သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရဆန့်ကျင်ရေးဆန္ဒပြသူ ကျောင်းသားတချို့ကို ကိုဗစ် အရေးပေါ်ဥပဒေနဲ့ ထိုင်းအစိုးရစစ်ဆေး


(Zawgyi/Unicode)

ထိုင်း အစိုးရ ဆန့်ကျင်ရေး ကျောင်းသားဆန္ဒပြပွဲတွေကို စီစဉ်ခဲ့သူ ၅ ဦးကို လူစုဝေးတာကို တားမြစ်ထားတဲ့ ကိုရိုနာ ဗိုင်းရပ်စ်ဆိုင်ရာ အရေးပေါ်ဥပဒေကို ချိုးဖောက်မှုနဲ့ ထိုင်းရဲတပ်ဖွဲ့က ဆင့်ခေါ်လိုက်ပါတယ်။

စစ်ဆေးမေးမြန်းဖို့ ဆင့်ခေါ်ခံရတဲ့ အထဲမှာ ထိုင်းနိုင်ငံရဲ့ စည်းမျဉ်းခံဘုရင်စနစ်ကို ပြုပြင်ပြောင်းလဲဖို့ တောင်းဆို ခဲ့သူ လူ့အခွင့် အရေးလှုပ်ရှားသူ ရှေ့နေ Anon Nampa လည်းပါဝင်တာပါ။ Anon ကို ပြီးခဲ့တဲ့ လတုန်းက ထိုင်း စစ်ဌာနချုပ်အပြင်ဘက်မှာ ဆန္ဒပြခဲ့တာကြောင့် ဆင့်ခေါ်ရတာဖြစ်တယ်လို့ ရဲ့တပ်ဖွဲ့က ပြောပါတယ်။

ထိုင်းနိုင်ငံမှာ ဇူလိုင်လ လယ်ကတည်းက ကျောင်းသားတွေ ဦးဆောင်တဲ့ အစိုးရ ဆန့်ကျင် ဆန္ဒပြပွဲတွေ နေ့တိုင်းဆိုသလို ပေါ်ပေါက် နေတာပါ။ သူတို့က လက်ရှိဝန်ကြီးချုပ် Prayuth Chan-ocha ရာထူးက နုတ်ထွက်ပေးဖို့နဲ့ စစ်တပ်က ရေးဆွဲထားတဲ့ အခြေခံဥပဒေ ကို ပြင်ဆင်ပေးဖို့ တောင်းဆိုနေကြတာဖြစ်ပါတယ်။

အခု ဆင့်ခေါ်ခဲ့တဲ့ ဆန္ဒပြပွဲတွေကို စီစဉ်သူ ၅ ဦးကို ကပ်ရောဂါ အရေးပေါ်တားမြစ်ချက်တွေကို ချိုးဖောက်မှုနဲ့ စစ်ဆေးမြန်းပြီး တရားစွဲဆိုသွားမှာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ အကြီးအကဲ Athich Donnanchai က ရိုက်တာကို ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကို ဟန့်တားဖို့ နိုင်ငံတွင်း အရေးပေါ်တားမြစ်ချက် အမိန့်ကို မတ်လကတည်းက ချမှတ်ထားခဲ့ပြီး အခု သြဂုတ်လက စလို့ ဒီအမိန့်ကို နိုင်ငံရေးအရ လူစုလူဝေးပြုလုပ်တာတွေကို တားဆီးဖို့ အသုံးပြုနေတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လကလည်း ပြည်နယ် ၂ ခုမှာ ဒီအမိန့်ကို ချိုးဖောက်မှုနဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ခေါင်းဆောင်၆ ဦးကို ခေါ်ယူ စစ်ဆေးခဲ့ပါတယ်။

ထိုင်းနိုင်ငံထဲ ဆန္ဒပြပွဲတွေ နေ့တိုင်းနီးပါး ဖြစ်နေချိန်မှာပဲ ထိုင်းစစ်တပ်အကြီးအကဲ Apirat Kongsompong က စစ်တက္ကသိုလ် တစ်ခုကို ဗုဒ္ဓဟူးနေ့က သွားရောက်ချိန်မှာ တိုင်းပြည် ကို မုန်းတီး နေသူတွေဟာ ကိုရိုနာဗိုင်းရပ်စ်ထက် တိုင်းပြည်ကို ပိုပြီး ဒုက္ခရောက်အောင် လုပ်နေတယ်လို့ ပြောပါတယ်။

ကိုရိုနာ ဗိုင်းရပ်စ်ကို ကုစားနိုင်ပေမဲ့ တိုင်းပြည်ကို မုန်းနေသူတွေကိုတော့ ကုစား လို့ မရနိုင်ဘူးလို့လည်း ပြောဆိုသွားပါတယ်။ လက်ရှိ ထိုင်းစစ်တပ်အကြီးအကဲဟာ ဘုရင့် သစ္စာခံအုပ်စုထဲက ဖြစ်ပြီး အရင်ကလည်း ဆန္ဒပြသူတွေကို ပြစ်တင် ဝေဖန် ပြောဆိုခဲ့ဖူးပါတယ်။

တိုက်ရိုက် လင့်ခ်

.............

(Unicode)








XS
SM
MD
LG