(Zawgyi / Unicode)
ထိုင္းအစိုးရအေနနဲ႔ ျပည္သူ႔အခြန္ဘ႑ာေတြ ျဖဳန္းတီးေနတာ ရပ္ဖို႔ ရာနဲ႔ခ်ီတဲ့ လူငယ္ေတြက တနဂၤေႏြေန႔က ဘန္ေကာက္ၿမိဳ႕ေတာ္ လမ္းမေတြေပၚမွာ ဆႏၵျပခဲ့ၾကပါတယ္။
ဆႏၵျပလူငယ္ေတြက ဂ်ပန္ကာတြန္း Hamtaro ထဲက အဓိကဇာတ္ေကာင္ Hamster ေလးကို ပံုစံယူၿပီး လႊတ္ေတာ္ကို ဖ်က္သိမ္း၊ အာဏာရွင္ေတြ ႏုတ္ထြက္ဆိုတဲ့ ေႂကြးေၾကာ္သံေတြနဲ႔ ဘန္ေကာက္ၿမိဳ႕ေတာ္က ဒီမိုကေရစီ အထိမ္းအမွတ္ ေက်ာက္တိုင္တ၀ိုက္မွာ ဆႏၵျပခဲ့ၾကတာပါ။
အခုလို ကာတြန္းဇာတ္ေကာင္ Hamster ေလးကုိ ပံုစံယူၿပီး ဆႏၵျပရတာကေတာ့ အစဥ္အလာ ဆႏၵျပတဲ့ ပံုစံေတြကေန ခြဲထြက္ၿပီး အစိုးရဘက္ကလည္း သတိထားမိလာေစဖို႔ ရည္ရြယ္တာျဖစ္တယ္လို႔ ဆႏၵျပသူ လူငယ္တဦးက ေျပာပါတယ္။
အခုဆႏၵျပပြဲဟာဆိုရင္ လြတ္လပ္တဲ့ လူငယ္လႈပ္ရွားမႈရဲ႕ ဆႏၵျပပြဲေတြထဲက တခုျဖစ္ပါတယ္။
လြတ္လပ္တဲ့ လူငယ္လႈပ္ရွားမႈ ဆႏၵျပပြဲေတြက အဓိက ေတာင္းဆိုခ်က္ သံုးခုကေတာ့ ပါလီမန္ကို ဖ်က္သိမ္းဖို႔၊ အစိုးရကို ေ၀ဖန္သူေတြကို ႏွိပ္ကြပ္ေနတာ ရပ္ဖို႔နဲ႔ စစ္တပ္ကေရးတဲ့ အေျခခံဥပေဒကို ျပင္ဆင္ဖို႔ ျဖစ္ပါတယ္။
----------------------------
(Unicode)
အခွန်ဘဏ္ဍာ မဖြုန်းတီးဖို့ ထိုင်းအစိုးရကို လူငယ်တွေ ဆန္ဒပြ
ထိုင်းအစိုးရအနေနဲ့ ပြည်သူ့အခွန်ဘဏ္ဍာတွေ ဖြုန်းတီးနေတာ ရပ်ဖို့ ရာနဲ့ချီတဲ့ လူငယ်တွေက တနင်္ဂနွေနေ့က ဘန်ကောက်မြို့တော် လမ်းမတွေပေါ်မှာ ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြလူငယ်တွေက ဂျပန်ကာတွန်း Hamtaro ထဲက အဓိကဇာတ်ကောင် Hamster လေးကို ပုံစံယူပြီး လွှတ်တော်ကို ဖျက်သိမ်း၊ အာဏာရှင်တွေ နုတ်ထွက်ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ ဘန်ကောက်မြို့တော်က ဒီမိုကရေစီ အထိမ်းအမှတ် ကျောက်တိုင်တဝိုက်မှာ ဆန္ဒပြခဲ့ကြတာပါ။
အခုလို ကာတွန်းဇာတ်ကောင် Hamster လေးကို ပုံစံယူပြီး ဆန္ဒပြရတာကတော့ အစဉ်အလာ ဆန္ဒပြတဲ့ ပုံစံတွေကနေ ခွဲထွက်ပြီး အစိုးရဘက်ကလည်း သတိထားမိလာစေဖို့ ရည်ရွယ်တာဖြစ်တယ်လို့ ဆန္ဒပြသူ လူငယ်တဦးက ပြောပါတယ်။
အခုဆန္ဒပြပွဲဟာဆိုရင် လွတ်လပ်တဲ့ လူငယ်လှုပ်ရှားမှုရဲ့ ဆန္ဒပြပွဲတွေထဲက တခုဖြစ်ပါတယ်။
လွတ်လပ်တဲ့ လူငယ်လှုပ်ရှားမှု ဆန္ဒပြပွဲတွေက အဓိက တောင်းဆိုချက် သုံးခုကတော့ ပါလီမန်ကို ဖျက်သိမ်းဖို့၊ အစိုးရကို ဝေဖန်သူတွေကို နှိပ်ကွပ်နေတာ ရပ်ဖို့နဲ့ စစ်တပ်ကရေးတဲ့ အခြေခံဥပဒေကို ပြင်ဆင်ဖို့ ဖြစ်ပါတယ်။