သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 ဖွဲ့စည်းပုံပြောင်းလဲရေးတောင်းဆိုတဲ့ ထိုင်းကျောင်းသားတွေကို ဝန်ကြီးချုပ် သတိပေး


 ဝန်ကြီးချုပ် Prayuth Chan-ocha
ဝန်ကြီးချုပ် Prayuth Chan-ocha

(Zawgyi/Unicode)

ထိုင်းနိုင်ငံရဲ့ စည်းမျဉ်းခံဘုရင်စနစ်ကို ပြုပြင်ပြောင်းလဲဖို့ တောင်းဆိုနေတဲ့ ဆန္ဒပြကျောင်းသားတွေအနေနဲ့ မတည်မငြိမ်ဖြစ်မယ့် အခြေအနေတွေကို မဖန်တီးကြဖို့ ဝန်ကြီးချုပ် Prayuth Chan-ocha က အင်္ဂါနေ့က ပြောလိုက်ပါတယ်။

စည်းမျဉ်းခံဘုရင်စနစ်ကို ပြင်ဆင်ရေး ကိစ္စတွေနဲ့ ပတ်သက်လို့ လူသိရှင်ကြား ဆွေးနွေးပြောဆိုတာဟာ ဒုက္ခ ရောက်စေမယ့် အရာလို့ မှတ်ယူပြီး ရှောင်ကြဉ်ကြရသလို ဘုရင်နဲ့ တော်ဝင်မိသားစုတွေ သိက္ခာကျအောင် ဝေဖန်တဲ့ စကားမျိုး ပြောဆို၊ ပြုမူရင်လည်း ထောင်ဒဏ် ၁၅ နှစ်ထိ ကျခံရနိုင်ပါတယ်။

ဆန္ဒပြသူတွေရဲ့ တောင်းဆိုချက်တွေကို ပါလီမန်က စဉ်းစားပေးမှာဖြစ်ပြီး ရုန်းရင်းဆန်ခတ်ဖြစ်စေမယ့် အခြေအနေတွေကို မဖန်တီး ကြဖို့ နဲ့ ပြဿနာတွေကို ပူးပေါင်းဖြေရှင်းကြဖို့ ဝန်ကြီးချုပ် Prayuth က ပြောပါတယ်။

လွန်ခဲ့တဲ့ ၆နှစ်က ထိုင်းနိုင်ငံမှာ စစ်တပ်အာဏာသိမ်းယူပြီးကတည်းက အဲဒီတုန်းက စစ်တပ် အကြီးအကဲဖြစ်သူ Prayuth က ဝန်ကြီး ချုပ် တာဝန်ယူခဲ့သလို အခုအချိန်မှာလည်း စစ်တပ်ကျောထောက် နောက်ခံပြုထားတဲ့ အစိုးရအဖွဲ့ကို ဦးဆောင်နေတာ ဖြစ် ပါတယ်။

၂၀၁၇ ခုနှစ်တုန်းက စစ်တပ် ဦးဆောင်ပြီး ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ရေး ဆွေနွေးနိုင်ဖို့ ကော်မတီတရပ် ဖွဲ့စည်းထားကြောင်းလည်း Prayuth က ပြောပါတယ်။ဒီ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ချက် မှာ မျက်မှောက်ခေတ် လူငယ်တွေ ရဲ့ သဘောထားအမြင်တွေကိုလည်း လေ့လာပြီး ထည့်သွင်းသွားနိုင်ဖို့ နည်းလမ်းရှာသွားမယ်လို့လည်း သူကပြောပါတယ်။

ထိုင်းစစ်တပ်က ခန့်အပ်တဲ့ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ထိုင်း အထက်လွှတ်တော်ကို ဖန်တီးပြီး Prayuth က ဝန်ကြီးချုပ် ရာထူးတည်မြဲရေးလုပ်ဆောင်ခဲ့တယ်လို့လည်း ဆန္ဒပြသူတွေက စွပ်စွဲထားပါတယ်။ ဝန်ကြီးချုပ်ကို ရွေးချယ်ရာမှာ ရွေးကောက်ခံ ကိုယ်စားလှယ်တွေရဲ့ အခန်းကဏ္ဍ ပိုပြီး ပါဝင်စေလိုတဲ့အချက်လည်းဆန္ဒပြသူ တွေရဲ့ တောင်းဆိုချက်ထဲ ပါဝင်နေတာပါ။

ဇူလိုင်လထဲ ထိုင်း တရားရုံး တစ်ရုံးက အတိုက်အခံပါတီ ဖြစ်တဲ့ အနာဂတ်ရှေ့သို့ Future Forward ပါတီကို တရားမဝင်ပါတီအဖြစ် ပိတ်ပင်လိုက် ကတည်းက ဆန္ဒပြပွဲတွေ စတင် ဖြစ်ပွားခဲ့တာပါ။ အဲဒီနောက် ဆန္ဒပြပွဲတွေ ထိုင်းနိုင်ငံ အနှံ့ ပျံ့နှံ့သွားသလို ပြုပြင် ပြောင်းလဲရေး ဆိုင်ရာ တောင်းဆိုမှုတွေလည်း ပိုပြီး ကျယ်ပြန့်လာခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


................


(Unicode)








XS
SM
MD
LG