သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္းဝန္ႀကီးခ်ဳပ္နဲ႔ ဒုဝန္ႀကီးခ်ဳပ္ဓာတ္ပံု မီး႐ိႈ႕ၿပီး ဘန္ေကာက္မွာ ဆႏၵျပ


ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕ အစိုးရ႐ုံးေရွ႕မွာ ဓာတ္ပုံေတြကို မီးရႈိ႕ၿပီး ဆႏၵျပေနၾကတဲ့ ျမင္ကြင္း။ (ဇူလိုင္ ၂၄၊ ၂၀၂၀)

[Zawgyi/Unicode]

ထုိင္းႏုိင္ငံက ဒီမုိကေရစီေရး တက္ႂကြလႈပ္ရွားသူ လူငယ္တစုဟာ အစိုးရကို ကန္႔ကြက္တဲ့အေနနဲ႔ ဘန္ေကာက္ၿမိဳ႕က အစိုးရ႐ုံးေရွ႕မွာ ဒီေန႔ စုေ၀းဆႏၵျပခဲ့ၾကၿပီး ၀န္ႀကီးခ်ဳပ္ ပရာရြတ္ ခ်န္အိုခ်ာနဲ႔ ဒု၀န္ႀကီးခ်ဳပ္တုိ႔ရဲ႕ ဓာတ္ပုံေတြကို မီးရႈိ႕ခဲ့ၾကပါတယ္။

ဘန္ေကာက္ၿမိဳ႕ အစိုးရ႐ုံးေရွ႕မွာ ဓာတ္ပုံေတြကို မီးရႈိ႕ၿပီး ဆႏၵျပေနၾကတဲ့ ျမင္ကြင္း။ (ဇူလိုင္ ၂၄၊ ၂၀၂၀)
ဘန္ေကာက္ၿမိဳ႕ အစိုးရ႐ုံးေရွ႕မွာ ဓာတ္ပုံေတြကို မီးရႈိ႕ၿပီး ဆႏၵျပေနၾကတဲ့ ျမင္ကြင္း။ (ဇူလိုင္ ၂၄၊ ၂၀၂၀)

ဆႏၵျပတဲ့သူေတြက ထုိ္င္းအစိုးရအဖဲြ႔ ႏုတ္ထြက္ေပးဖို႔နဲ႔ လက္ရွိရွိေနတဲ့ ၂၀ ခုေျမာက္ ဖြ႔ဲစည္းပုံအေျခခံဥပေဒကို ျပင္ဆင္ဖို႔ ေတာင္းဆိုၾကပါတယ္။ ၂၀၁၄ ခုႏွစ္မွာ ထုိင္းစစ္တပ္က အာဏာသိမ္းၿပီးတဲ့ေနာက္ ဖဲြ႔စည္းပုံ အေျခခံဥပေဒကို ဖ်က္္ၿပီး အခုလက္ရွိ အေျခခံဥပေဒနဲ႔ အစားထုိးလိုက္တာျဖစ္ပါတယ္။

ဒီေန႔ဆႏၵျပပဲြဟာ ၿပီးခဲ့တဲ့သီတင္းပတ္ေတြအတြင္း ဘန္ေကာက္ၿမိဳ႕နဲ႔ ထုိင္းႏုိင္ငံက တျခားခ႐ုိင္ေတြမွာ ျဖစ္ပြားခဲ့တဲ့ လြတ္လပ္တဲ့ လူငယ္လႈပ္ရွားမႈ ဆႏၵျပပဲြေတြထဲက တခုျဖစ္ပါတယ္။ လက္ရွိထုိင္း၀န္ႀကီးခ်ဳပ္ ပရာရြတ္အစိုးရအေပၚမွာ ထုိင္းျပည္သူေတြရဲ႕ အတုိက္အခံဆႏၵျပမႈေတြဟာ မၾကာေသးခင္ လပိုင္းေတြအတြင္းမွာ ပိုမ်ားလာခဲ့ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ေရြးေကာက္ပဲြက်င္းပၿပီးခ်ိန္ကစၿပီး ဒုတိယအႀကီးဆုံး အတုိက္အခံပါတီကို ထုိင္းတရား႐ုံးကဖ်က္သိမ္းခဲ့တာေၾကာင့္ လက္ရွိအာဏာရ ညႊန္႔ေပါင္းအစိုးရအေနနဲ႔ ပါလီမန္အတြင္းမွာ ပိုၿပီးေတာ့ ခုိင္မာအားေကာင္းလာခဲ့ပါတယ္။

ထုိင္းႏုိင္ငံတ၀န္းမွာ အေရးေပၚအေျခအေနကို လာမယ့္ ၾသဂုတ္လအထိ ေၾကျငာထားေပမယ့္ ထုိင္းအမ်ိဳးသားလုံျခံဳေရးေကာင္စီကေတာ့ အဲဒီလိုအေရးေပၚအေျခအေနေၾကျငာထားတာဟာ ဗုိင္းရပ္စ္ကူးစက္မႈေတြ ထိန္းခ်ဳပ္ဖို႔အတြက္ျဖစ္ၿပီး ဆႏၵျပပဲြေတြအတြက္ မဟုတ္ဘူးလို႔ ေျပာပါတယ္။ ဆႏၵျပပဲြေတြနဲ႔ ပတ္သက္ၿပီး အခုခ်ိန္ထိ ဖမ္းဆီးတာ မရွိေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ထိုင်းဝန်ကြီးချုပ်နဲ့ ဒုဝန်ကြီးချုပ်ဓာတ်ပုံ မီးရှို့ပြီး ဘန်ကောက်မှာ ဆန္ဒပြ

ထိုင်းနိုင်ငံက ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ လူငယ်တစုဟာ အစိုးရကို ကန့်ကွက်တဲ့အနေနဲ့ ဘန်ကောက်မြို့က အစိုးရရုံးရှေ့မှာ ဒီနေ့ စုဝေးဆန္ဒပြခဲ့ကြပြီး ဝန်ကြီးချုပ် ပရာရွတ် ချန်အိုချာနဲ့ ဒုဝန်ကြီးချုပ်တို့ရဲ့ ဓာတ်ပုံတွေကို မီးရှို့ခဲ့ကြပါတယ်။

ဘန္ေကာက္ၿမိဳ႕ အစိုးရ႐ုံးေရွ႕မွာ ဓာတ္ပုံေတြကို မီးရႈိ႕ၿပီး ဆႏၵျပေနၾကတဲ့ ျမင္ကြင္း။ (ဇူလိုင္ ၂၄၊ ၂၀၂၀)
ဘန္ေကာက္ၿမိဳ႕ အစိုးရ႐ုံးေရွ႕မွာ ဓာတ္ပုံေတြကို မီးရႈိ႕ၿပီး ဆႏၵျပေနၾကတဲ့ ျမင္ကြင္း။ (ဇူလိုင္ ၂၄၊ ၂၀၂၀)

ဆန္ဒပြတဲ့သူတွေက ထိုင်းအစိုးရအဖွဲ့ နုတ်ထွက်ပေးဖို့နဲ့ လက်ရှိရှိနေတဲ့ ၂၀ ခုမြောက် ဖွ့ဲစည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ တောင်းဆိုကြပါတယ်။ ၂၀၁၄ ခုနှစ်မှာ ထိုင်းစစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်ပြီး အခုလက်ရှိ အခြေခံဥပဒေနဲ့ အစားထိုးလိုက်တာဖြစ်ပါတယ်။

ဒီနေ့ဆန္ဒပြပွဲဟာ ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း ဘန်ကောက်မြို့နဲ့ ထိုင်းနိုင်ငံက တခြားခရိုင်တွေမှာ ဖြစ်ပွားခဲ့တဲ့ လွတ်လပ်တဲ့ လူငယ်လှုပ်ရှားမှု ဆန္ဒပြပွဲတွေထဲက တခုဖြစ်ပါတယ်။ လက်ရှိထိုင်းဝန်ကြီးချုပ် ပရာရွတ်အစိုးရအပေါ်မှာ ထိုင်းပြည်သူတွေရဲ့ အတိုက်အခံဆန္ဒပြမှုတွေဟာ မကြာသေးခင် လပိုင်းတွေအတွင်းမှာ ပိုများလာခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ရွေးကောက်ပွဲကျင်းပပြီးချိန်ကစပြီး ဒုတိယအကြီးဆုံး အတိုက်အခံပါတီကို ထိုင်းတရားရုံးကဖျက်သိမ်းခဲ့တာကြောင့် လက်ရှိအာဏာရ ညွှန့်ပေါင်းအစိုးရအနေနဲ့ ပါလီမန်အတွင်းမှာ ပိုပြီးတော့ ခိုင်မာအားကောင်းလာခဲ့ပါတယ်။

ထိုင်းနိုင်ငံတဝန်းမှာ အရေးပေါ်အခြေအနေကို လာမယ့် သြဂုတ်လအထိ ကြေငြာထားပေမယ့် ထိုင်းအမျိုးသားလုံခြုံရေးကောင်စီကတော့ အဲဒီလိုအရေးပေါ်အခြေအနေကြေငြာထားတာဟာ ဗိုင်းရပ်စ်ကူးစက်မှုတွေ ထိန်းချုပ်ဖို့အတွက်ဖြစ်ပြီး ဆန္ဒပြပွဲတွေအတွက် မဟုတ်ဘူးလို့ ပြောပါတယ်။ ဆန္ဒပြပွဲတွေနဲ့ ပတ်သက်ပြီး အခုချိန်ထိ ဖမ်းဆီးတာ မရှိသေးပါဘူး။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG