သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထုိင္းစစ္တပ္ဆန္႔က်င္ေရး ဆႏၵျပေက်ာင္းသားေခါင္းေဆာင္ အဖမ္းခံရ


ဆႏၵျပပြဲေတြကို ဦးေဆာင္တဲ့ ေက်ာင္းသား ေခါင္းေဆာင္ Parit Chiwarak ကို ရဲေတြက ဖမ္းဆီး

(Zawgyi/Unicode)

ထိုင္းအစိုးရ ျပဳျပင္ေျပာင္းလဲေရးနဲ႔ ထိုင္း နိုင္ငံေရးမွာ စစ္တပ္ ဩဇာလႊမ္းမိုးထားတာကို အဆုံးသတ္ေရး ၿပီးခဲ့တဲ့လက ျပဳလုပ္ခဲ့တဲ့ ဆႏၵျပပြဲေတြကို ဦးေဆာင္ခဲ့သူ ေက်ာင္းသား ေခါင္းေဆာင္ တစ္ဦးကို ထိုင္းအာဏာပိုင္ေတြက ေသာၾကာေန႔က ဖမ္းဆီးလိုက္ပါတယ္။

အသက္ ၂၂ ႏွစ္ရွိ ေက်ာင္းသား ေခါင္းေဆာင္ Parit “Penguin” Chiwarak ကို ဖမ္းဆီးသြားတာကို သူ႔သူငယ္ခ်င္းက ဗီြဒီယိုရိုက္ ၿပီး Parit ရဲ့ Facebook စာမ်က္ႏွာမွာ တင္ခဲ့တာပါ။ ဗီြဒီယိုထဲမွာ ၿပီးခဲ့တဲ့ ဇူလိုင္လ ၁၈ ရက္ ဆႏၵျပပြဲနဲ႔ ပတ္သက္တဲ့ စြဲခ်က္ေတြကို ရဲက Parit ကို ဖတ္ျပေနတာကို ၾကားၾကရၿပီးတဲ့ေနာက္ ရဲကားေပၚကို တင္ေဆာင္ ဖမ္းဆီးသြားတာကို ျမင္ၾကရပါတယ္။ အာဏာပိုင္ေတြက Parit ကို ဘန္ေကာက္ၿမိဳ႕ျပင္ဘက္မွာ ဆႏၵျပပြဲေတြဆီကို အသြား ဖမ္းဆီးလိုက္တာလည္း ျဖစ္ပါတယ္။

Parit ဦးေဆာင္ခဲ့တဲ့ ဇူလိုင္လ ၁၈ ရက္ေန႔ ဆႏၵျပပြဲနဲ႔ အခုအခါ ေန႔စဥ္နီးပါး ျဖစ္ပြားေနတဲ့ ဆႏၵျပေတြဟာ ဝန္ႀကီးခ်ဳပ္ Prayuth Chan-ocha ရာထူးဆက္ၿပီး ယူထားနိုင္ခဲ့တဲ့ ၿပီးခဲ့တဲ့ႏွစ္ ေရြးေကာက္ပြဲကို ဆန္႔က်င္ရာကေန ေပၚေပါက္လာတာ ျဖစ္ပါတယ္။ အဲဒီ ေရြးေကာက္ပြဲကို ဝန္ႀကီးခ်ဳပ္ Prayuth ၂၀၁၄ ခုႏွစ္က အာဏာသိမ္းယူၿပီး ၅ ႏွစ္အၾကာမွာ က်င္းပခဲ့တာလည္းျဖစ္ပါတယ္။

Parit ဖမ္းဆီးခံရၿပီး နာရီပိုင္းအၾကာမွာပဲ ရာခ်ီတဲ့ ေက်ာင္းသားေတြ အရင္က စီစဥ္ထားတဲ့အတိုင္း ဘန္ေကာက္ၿမိဳ႕လယ္က Chulalongkorn တကၠသိုလ္မွာ ဆက္ၿပီး ဆႏၵျပခဲ့ၾကပါတယ္။ ဆႏၵျပပြဲမွာ ဦးေဆာင္ စကားေျပာသူေတြက အေျခခံဥပေဒ သစ္ ေရးဆြဲေရးနဲ႔ အစိုးရ ႏႈတ္ထြက္ေရး ေတာင္းဆိုခဲ့ၾကပါတယ္။ ဆႏၵျပပြဲ မလုပ္ဖို႔ တကၠသိုလ္အာဏာပိုင္ေတြက ပိတ္ပင္ထား တဲ့ၾကားက ဆႏၵျပခဲ့ ၾကတာလည္း ျဖစ္ပါတယ္။

ၾကာသပေတးေန႔က ႐ုပ္ျမင္သံၾကားကေျပာတဲ့ မိန္႔ခြန္းမွာေတာ့ ဝန္ႀကီးခ်ဳပ္ Prayuth ကေတာ့ နိုင္ငံတြင္း စည္းလုံးညီညြတ္ၾကဖို႔ ေဆာ္ဩခဲ့ၿပီး အမုန္းတရားအေျခခံ နိုင္ငံေရးကို ျငင္းဆန္ဖို႔ ထိုင္းျပည္သူေတြကို တိုက္တြန္းခဲ့ပါတယ္။

ေက်ာင္းသား ဆႏၵျပ အုပ္စုေတြကေတာ့ တနဂၤေႏြေန႔မွာ ဆႏၵျပပြဲႀကီး တစ္ခုျပဳလုပ္ၿပီး စစ္တပ္ ေက်ာေထာက္ေနာက္ခံျပဳ အေျခခံ ဥပေဒကို ျပင္ဆင္ေရးနဲ႔ ေရြးေကာက္ပြဲ အသစ္က်င္းပေရး ေတာင္းဆိုဖို႔ စီစဥ္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

ထိုင်းစစ်တပ်ဆန့်ကျင်ရေး ဆန္ဒပြကျောင်းသားခေါင်းဆောင် အဖမ်းခံရ

(Unicode)

ထိုင်းအစိုးရ ပြုပြင်ပြောင်းလဲရေးနဲ့ ထိုင်း နိုင်ငံရေးမှာ စစ်တပ် ဩဇာလွှမ်းမိုးထားတာကို အဆုံးသတ်ရေး ပြီးခဲ့တဲ့လက ပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲတွေကို ဦးဆောင်ခဲ့သူ ကျောင်းသား ခေါင်းဆောင် တစ်ဦးကို ထိုင်းအာဏာပိုင်တွေက သောကြာနေ့က ဖမ်းဆီးလိုက်ပါတယ်။

အသက် ၂၂ နှစ်ရှိ ကျောင်းသား ခေါင်းဆောင် Parit “Penguin” Chiwarak ကို ဖမ်းဆီးသွားတာကို သူ့သူငယ်ချင်းက ဗွီဒီယိုရိုက် ပြီး Parit ရဲ့ Facebook စာမျက်နှာမှာ တင်ခဲ့တာပါ။ ဗွီဒီယိုထဲမှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ ရက် ဆန္ဒပြပွဲနဲ့ ပတ်သက်တဲ့ စွဲချက်တွေကို ရဲက Parit ကို ဖတ်ပြနေတာကို ကြားကြရပြီးတဲ့နောက် ရဲကားပေါ်ကို တင်ဆောင် ဖမ်းဆီးသွားတာကို မြင်ကြရပါတယ်။ အာဏာပိုင်တွေက Parit ကို ဘန်ကောက်မြို့ပြင်ဘက်မှာ ဆန္ဒပြပွဲတွေဆီကို အသွား ဖမ်းဆီးလိုက်တာလည်း ဖြစ်ပါတယ်။

Parit ဦးဆောင်ခဲ့တဲ့ ဇူလိုင်လ ၁၈ ရက်နေ့ ဆန္ဒပြပွဲနဲ့ အခုအခါ နေ့စဉ်နီးပါး ဖြစ်ပွားနေတဲ့ ဆန္ဒပြတွေဟာ ဝန်ကြီးချုပ် Prayuth Chan-ocha ရာထူးဆက်ပြီး ယူထားနိုင်ခဲ့တဲ့ ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲကို ဆန့်ကျင်ရာကနေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ အဲဒီ ရွေးကောက်ပွဲကို ဝန်ကြီးချုပ် Prayuth ၂၀၁၄ ခုနှစ်က အာဏာသိမ်းယူပြီး ၅ နှစ်အကြာမှာ ကျင်းပခဲ့တာလည်းဖြစ်ပါတယ်။

Parit ဖမ်းဆီးခံရပြီး နာရီပိုင်းအကြာမှာပဲ ရာချီတဲ့ ကျောင်းသားတွေ အရင်က စီစဉ်ထားတဲ့အတိုင်း ဘန်ကောက်မြို့လယ်က Chulalongkorn တက္ကသိုလ်မှာ ဆက်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြပွဲမှာ ဦးဆောင် စကားပြောသူတွေက အခြေခံဥပဒေ သစ် ရေးဆွဲရေးနဲ့ အစိုးရ နှုတ်ထွက်ရေး တောင်းဆိုခဲ့ကြပါတယ်။ ဆန္ဒပြပွဲ မလုပ်ဖို့ တက္ကသိုလ်အာဏာပိုင်တွေက ပိတ်ပင်ထား တဲ့ကြားက ဆန္ဒပြခဲ့ ကြတာလည်း ဖြစ်ပါတယ်။

ကြာသပတေးနေ့က ရုပ်မြင်သံကြားကပြောတဲ့ မိန့်ခွန်းမှာတော့ ဝန်ကြီးချုပ် Prayuth ကတော့ နိုင်ငံတွင်း စည်းလုံးညီညွတ်ကြဖို့ ဆော်ဩခဲ့ပြီး အမုန်းတရားအခြေခံ နိုင်ငံရေးကို ငြင်းဆန်ဖို့ ထိုင်းပြည်သူတွေကို တိုက်တွန်းခဲ့ပါတယ်။

ကျောင်းသား ဆန္ဒပြ အုပ်စုတွေကတော့ တနင်္ဂနွေနေ့မှာ ဆန္ဒပြပွဲကြီး တစ်ခုပြုလုပ်ပြီး စစ်တပ် ကျောထောက်နောက်ခံပြု အခြေခံ ဥပဒေကို ပြင်ဆင်ရေးနဲ့ ရွေးကောက်ပွဲ အသစ်ကျင်းပရေး တောင်းဆိုဖို့ စီစဉ်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG