သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းပင်လယ်စာလုပ်ငန်း အမေရိကန် ကုန်သွယ်မှု အထူးအခွင့်အရေး ဆုံးရှုံးပြီ


ထိုင်းနိုင်ငံ Samut Sakhon ရှိ ပင်လယ်စာစက်ရုံတခုတွင် ပုစွန်အရွယ်အစား ရွေးနေသည့် လုပ်သားများ။ (သြဂုတ် ၂၃၊ ၂၀၁၆)
ထိုင်းနိုင်ငံ Samut Sakhon ရှိ ပင်လယ်စာစက်ရုံတခုတွင် ပုစွန်အရွယ်အစား ရွေးနေသည့် လုပ်သားများ။ (သြဂုတ် ၂၃၊ ၂၀၁၆)

(Zawgyi / Unicode)

ဒေါ်လာ ဘီလီယံပေါင်းများစွာနဲ့ လည်ပတ်နေတဲ့ ထိုင်းငါးဖမ်းလုပ်ငန်းမှာ ရေလုပ်သားတွေရဲ့ ရပိုင်ခွင့် တိုးတက်အောင် ကြိုးစားဖို့ ပျက်ကွက်ခဲ့တဲ့နောက်ပိုင်း ထိုင်းပင်လယ်စာလုပ်ငန်းတွေအတွက် အမေရိကန်ကပေးထားတဲ့ ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေးတွေကို အမေရိကန်သမ္မတ Donald Trump က ဆိုင်းငံ့ထားလိုက်ပါတယ်။

ထိုင်းပင်လယ်စာ ထုတ်လုပ်တင်ပို့မှုဟာ ကမ္ဘာမှာ တတိယအကြီးဆုံး ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလုပ်ငန်းမှာ အများဆုံးလုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းလုပ်သားတွေအပေါ် ကျွန်ပြုခိုင်းစေမှုတွေနဲ့ လူကုန်ကူးမှုတွေ ရှိနေကြောင်း သတင်းတွေ ထွက်လာတဲ့အတွက် ထိုင်းပင်လယ်စာလုပ်ငန်း တင်ပို့မှုဟာ မကြာခင်နှစ်တွေအတွင်း အတော်လေး နာမည်ပျက်ခဲ့တာပါ။

ဒီလို ထိုင်းနိုင်ငံက ပင်လယ်စာနဲ့ ရေထွက်ကုန်တင်ပို့မှု လုပ်ငန်းတွေမှာ အလုပ်သမားရပိုင်ခွင့်ဆိုင်ရာ ပြဿနာက ကာလတာရှည် ရှိနေဆဲဖြစ်တဲ့အတွက် ထိုင်းပင်လယ်စာလုပ်ငန်း အားလုံးအတွက် ပေးထားတဲ့ ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေးတွေ လက်လွှတ်ဆုံးရှုံးရဖို့ ရှိတယ်လို့ အမေရိကန် ကုန်သွယ်ရေး တာဝန်ခံအရာရှိရဲ့ ပြောကြားချက်ကို ကိုးကားပြီး Bloomberg သတင်းမှာ စနေနေ့က ဖော်ပြထားပါတယ်။

ဒါ့အပြင် ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေး ဆိုင်းငံ့မှုဟာ အမေရိကန်ဒေါ်လာ ၁.၃ ဘီလီယံ တန်တယ်လို့ Bloomberg သတင်းမှာ ဖော်ပြထားပြီး ဒီလိုဆိုင်းငံ့မှုဟာ ၂၀၂၀ ဧပြီလမှာ စတင် သက်ရောက်မှာဖြစ်ကြောင်း အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi ကို သမ္မတ Trump ပေးပို့တဲ့စာထဲမှာ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံက သူ့နိုင်ငံတွင်း လုပ်သားတွေအပေါ် နိုင်ငံတကာ အသိအမှတ်ပြု အလုပ်သမား ရပိုင်ခွင့်တွေ ရအောင် မလုပ်ဆောင်တဲ့အတွက် အခွန်ကင်းလွတ်ခွင့် ပေးထားတာကို ဆိုင်းငံ့မှာဖြစ်ကြောင်း သမ္မတ Trump ရဲ့စာထဲမှာ ဖော်ပြထားပါတယ်။

GSP အစီအစဉ်လို့ခေါ်တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေးကို ခံစားခွင့်ရှိတဲ့ နိုင်ငံတွေအတွက် သတ်မှတ် ကုန်ပစ္စည်းတွေအပေါ် အမေရိကန်က အခွန်ကင်းလွတ်ခွင့် ပေးထားတာဖြစ်ပါတယ်။

--------------------------------

(Unicode)







တိုက်ရိုက် လင့်ခ်



XS
SM
MD
LG