(Zawgyi/Unicode)
ကိုဗစ္ကပ္ေရာဂါကာလမွာ တကၠသိုလ္ေတြပိတ္ထားတာေၾကာင့္ ေက်ာင္းသားေတြ ပညာသင္ယူႏိုင္မယ့္ အခြင့္အလမ္းရႏုိင္ဖို႔ ရည္႐ြယ္တဲ့ Online ေဆြးေႏြးပြဲအေၾကာင္း ေျပာျပခ်င္ပါတယ္။ ဗြီအုိေအျမန္မာပုိင္း သတင္းေထာက္ အိမ့္သႏၲာထြန္းကရန္ကုန္ကေန သတင္းေပးပို႔ထားပါတယ္။
ျမန္မာႏိုင္ငံက တကၠသိုလ္ေပါင္း ၅၀ ေက်ာ္က ေက်ာင္းသားေတြနဲ႔ ႏိုင္ငံတကာ ေက်ာင္းသားေတြ ပါဝင္ၿပီး ကပ္ေရာဂါကာလ ပညာသင္ၾကားေရးမွာ ႀကဳံေနရတဲ့ အခက္ခဲေတြကို 21 Century Skill ၂၁ ရာစုေခတ္ ကြၽမ္းက်င္မႈအရည္အခ်င္းဆိုတဲ့ ေခါင္းစဥ္နဲ႔ ေဆြးေႏြးခဲ့ၾကတာပါ။ ျမန္မာႏိုင္ငံက ေက်ာင္းသား ၇၀၀ေက်ာ္နဲ႔ ႏိုင္ငံတကာ ေက်ာင္းသား ၁ ဒါဇင္ေက်ာ္တို႔ ကပ္ေရာဂါကာလ အေတြ႔အႀကဳံေတြနဲ႔ စိန္ေခၚမႈေတြကို ေက်ာ္လႊားႏိုင္မယ့္ နည္းလမ္းေတြကို အျပန္အလွန္ ေဆြးေႏြးဖလွယ္ခဲ့ၾကတာလို႔လည္း ေဆြးေႏြးပြဲစီစဥ္သူ ေဒၚယဥ္လဲ့လဲ့သြင္က ရွင္းျပပါတယ္။
“တကၠသိုလ္ေတြကလည္း အစုံပဲ ႏိုင္ငံေတြကလည္း ဂ်ပန္၊ ဂ်ာမနီ၊ ၿပီးေတာ့ မေလးရွား၊ အင္ဒိုနီးရွား ၊ ဖိလစ္ပိုင္၊ နီေပါ ၊အိႏိၵယ အဲ့ဒါေတြေပါ့ေႏွာ္ သူတို႔ေတြကလည္း တကၠသိုလ္က ဆရာမ ၃ ေယာက္ေလာက္ပါတယ္။ က်န္တာေတြက ေက်ာင္းသားေတြေပါ့ေနာ္။ ဝင္ၿပီးေတာ့ ေဆြးေႏြးၾကပါတယ္။ သူတို႔ စိတ္မေကာင္းျဖစ္တယ္၊ သူတို႔ အိမ္မွာပဲ ေနရတယ္ေပါ့ေနာ္၊ အဲ့ဒါကို ထင္ဟပ္တဲ့ သူတို႔ရဲ႕ Critical Thanking ေတြ လုပ္ၾကတာေပါ့ေႏွာ္။ သူတို႔ရဲ႕ Talent ေလးေတြ လုပ္ရင္းနဲ႔ Facebook ေပၚမွာတင္ၾကတယ္။ Critical Thanking ႏွင့္ ဒီ COVID-19 နဲ႔ပတ္သက္လို႔ ဘာျဖစ္တယ္ ညာျဖစ္တယ္ သူတို႔ရဲ႕ Idea ေလးေတြလည္း တင္ၾကတဲ့အခါက်ေတာ့ အဲ့ဒါကို အခ်င္းခ်င္း ျမန္မာတစ္ႏိုင္ငံလုံးမွာရွိတဲ့ ေက်ာင္းသား၊ ေက်ာင္းသူေတြနဲ႔လည္း ဖလွယ္လို႔ရေအာင္၊ ႏိုင္ငံျခားက ေက်ာင္းသားေက်ာင္းသူေတြနဲ႔လည္း သူတို႔ႏိုင္ငံမွာရွိတဲ့ သူတို႔ရဲ႕ အေတြးအျမင္ေတြနဲ႔ သူတို႔ရဲ႕ 21st Century COVID Pandemic ကို ဘယ္လို ရင္ဆိုင္ၾကသလဲဆိုတာမ်ိဳးကို ကြၽန္မတို႔ ဖိုရမ္ေလး လုပ္ေပးတာပါ။”
ၿပီးခဲ့တဲ့ သီတင္းပတ္ကုန္မွာ က်င္းပခဲ့တဲ့ အြန္လိုင္းေဆြးေႏြးပြဲမွာ လူငယ္ေတြအမ်ားအျပား စိတ္ဝင္တစား ပါဝင္ခဲ့တာ ေတြ႕ရေၾကာင္းလည္း အဆင့္ျမင့္ ပညာေရး အေထာက္အကူျပဳအဖြဲ႕တစ္ခုျဖစ္တဲ့ MIHEA အဖြဲ႕ဝင္ ေဒါက္တာျမင့္ဦးက ေျပာပါတယ္။
“ပထမဦးဆုံးအႀကိမ္ ဗမာျပည္မွာ Virtual University Student ေတြက Forum လုပ္တာေပါ့ေႏွာ္။ အဲ့ေတာ့ အဲ့ဒီဟာေတြက ပထမက လူတစ္ေထာင္ေလာက္ စိတ္ဝင္တစားဝင္ေလွ်ာက္ၾကတာေပါ့ ႏိုင္ငံတကာက ၄၀၊ ၅၀ ေလာက္ပါတာေပါ့ အဲ့ထဲမွာ ၁၀၀ ေတာ့မရွိဘူး။ အဲ့ေတာ့ ေအာင္ျမင္လား မေအာင္ျမင္လားဆိုေတာ့ ေလွ်ာက္တဲ့လူေတြနဲ႔ ခုတက္ေရာက္တဲ့လူေတြက ၇၀၀ ေက်ာ္ေလာက္ တက္ေရာက္လာတဲ့ အခါက်ေတာ့ ေအာင္ျမင္တယ္လို႔ ေျပာတာေပါ့ေနာ္။”
အြန္လိုင္းေဆြးေႏြးပြဲ အစီအစဥ္မွာေတာ့ ျမန္မာ့ ယဥ္ေက်းမႈကို ထုတ္ေဖာ္ျပသတဲ့ အစီအစဥ္ကိုလည္း ထည့္သြင္းခဲ့တာပါ။ ယဥ္ေက်းမႈ အစီအစဥ္ကို ဦးေဆာင္တာဝန္ယူခဲ့သူ တဦးျဖစ္တဲ့ မမိုးသူခိုင္ကေတာ့ ေဆြးေႏြးပြဲဟာ ပါဝင္သူ လူငယ္ေတြအတြက္ အက်ိဳးရွိတယ္လို႔ ေျပာပါတယ္။
“ကမာၻတဝန္းက ေက်ာင္းသားေတြနဲ႔ ေတြဆုံၿပီးေဆြးေႏြးခြင့္ ရတဲ့အတြက္ ဒီလိုမ်ိဳး တစ္ႏိုင္ငံနဲ႔ တစ္ႏိုင္ငံ Culture မတူဘူးဆိုေတာ့ မတူညီတဲ့ ယဥ္ေက်းမႈေတြကို ဖလွယ္ခြင့္ရတယ္ေပါ့ေနာ္။ Culture Show ကို ျပတဲ့အခ်ိန္မွာ ႏိုင္ငံတကာက ေက်ာင္းသားေတြတင္မကဘူး ျပည္တြင္းက ပါဝင္တဲ့သူေတြပါ ဗဟုသုတေတြ အမ်ားႀကီးရလိုက္တယ္ဆိုတဲ့ Comment ေတြရတဲ့အခါက်ေတာ့ ညီမတို႔ အေနနဲ႔ အမ်ားႀကီး ေက်ာင္းသားေက်ာင္းသူ လူငယ္ေတြအတြက္ အမ်ားႀကီး အက်ိဳးေက်းဇူး ရသြားမယ္လို႔ ထင္ပါတယ္ရွင့္။”
ဒီေဆြးေႏြးပြဲမွာေတာ့ ယဥ္ေက်းမႈအစီအစဥ္အျပင္ ေက်ာင္းသားေတြ အေနနဲ႔ ကိုဗစ္ကာလမွာ ပညာေရးနဲ႔ ပတ္သက္လို႔ ရင္ဆိုင္ေနရတဲ့ စိန္ေခၚမႈေတြကို ဘယ္လို ေျဖရွင္းၾကမလဲ ဆိုတာကို အဓိက ေခါင္းစဥ္ေလးခုနဲ႔ ေဆြးေႏြးခဲ့ၾကၿပီး အေတြ႕အႀကဳံေတြကို အျပန္အလွန္ ဖလွယ္ခဲ့ၾကပါတယ္။
.............
(Unicode)
ကိုဗစ်ကပ်ရောဂါကာလမှာ တက္ကသိုလ်တွေပိတ်ထားတာကြောင့် ကျောင်းသားတွေ ပညာသင်ယူနိုင်မယ့် အခွင့်အလမ်းရနိုင်ဖို့ ရည်ရွယ်တဲ့ Online ဆွေးနွေးပွဲအကြောင်း ပြောပြချင်ပါတယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် အိမ့်သန္တာထွန်းကရန်ကုန်ကနေ သတင်းပေးပို့ထားပါတယ်။
မြန်မာနိုင်ငံက တက္ကသိုလ်ပေါင်း ၅၀ ကျော်က ကျောင်းသားတွေနဲ့ နိုင်ငံတကာ ကျောင်းသားတွေ ပါဝင်ပြီး ကပ်ရောဂါကာလ ပညာသင်ကြားရေးမှာ ကြုံနေရတဲ့ အခက်ခဲတွေကို 21 Century Skill ၂၁ ရာစုခေတ် ကျွမ်းကျင်မှုအရည်အချင်းဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးခဲ့ကြတာပါ။ မြန်မာနိုင်ငံက ကျောင်းသား ၇၀၀ကျော်နဲ့ နိုင်ငံတကာ ကျောင်းသား ၁ ဒါဇင်ကျော်တို့ ကပ်ရောဂါကာလ အတွေ့အကြုံတွေနဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်မယ့် နည်းလမ်းတွေကို အပြန်အလှန် ဆွေးနွေးဖလှယ်ခဲ့ကြတာလို့လည်း ဆွေးနွေးပွဲစီစဉ်သူ ဒေါ်ယဉ်လဲ့လဲ့သွင်က ရှင်းပြပါတယ်။
“တက္ကသိုလ်တွေကလည်း အစုံပဲ နိုင်ငံတွေကလည်း ဂျပန်၊ ဂျာမနီ၊ ပြီးတော့ မလေးရှား၊ အင်ဒိုနီးရှား ၊ ဖိလစ်ပိုင်၊ နီပေါ ၊အိန္ဒိယ အဲ့ဒါတွေပေါ့နှော် သူတို့တွေကလည်း တက္ကသိုလ်က ဆရာမ ၃ ယောက်လောက်ပါတယ်။ ကျန်တာတွေက ကျောင်းသားတွေပေါ့နော်။ ဝင်ပြီးတော့ ဆွေးနွေးကြပါတယ်။ သူတို့ စိတ်မကောင်းဖြစ်တယ်၊ သူတို့ အိမ်မှာပဲ နေရတယ်ပေါ့နော်၊ အဲ့ဒါကို ထင်ဟပ်တဲ့ သူတို့ရဲ့ Critical Thanking တွေ လုပ်ကြတာပေါ့နှော်။ သူတို့ရဲ့ Talent လေးတွေ လုပ်ရင်းနဲ့ Facebook ပေါ်မှာတင်ကြတယ်။ Critical Thanking နှင့် ဒီ COVID-19 နဲ့ပတ်သက်လို့ ဘာဖြစ်တယ် ညာဖြစ်တယ် သူတို့ရဲ့ Idea လေးတွေလည်း တင်ကြတဲ့အခါကျတော့ အဲ့ဒါကို အချင်းချင်း မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ကျောင်းသား၊ ကျောင်းသူတွေနဲ့လည်း ဖလှယ်လို့ရအောင်၊ နိုင်ငံခြားက ကျောင်းသားကျောင်းသူတွေနဲ့လည်း သူတို့နိုင်ငံမှာရှိတဲ့ သူတို့ရဲ့ အတွေးအမြင်တွေနဲ့ သူတို့ရဲ့ 21st Century COVID Pandemic ကို ဘယ်လို ရင်ဆိုင်ကြသလဲဆိုတာမျိုးကို ကျွန်မတို့ ဖိုရမ်လေး လုပ်ပေးတာပါ။”
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ကျင်းပခဲ့တဲ့ အွန်လိုင်းဆွေးနွေးပွဲမှာ လူငယ်တွေအများအပြား စိတ်ဝင်တစား ပါဝင်ခဲ့တာ တွေ့ရကြောင်းလည်း အဆင့်မြင့် ပညာရေး အထောက်အကူပြုအဖွဲ့တစ်ခုဖြစ်တဲ့ MIHEA အဖွဲ့ဝင် ဒေါက်တာမြင့်ဦးက ပြောပါတယ်။
“ပထမဦးဆုံးအကြိမ် ဗမာပြည်မှာ Virtual University Student တွေက Forum လုပ်တာပေါ့နှော်။ အဲ့တော့ အဲ့ဒီဟာတွေက ပထမက လူတစ်ထောင်လောက် စိတ်ဝင်တစားဝင်လျှောက်ကြတာပေါ့ နိုင်ငံတကာက ၄၀၊ ၅၀ လောက်ပါတာပေါ့ အဲ့ထဲမှာ ၁၀၀ တော့မရှိဘူး။ အဲ့တော့ အောင်မြင်လား မအောင်မြင်လားဆိုတော့ လျှောက်တဲ့လူတွေနဲ့ ခုတက်ရောက်တဲ့လူတွေက ၇၀၀ ကျော်လောက် တက်ရောက်လာတဲ့ အခါကျတော့ အောင်မြင်တယ်လို့ ပြောတာပေါ့နော်။”
အွန်လိုင်းဆွေးနွေးပွဲ အစီအစဉ်မှာတော့ မြန်မာ့ ယဉ်ကျေးမှုကို ထုတ်ဖော်ပြသတဲ့ အစီအစဉ်ကိုလည်း ထည့်သွင်းခဲ့တာပါ။ ယဉ်ကျေးမှု အစီအစဉ်ကို ဦးဆောင်တာဝန်ယူခဲ့သူ တဦးဖြစ်တဲ့ မမိုးသူခိုင်ကတော့ ဆွေးနွေးပွဲဟာ ပါဝင်သူ လူငယ်တွေအတွက် အကျိုးရှိတယ်လို့ ပြောပါတယ်။
“ကမ္ဘာတဝန်းက ကျောင်းသားတွေနဲ့ တွေဆုံပြီးဆွေးနွေးခွင့် ရတဲ့အတွက် ဒီလိုမျိုး တစ်နိုင်ငံနဲ့ တစ်နိုင်ငံ Culture မတူဘူးဆိုတော့ မတူညီတဲ့ ယဉ်ကျေးမှုတွေကို ဖလှယ်ခွင့်ရတယ်ပေါ့နော်။ Culture Show ကို ပြတဲ့အချိန်မှာ နိုင်ငံတကာက ကျောင်းသားတွေတင်မကဘူး ပြည်တွင်းက ပါဝင်တဲ့သူတွေပါ ဗဟုသုတတွေ အများကြီးရလိုက်တယ်ဆိုတဲ့ Comment တွေရတဲ့အခါကျတော့ ညီမတို့ အနေနဲ့ အများကြီး ကျောင်းသားကျောင်းသူ လူငယ်တွေအတွက် အများကြီး အကျိုးကျေးဇူး ရသွားမယ်လို့ ထင်ပါတယ်ရှင့်။”
ဒီဆွေးနွေးပွဲမှာတော့ ယဉ်ကျေးမှုအစီအစဉ်အပြင် ကျောင်းသားတွေ အနေနဲ့ ကိုဗစ်ကာလမှာ ပညာရေးနဲ့ ပတ်သက်လို့ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ဘယ်လို ဖြေရှင်းကြမလဲ ဆိုတာကို အဓိက ခေါင်းစဉ်လေးခုနဲ့ ဆွေးနွေးခဲ့ကြပြီး အတွေ့အကြုံတွေကို အပြန်အလှန် ဖလှယ်ခဲ့ကြပါတယ်။