သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္-ထိုင္း စစ္ဘက္ႏွစ္ရပ္ၾကား ပူးေပါင္းေဆာင္ရြက္ေရး သေဘာတူလက္မွတ္ေရးထိုး


အေမရိကန္ၾကည္းတပ္ဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္ႀကီး McConville (၀ဲ)၊ထိုင္း၀န္ႀကီးခ်ဳပ္ Prayuth Chan-ocha (ညာ) (ဇူလိုင္ ၁၀၊ ၂၀၂၀)

[Zawgyi/Unicode]

အေမရိကန္ၾကည္းတပ္ဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္ႀကီး James McConville ဟာ ထုိင္း၀န္ႀကီးခ်ဳပ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္တုိ႔နဲ႔ ဒီကေန႔ေတြ႔ဆံုပါတယ္။ ဒါဟာ COVID-19 ကပ္ေရာဂါေၾကာင့္ ႏုိင္ငံတကာခရီးသြားလာမႈေတြ ရပ္ဆုိင္းခဲ့ၿပီးတဲ့ေနာက္ပိုင္း ထုိင္းႏုိင္ငံကို ပထမဆုံးလာေရာက္ေတြ႔ဆုံတဲ့ ျပည္ပက အဆင့္ျမင့္ကိုယ္စားလွယ္အဖဲြ႔ျဖစ္ပါတယ္။

အေမရိကန္ၾကည္းတပ္ဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္ႀကီး McConville (၀ဲ)၊ထိုင္း၀န္ႀကီးခ်ဳပ္ Prayuth Chan-ocha (ညာ) (ဇူလိုင္ ၁၀၊ ၂၀၂၀)
အေမရိကန္ၾကည္းတပ္ဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္ႀကီး McConville (၀ဲ)၊ထိုင္း၀န္ႀကီးခ်ဳပ္ Prayuth Chan-ocha (ညာ) (ဇူလိုင္ ၁၀၊ ၂၀၂၀)

ဗုိလ္ခ်ဳပ္ႀကီး McConville ဟာ ၀န္ႀကီးခ်ဳပ္ Prayuth Chan-ocha၊ ထုိင္းကာကြယ္ေရးဦးစီးခ်ဳပ္ Apirat Kongsompong တို႔နဲ႔ေတြ႔ဆုံၿပီး မဟာဗ်ဴဟာေျမာက္ လက္တဲြလုပ္ေဆာင္ေရးဆုိ္င္ရာ သေဘာတူညီခ်က္တရပ္ကို လက္မွတ္ေရးထုိးခဲ့တယ္လို႔ ထုိင္းႏုိင္ငံမွာ ရွိတဲ့ အေမရိကန္သံ႐ုံးက ေၾကျငာခ်က္ထုတ္ျပန္ပါတယ္။ သေဘာတူညီခ်က္ အေသးစိတ္ကိုေတာ့ မထုတ္ျပန္ပါဘူး။

ဒါဟာ အေမရိကန္အစိုးရက ေဒသတြင္းမွာရွိတဲ့ မဟာမိတ္ေတြနဲ႔ ဆက္ၿပီးေတာ့ လက္တဲြေဆာင္ရြက္သြားမယ္ဆုိတာကို ထပ္ေလာင္း အာမခံလိုက္တာလည္းျဖစ္ပါတယ္။

ေတာင္တ႐ုတ္ပင္လယ္တြင္း တ႐ုတ္ႏုိင္ငံက လႊမ္းမုိးဖို႔ ႀကိဳးပမ္းေနတာေတြကို တန္ျပန္ဖို႔အတြက္ အေမရိကန္က အခုလိုလုပ္ေဆာင္လာေနတာပါ။

ကို႐ုိနာဗုိင္းရပ္စ္နဲ႔ ပတ္သက္ၿပီးေတာ့ အေမရိကန္က ထုိင္းႏုိင္ငံကို ေဒၚလာ ၂,၀၀၀,၀၀၀ အကူအညီေပးခဲ့ၿပီး ထုိင္း၀န္ႀကီးခ်ဳပ္ကလည္း ဒီအကူအညီကို အသိအမွတ္ျပဳတယ္လို႔ ထို္င္း၀န္ႀကီးခ်ဳပ္႐ုံးက ဒီေန႔ သတင္းထုတ္ျပန္ပါတယ္။

ဒီေတြ႔ဆုံေဆြးေႏြးမႈအတြင္း ႏွစ္ဘက္တာ၀န္ရွိသူေတြဟာ ဗုိင္းရပ္စ္ကူးစက္မႈေတြမျဖစ္ေအာင္ တင္းတင္းၾကပ္ၾကပ္ခ်မွတ္ထားတဲ့ စည္ကမ္းခ်က္ေတြအတုိင္း လိုက္နာတဲ့အေနနဲ႔ ႏွာေခါင္းစည္း မ်က္ႏွာဖုံးေတြ တပ္ဆင္ၿပီး ေတြ႔ဆုံေဆြးေႏြးခဲ့ၾကတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အမေရိကန်-ထိုင်း စစ်ဘက်နှစ်ရပ်ကြား ပူးပေါင်းဆောင်ရွက်ရေး သဘောတူလက်မှတ်ရေးထိုး

အမေရိကန်ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး James McConville ဟာ ထိုင်းဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်တို့နဲ့ ဒီကနေ့တွေ့ဆုံပါတယ်။ ဒါဟာ COVID-19 ကပ်ရောဂါကြောင့် နိုင်ငံတကာခရီးသွားလာမှုတွေ ရပ်ဆိုင်းခဲ့ပြီးတဲ့နောက်ပိုင်း ထိုင်းနိုင်ငံကို ပထမဆုံးလာရောက်တွေ့ဆုံတဲ့ ပြည်ပက အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီး McConville ဟာ ဝန်ကြီးချုပ် Prayuth Chan-ocha၊ ထိုင်းကာကွယ်ရေးဦးစီးချုပ် Apirat Kongsompong တို့နဲ့တွေ့ဆုံပြီး မဟာဗျူဟာမြောက် လက်တွဲလုပ်ဆောင်ရေးဆိုင်ရာ သဘောတူညီချက်တရပ်ကို လက်မှတ်ရေးထိုးခဲ့တယ်လို့ ထိုင်းနိုင်ငံမှာ ရှိတဲ့ အမေရိကန်သံရုံးက ကြေငြာချက်ထုတ်ပြန်ပါတယ်။ သဘောတူညီချက် အသေးစိတ်ကိုတော့ မထုတ်ပြန်ပါဘူး။

ဒါဟာ အမေရိကန်အစိုးရက ဒေသတွင်းမှာရှိတဲ့ မဟာမိတ်တွေနဲ့ ဆက်ပြီးတော့ လက်တွဲဆောင်ရွက်သွားမယ်ဆိုတာကို ထပ်လောင်း အာမခံလိုက်တာလည်းဖြစ်ပါတယ်။

တောင်တရုတ်ပင်လယ်တွင်း တရုတ်နိုင်ငံက လွှမ်းမိုးဖို့ ကြိုးပမ်းနေတာတွေကို တန်ပြန်ဖို့အတွက် အမေရိကန်က အခုလိုလုပ်ဆောင်လာနေတာပါ။

ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီးတော့ အမေရိကန်က ထိုင်းနိုင်ငံကိုဒေါ်လာ ၂,၀၀၀,၀၀၀ အကူအညီပေးခဲ့ပြီး ထိုင်းဝန်ကြီးချုပ်ကလည်း ဒီအကူအညီကို အသိအမှတ်ပြုတယ်လို့ ထိုင်းဝန်ကြီးချုပ်ရုံးက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

ဒီတွေ့ဆုံဆွေးနွေးမှုအတွင်း နှစ်ဘက်တာဝန်ရှိသူတွေဟာ ဗိုင်းရပ်စ်ကူးစက်မှုတွေမဖြစ်အောင် တင်းတင်းကြပ်ကြပ်ချမှတ်ထားတဲ့ စည်ကမ်းချက်တွေအတိုင်း လိုက်နာတဲ့အနေနဲ့ နှာခေါင်းစည်း မျက်နှာဖုံးတွေ တပ်ဆင်ပြီး တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

XS
SM
MD
LG