေဒီယိုတွေကနေ ကျောင်းသားတွေကို ပညာဆက်လက်သင်ယူနိုင်ဖို့ ပညာရေးဝန်ကြီးဌာနက စီစဉ်နေတဲ့ အကြောင်းကို ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက်ထောက် မအိမ့်သန္တာထွန်းက တင်ပြပေးထားပါတယ်။
ကိုဗစ်ကပ်ရောဂါကြောင့် ကျောင်းတွေအားလုံး ပိတ်ထားရချိန်မှာ ကျောင်းသားတွေရဲ့ ပညာသင်ယူမှု အခွင့်အလမ်းတွေ မဆုံးရှုံးစေဖို့အတွက် ကျောင်းသင်ခန်းစာတွေကို အွန်လိုင်း၊ ရုပ်မြင်သံကြားနဲ့ ရေဒီယိုတွေကနေတဆင့် ထုတ်လွှင့်သင်ကြားပေးနိုင်ဖို့ ပြင်ဆင်နေတယ်လို့ ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။
မြန်မာ့အသံ၊ မြဝတီ၊ SKY NET တို့ကနေ ရုပ်မြင်သံကြား သင်ခန်းစာတွေ ထုတ်လွှင့်မှာဖြစ်ပြီး လတ်တလောမှာတော့ အလယ်တန်းနှင့် မူလတန်းကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၈,၀၀၀,၀၀၀ ဆီကို ပြဌာန်းစာအုပ်တွေ ရောက်အောင် ဆောင်ရွက်နိုင်ဖို့ စီစဉ်နေတယ်လို့ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ပြောပါတယ်။
“အဓိကကတော့ ဒီကလေးတွေရဲ့ ပညာသင်ယူမှု အခွင့်အလမ်းက ဘယ်လိုပဲဖြစ်ဖြစ်ဆုံးရှုံးသွားပြီလေ။ ဆုံးရှုံးသွားပြီဖြစ်တဲ့အတွက် ဆရာတို့က သင်ယူမှု အဆက်မပြတ်စေရေးအတွက် စဉ်းစားတာပါ။ စဉ်းစားတဲ့အခါကျတော့ ကလေးတွေလက်ထဲမှာ အရင်ဆုံး ဒီပုံနှိပ်စာအုပ်တွေရောက်ဖို့လိုတဲ့အတွက်ကြောင့်မို့လို့ ဖွင့်ထားခဲ့ပြီးဖြစ်တဲ့ အထက်တန်းကျောင်းတွေကတော့ ကျောင်းအပ်နှံရေးသတင်းပတ် ဆောင်ရွက်လိုက်တဲ့အတွက်ကြောင့်မို့ အထက်တန်းအဆင့်တွေမှာတော့ ကျောင်းသားတွေရဲ့လက်ထဲမှာ အကုန်လုံး ပုံနှိပ်စာအုပ်တွေရသွားပြီ။ ဆိုတော့ ဒီအလယ်တန်းအဆင့် မူလတန်းအဆင့်ကကျတော့ ကျောင်းအပ်နှံရေး သတင်းပတ်လည်း မလုပ်နိုင်ခဲ့ဘူး။ ကျောင်းတွေဖွင့်ဖို့ကလည်း လတ်တလောက ဘယ်လိုမှ အခြေအနေ မပေးသေးတဲ့အခါကျတော့ သူတို့ရဲ့လက်ထဲမှာ ဒီပုံနှိပ်စာအုပ်တွေရောက်ဖို့ဆိုတဲ့ အပိုင်းမှာလည်းပဲ ဘယ်လိုနည်းနဲ့ ရောက်အောင်လုပ်မလဲဆိုတာ အရင်စဉ်းစားရမှာပါ။ ပြီးတော့မှ ဒုတိယအဆင့်က ဒီပုံနှိပ်စာအုပ်တွေရောက်ပြီဆိုတော့မှ ခုလို သင်ယူမှု အထောက်အကူပြု ရုပ်သံတွေ ရေဒီယိုတွေ ကျနော်တို့ ထုတ်လွှင့်ရမှာဖြစ်ပါတယ်။”
ကျောင်းတွေ ပိတ်ထားတာကြောင့် ဆရာဆရာမတွေနဲ့ တိုက်ရိုက်ထိတွေ့သင်ကြားမှုတွေ မလုပ်နိုင်ဘဲ အွန်လိုင်းတို့ ရုပ်မြင်သံကြားတို့ကနေသာ သင်ကြားကြရတဲ့အချိန်မှာ မိဘတွေအနေနဲ့လည်း စောင့်ကြည့်ထိန်းကျောင်းမှုတွေ လုပ်ပေးသင့်တယ်လို့ ဒေါက်တာတင်မောင်ဝင်းက ဆိုပါတယ်။
ဒီလိုသင်ကြားမှုတွေ လုပ်တာက စာမေးပွဲ စစ်ခြင်း၊ မစစ်ခြင်းနှင့် မသင်ဆိုင်ဘဲ ကျောင်းသားတွေအတွက် သင်ကြားမှုတွေ ရှိနေဖို့ကိုပဲ ရည်ရွယ်တာဖြစ်တယ်လို့ ဒေါက်တာတင်မောင်ဝင်းက ပြောပါတယ်။
“ဆရာတို့ ရည်ရွယ်တာကတော့ ကျောင်းသူ၊ ကျောင်းသားတွေကို သင်ယူမှု အဆက်မပြတ်အောင်လုပ်တာပဲ။ ကလေးတွေက သင်ယူမှု တစ်ခုမဟုတ်၊ တစ်ခုတော့ သင်ယူနေရမှာဖြစ်တယ်။ ဒါကြောင့်မို့လက်ရှိသူတို့ သင်ရမယ့် အတန်းတက်နေတဲ့ အတန်းတွေမှာ သူတို့တတ်နိုင်သလောက်သင်ယူဖို့ပဲ အရေးကြီးတာပေ့ါလေ။ ဒါတွေအားလုံးက စာမေးပွဲစစ်ဆေးဖို့ ဆရာတို့မျှော်မှန်းနေတာ မဟုတ်ဘူး။ စာမေးပွဲစစ်တယ်ဆိုတာ ကျောင်းမတက်ဘဲနဲ့လည်း စစ်ဆေးလို့မရဘူး။”
မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ ဆရာမများ အဖွဲ့ချုပ် အတွင်းရေးမှူး ဦးကျော်မင်းခန့်ကတော့ ဒီလို အွန်လိုင်း၊ ရုပ်မြင်သံကြားစတာတွေကနေတဆင့် သင်ကြားတာက ဘယ်အတိုင်းအတာအထိ ထိရောက်မှု ရှိနိုင်မလဲဆိုတာကတော့ တကယ်လက်တွေ့ ကျောင်းသားတွေကို ထုတ်လွှင့်သင်ကြား ကြည့်ပြီးတော့မှ သုံးသပ်နိုင်မယ့် အနေအထားဖြစ်နေတယ်လို့ ဆိုပါတယ်။
“ကျနော်တို့ သုံးသပ်လို့ရတာကတော့ အခုမြန်မာပြည်အခြေအနေက ကိုဗစ်ဖြစ်တဲ့အချိန်မှာ သင်ကြားမှု၊ သင်ယူမှု သင်တန်းတွေက ရပ်ထားတာကြာပြီ။ အခု ဒီလို ပိတ်လိုက်တဲ့အခါမှာ အွန်လိုင်းဘက်ကိုတော့ လှည့်သွားကြတယ် သင်ကြားမှု၊ သင်ယူမှု အပိုင်းတွေက။ နောက် မသင်ဘဲနဲ့ အိမ်ထဲမှာ နေတာထက်စာရင် ဒီလိုမျိုးစနစ်တွေဘက်ကို ပြောင်းပြီးတော့ သင်တာမျိုးကိုတော့ ကျနော်တို့က ကြိုဆိုပါတယ်။ ဘယ်လောက် ထိရောက်မလဲဆိုရင် ၁၀၀ ရာခိုင်နှုန်းကတော့ ဘယ်လိုမှ မထိရောက်ဘူး။ ကျနော်တို့ မျှော်မှန်းတာကတော့ ၅၀ ရာခိုင်နှုန်းလောက် ထိရောက်ရင် ကံကောင်းပေါ့နော်။ ဒါပေမဲ့ အခု ပညာရေးဝန်ကြီးဌာနက အရာရှိကြီးတွေ ပြောတဲ့စကားကတော့ ဒီနှစ်ကတော့ ထိထိရောက်ရောက် ဖြစ်ဖို့ဆိုတာကတော့ ဘယ်လိုမှ မလွယ်ဘူး။ ကလေးတွေရဲ့ ကျန်းမာရေးကိုပဲ အဓိကထားပြီး ကာကွယ်ရမှာပဲ ဆိုတဲ့ ပြောစကားကို ထောက်ပြုခြင်းအားဖြင့် ဒီလိုလေးဆက်ပြီး ကြိုးစားပေးတာကိုပဲ ကြိုဆိုရမဲ့ သဘောပေါ့နော်။ ထိရောက်ခြင်း၊ မထိရောက်ခြင်းကတော့ သူတို့လုပ်ကြည့်ပြီးတော့မှပဲ အသေးစိတ်ပြောလို့ရမယ်။ ဘာဖြစ်လို့ဆိုတော့ မြန်မာပြည်မှာက ကိရိယာ တန်ဆာပလာကလည်း မလုံလောက်ဘူး။ အင်တာနက်လိုင်းတွေကလည်း မကောင်းတဲ့ နေရာတွေလည်း ရှိတယ်။ နောက် TV channel တွေကလည်း လိုင်းမိတဲ့နေရာရှိ တယ်။ မမိတဲ့ နေရာရှိတယ်။”
ကိုဗစ်ကပ်ရောဂါကြောင့် ကျောင်းတွေကို ပုံမှန်ကျောင်းဖွင့်ချိန်အတိုင်း မဖွင့်နိုင်ခဲ့ဘဲ တစ်လကျော်နောက်ကျပြီးမှ ဖွင့်နိုင်ခဲ့ပေမဲ့ ပြန်ဖွင့်ပြီး တစ်လလောက်အကြာမှာပဲ ကျောင်းတွေအားလုံးကို ပြန်ပိတ်လိုက်ရတာပါ။
ကပ်ရောဂါကြောင့် စာသင်ကျောင်းတွေ ပိတ်ထားရတဲ့အတွက် ကမ္ဘာတဝန်း ကျောင်းနေအရွယ် ကလေးငယ် ၃ ပုံ ၁ ပုံနီးပါး ရှိနေပြီး၊ စာသင်ကျောင်းနဲ့ ဝေးတဲ့ ကျောင်းသား အရေအတွက်ဟာ သန်းပေါင်း ၁၅,၀၀၀ လောက်ရှိနေပြီး ဒီအထဲမှာ ၄၆၃ သန်းလောက်ဟာ အင်တာနက်၊ ဒါမှမဟုတ် တီဗွီနဲ့ ရေဒီယိုတွေကနေတဆင့် ပညာဆက်လက် သင်ယူနိုင်တဲ့ အခြေအနေမှာ မရှိဘူးလို့လည်း ကုလသမဂ္ဂ ကလေးသူငယ်များ ရန်ပုံငွေအဖွဲ့ UNICEF ရဲ့ ပြီးခဲ့တဲ့လထဲ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။