သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္းပင္လယ္စာကုန္သြယ္ေရး ကန္ရပ္ဆိုင္းမႈဂယက္


ထုိင္းပင္လယ္စာစက္႐ုံတ႐ုံတြင္ ပုစြန္အရြယ္အစား ေရြးေနသည့္ အလုပ္သမားမ်ား။ (ၾသဂုတ္ ၂၃၊ ၂၀၁၆)

(Zawgyi / Unicode)

အေမရိကန္ေဒၚလာ ဘီလီယံနဲ႔ခ်ီၿပီး လည္ပတ္ေနတဲ့ ထိုင္းေရထြက္လုပ္ငန္းအတြက္ ေပးထားတဲ့ ကုန္သြယ္ေရးဆုိင္ရာ အထူးအခြင့္အေရးေတြကို အေမရိကန္က ဆုိင္းငံ့လိုက္ပါတယ္။ ထုိင္းႏုိင္ငံရဲ႕ ေရနဲ႔ ေရထြက္လုပ္ငန္းမွာ ေရလုပ္သားေတြရဲ႕ ရပိုင္ခြင့္ တိုးတက္ေအာင္ ႀကိဳးစားဖို႔ ပ်က္ကြက္ခဲ့တာေၾကာင့္ အခုလို ဆုိင္းငံ့လုိက္တာ ဆုိေပမယ့္ ဒီ ေရလုပ္ငန္းမွာ အလုပ္လုပ္ေနၾကတဲ့ သန္းနဲ႔ခ်ီတဲ့ ျမန္မာေရႊ႕ေျပာင္း အလုပ္သမားေတြအတြက္ ဘယ္လိုအေျခအေနမ်ဳိးနဲ႔ ရင္ဆုိင္ရႏုိင္မလဲဆုိတာ ထုိင္းအေျခစုိက္ ဗြီအုိေအျမန္မာပုိင္း သတင္းေထာက္ မေအးေအးမာက တင္ျပေပးထားပါတယ္။

ထိုင္းႏိုင္ငံက ပင္လယ္စာနဲ႔ ေရထြက္ကုန္တင္ပို႔မႈ လုပ္ငန္းေတြမွာ အလုပ္သမား ရပိုင္ခြင့္ဆို္င္ရာ ျပႆနာက ကာလတာရွည္ ရွိေနဆဲျဖစ္တဲ့အတြက္ ထုိင္းပင္လယ္စာလုပ္ငန္း အားလံုးအတြက္ ေပးထားတဲ့ ကုန္သြယ္ေရးဆိုင္ရာ အထူးအခြင့္အေရးေတြ လက္လႊတ္ဆံုး႐ႈံးရဖုိ႔ ရွိတယ္လို႔ အေမရိကန္ႏိုင္ငံက ေျပာဆုိၿပီးေနာက္ပုိင္းမွာ လာမယ့္ ၂၀၂၀ ခုႏွစ္မွာ ျမန္မာေရႊ႕ေျပာင္းအလုပ္သမားေတြ အလုပ္လက္မဲ့ အေျခအေနကို ဆုိက္ေရာက္ႏိုင္ဖြယ္ရွိတယ္လို႔ ျမန္မာေရႊ႕ေျပာင္း အလုပ္သမားအေရး လုပ္ေဆာင္ေနတဲ့ ေအေအစီ မဟာမိတ္အဖဲြ႔ရဲ႕ ဒါ႐ုိက္တာ ဦးခိုင္ႀကီးက ေျပာျပပါတယ္။

“ေရလုပ္သား ပင္လယ္မွာ ၅ ေသာင္းဆိုရင္ အဲဒါကိုမွီခိုၿပီး လုပ္ေနရတာ အေအးခန္းေတြ၊ သန္႔ရွင္းေရးလုပ္သားေတြ၊ ပါကင္ထုပ္တာ၊ ႏိုင္ငံျခားကို အိတ္စ္ပုိ႔လုပ္တဲ့ေနရာမွာ ပစၥည္းထုပ္ပုိးတာတို႔ ပုစြန္ခြာတာတုိ႔ ငါးေလးလီွးျဖတ္တဲ့ ေနရာမွာတို႔ လုပ္ေနတာ။ အဲဒီလုပ္ငန္းေတြကို အေမရိကန္က ပိတ္ဆို႔တဲ့ သေဘာသက္ေရာက္မႈ ျဖစ္သြားရင္ အလုပ္လက္မဲ့ ျဖစ္သြားႏိုင္တယ္။ တၿမိဳ႕နယ္မွာ အလုပ္သမား ၃ သိန္းေလာက္ရွိတယ္။ ပင္လယ္နဲ႔ပတ္သက္လို႔ လုပ္တာ ထုိင္းႏိုင္ငံမွာ ပက်ြတ္ခ႐ုိင္ ဖစ္ဘူရီ၊ ခ်ြန္ဘူရီ၊ စမြတ္ပကာ၊ ဆာမြန္ပရာကန္၊ မဟာခ်ိဳင္ အဲဒီေနရာေတြမွာဆိုရင္ အလုပ္႐ုံတ႐ုံဆိုရင္ လူေပါင္း ၃ ေထာင္ေလာက္ သုံးထားရတာ။ ၁၀ ႐ုံရွိရင္ လူေပါင္း ၃ ေသာင္းေက်ာ္သြားၿပီ။ က်ေနာ္တုိ႔ခန္႔မွန္းတာ တၿမိဳ႕နယ္မွာဆိုရင္ နာမည္ႀကီး႐ုံေတြဆို လူေပါင္း ၅ ေထာင္ထိသံုးတဲ့ အလုပ္႐ုံ ၃ ေထာင္ေလာက္သံုးတဲ့ အလုပ္႐ုံေတြက အလုပ္႐ုံေပါင္း ၅၀ ေလာက္ရွိတယ္။ ေရလုပ္သားကုိ မီွခိုၿပီးလုပ္ေနတဲ့ အလုပ္႐ုံေတြေနာ္။ ၿမိဳ႕နယ္ေပါင္း ၅ ၿမိဳ႕နယ္ေလာက္ ျပဳတ္သြားရင္ က်ေနာ္တို႔ အလုပ္သမားေတြ သိန္းဂဏန္းေတာင္မဟုတ္ဘူး၊ သန္းဂဏန္းေလာက္ကို အလုပ္လက္မဲ့ျဖစ္သြားမယ္။”

ထိုင္းပင္လယ္စာ ထုတ္လုပ္တင္ပို႔မႈဟာ ကမာၻမွာ တတိယအႀကီးဆံုး ျဖစ္ပါတယ္။ ဒါေပမယ့္ ဒီလုပ္ငန္းမွာ အမ်ားဆံုးလုပ္ကိုင္ေနတဲ့ ေရႊ႕ေျပာင္းလုပ္သားေတြအေပၚ ကၽြန္ျပဳခိုင္းေစမႈေတြနဲ႔ လူကုန္ကူးမႈေတြ ရွိေနေၾကာင္း သတင္းေတြ ထြက္လာတဲ့အတြက္ ထုိင္းပင္လယ္စာလုပ္ငန္း တင္ပို႔မႈဟာ မၾကာေသးခင္ ႏွစ္ေတြတုန္းက အေတာ္ေလး နာမည္ပ်က္ခဲ့တာပါ။ ဒီျပႆနာေတြကုိ ေက်ာ္လႊားႏိုင္ဖို႔အတြက္ ထုိင္းအစုိးရက ေရလုပ္သားေတြနဲ႔ ပတ္သက္လို႔ ႏုိင္ငံတကာ စံခ်ိန္စံညႊန္းနဲ႔အညီ ဥပေဒေတြ ျပ႒ာန္းခဲ့ေပမယ့္ ဒါေတြကို လုပ္ငန္းရွင္ေတြက လုိက္လုပ္ႏုိင္တာေတြ သိပ္မရွိေသးပါဘူး။ ဥပေဒပါ လုပ္အားခေတြက နည္းေနေသးတာေၾကာင့္ ျမန္မာေရလုပ္သားေတြကုိ ေစလႊတ္ေရးကိုလည္း ျမန္မာအလုပ္သမား၀န္ႀကီးဌာနဘက္ကလည္း ဆိုင္းငံ့ထားပါတယ္။

ထိုင္းႏိုင္ငံက ပင္လယ္စာနဲ႔ ေရထြက္ကုန္တင္ပို႔မႈ လုပ္ငန္းေတြမွာ အလုပ္သမား ရပိုင္ခြင့္ဆို္င္ရာေတြက မေပးႏုိင္ေသးတာေၾကာင့္ ထုိင္းပင္လယ္စာလုပ္ခြင့္ ေပးထားတဲ့ ကုန္သြယ္ေရးဆိုင္ရာ အထူးအခြင့္အေရးေတြ လက္လႊတ္ဆံုး႐ႈံးရဖုိ႔ ရွိတယ္လို႔ အေမရိကန္ ကုန္သြယ္ေရး တာဝန္ခံအရာရွိက မၾကာေသးခင္ကပဲ ေျပာၾကားခဲ့တာပါ။ ကုန္သြယ္ေရးဆိုင္ရာ အထူးအခြင့္အေရး ဆိုင္းငံ့မႈဟာ ၂၀၂၀ ဧၿပီလမွာ စတင္ သက္ေရာက္မွာ ျဖစ္ပါတယ္။

ဒီလိုသက္ေရာက္မႈရဲ႕ အက်ိဳးဆက္ေၾကာင့္ ျမန္မာအလုပ္သမားေတြအတြက္ ေနရပ္ကို အလံုးအရင္းနဲ႔ ျပန္ရတာမ်ိဳးေတြနဲ႔ အလုပ္လက္မဲ့ျဖစ္မယ့္ အေျခအေနကို ဆိုက္္ေရာက္ႏုိင္တယ္လုိ႔လည္း ဦးခိုင္ႀကီးက ေျပာဆိုပါတယ္။

“ျပည္တြင္းကို အလံုးအခဲနဲ႔ျပန္ရင္ျပန္၊ မျပန္ဘဲ ရတဲ့အလုပ္ ၀င္လုပ္ရင္ေတာ့ တရား၀င္ကေန တရားမ၀င္ေတြလည္းျဖစ္မယ္၊ ထိုင္းလုပ္ငန္းရွင္ေတြလည္း ဒီရက္ပိုင္းေတြမွာ အေတာ္ႀကီး တုန္လႈပ္မႈေတြျဖစ္ေနတယ္။”

GSP အစီအစဥ္လို႔ေခၚတဲ့ အေမရိကန္ျပည္ေထာင္စုရဲ႕ ကုန္သြယ္ေရးဆိုင္ရာ အထူးအခြင့္အေရးကို ခံစားခြင့္ရွိတဲ့ ႏိုင္ငံေတြအတြက္ သတ္မွတ္ကုန္ပစၥည္းေတြအေပၚ အေမရိကန္က အခြန္ကင္းလြတ္ခြင့္ ေပးထားတာျဖစ္ပါတယ္။

ကုန္သြယ္ေရးဆိုင္ရာ အထူးအခြင့္အေရး ဆိုင္းငံ့မႈဟာ အေမရိကန္ေဒၚလာ ၁.၃ ဘီလီယံ တန္တယ္လို႔ Bloomberg သတင္းမွာ ေဖာ္ျပထားပါတယ္။ ထုိင္းႏုိင္ငံမွာလည္း ထိုင္းစီးပြားေရး က်ဆင္းေနတာေၾကာင့္ ေအာက္တိုဘာလထဲမွာပဲ စက္႐ုံ ၃ ႐ုံခန္႔ဟာ ႐ုတ္တရက္ ပိတ္ပစ္လိုက္ရၿပီး ေထာင္ဂဏန္းရွိတဲ့ ျမန္မာအလုပ္သမားေတြ အလုပ္လက္မဲ့ ျဖစ္ခဲ့ရပါတယ္။

---------------------------------

(Unicode)

ထိုင်းပင်လယ်စာကုန်သွယ်ရေး ကန်ရပ်ဆိုင်းမှုဂယက်

အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီပြီး လည်ပတ်နေတဲ့ ထိုင်းရေထွက်လုပ်ငန်းအတွက် ပေးထားတဲ့ ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေးတွေကို အမေရိကန်က ဆိုင်းငံ့လိုက်ပါတယ်။ ထိုင်းနိုင်ငံရဲ့ ရေနဲ့ ရေထွက်လုပ်ငန်းမှာ ရေလုပ်သားတွေရဲ့ ရပိုင်ခွင့် တိုးတက်အောင် ကြိုးစားဖို့ ပျက်ကွက်ခဲ့တာကြောင့် အခုလို ဆိုင်းငံ့လိုက်တာ ဆိုပေမယ့် ဒီ ရေလုပ်ငန်းမှာ အလုပ်လုပ်နေကြတဲ့ သန်းနဲ့ချီတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအတွက် ဘယ်လိုအခြေအနေမျိုးနဲ့ ရင်ဆိုင်ရနိုင်မလဲဆိုတာ ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံက ပင်လယ်စာနဲ့ ရေထွက်ကုန်တင်ပို့မှု လုပ်ငန်းတွေမှာ အလုပ်သမား ရပိုင်ခွင့်ဆိုင်ရာ ပြဿနာက ကာလတာရှည် ရှိနေဆဲဖြစ်တဲ့အတွက် ထိုင်းပင်လယ်စာလုပ်ငန်း အားလုံးအတွက် ပေးထားတဲ့ ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေးတွေ လက်လွှတ်ဆုံးရှုံးရဖို့ ရှိတယ်လို့ အမေရိကန်နိုင်ငံက ပြောဆိုပြီးနောက်ပိုင်းမှာ လာမယ့် ၂၀၂၀ ခုနှစ်မှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အလုပ်လက်မဲ့ အခြေအနေကို ဆိုက်ရောက်နိုင်ဖွယ်ရှိတယ်လို့ မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး လုပ်ဆောင်နေတဲ့ အေအေစီ မဟာမိတ်အဖွဲ့ရဲ့ ဒါရိုက်တာ ဦးခိုင်ကြီးက ပြောပြပါတယ်။

“ရေလုပ်သား ပင်လယ်မှာ ၅ သောင်းဆိုရင် အဲဒါကိုမှီခိုပြီး လုပ်နေရတာ အအေးခန်းတွေ၊ သန့်ရှင်းရေးလုပ်သားတွေ၊ ပါကင်ထုပ်တာ၊ နိုင်ငံခြားကို အိတ်စ်ပို့လုပ်တဲ့နေရာမှာ ပစ္စည်းထုပ်ပိုးတာတို့ ပုစွန်ခွာတာတို့ ငါးလေးလှီးဖြတ်တဲ့ နေရာမှာတို့ လုပ်နေတာ။ အဲဒီလုပ်ငန်းတွေကို အမေရိကန်က ပိတ်ဆို့တဲ့ သဘောသက်ရောက်မှု ဖြစ်သွားရင် အလုပ်လက်မဲ့ ဖြစ်သွားနိုင်တယ်။ တမြို့နယ်မှာ အလုပ်သမား ၃ သိန်းလောက်ရှိတယ်။ ပင်လယ်နဲ့ပတ်သက်လို့ လုပ်တာ ထိုင်းနိုင်ငံမှာ ပကျွတ်ခရိုင် ဖစ်ဘူရီ၊ ချွန်ဘူရီ၊ စမွတ်ပကာ၊ ဆာမွန်ပရာကန်၊ မဟာချိုင် အဲဒီနေရာတွေမှာဆိုရင် အလုပ်ရုံတရုံဆိုရင် လူပေါင်း ၃ ထောင်လောက် သုံးထားရတာ။ ၁၀ ရုံရှိရင် လူပေါင်း ၃ သောင်းကျော်သွားပြီ။ ကျနော်တို့ခန့်မှန်းတာ တမြို့နယ်မှာဆိုရင် နာမည်ကြီးရုံတွေဆို လူပေါင်း ၅ ထောင်ထိသုံးတဲ့ အလုပ်ရုံ ၃ ထောင်လောက်သုံးတဲ့ အလုပ်ရုံတွေက အလုပ်ရုံပေါင်း ၅၀ လောက်ရှိတယ်။ ရေလုပ်သားကို မှီခိုပြီးလုပ်နေတဲ့ အလုပ်ရုံတွေနော်။ မြို့နယ်ပေါင်း ၅ မြို့နယ်လောက် ပြုတ်သွားရင် ကျနော်တို့ အလုပ်သမားတွေ သိန်းဂဏန်းတောင်မဟုတ်ဘူး၊ သန်းဂဏန်းလောက်ကို အလုပ်လက်မဲ့ဖြစ်သွားမယ်။”

ထိုင်းပင်လယ်စာ ထုတ်လုပ်တင်ပို့မှုဟာ ကမ္ဘာမှာ တတိယအကြီးဆုံး ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလုပ်ငန်းမှာ အများဆုံးလုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းလုပ်သားတွေအပေါ် ကျွန်ပြုခိုင်းစေမှုတွေနဲ့ လူကုန်ကူးမှုတွေ ရှိနေကြောင်း သတင်းတွေ ထွက်လာတဲ့အတွက် ထိုင်းပင်လယ်စာလုပ်ငန်း တင်ပို့မှုဟာ မကြာသေးခင် နှစ်တွေတုန်းက အတော်လေး နာမည်ပျက်ခဲ့တာပါ။ ဒီပြဿနာတွေကို ကျော်လွှားနိုင်ဖို့အတွက် ထိုင်းအစိုးရက ရေလုပ်သားတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့အညီ ဥပဒေတွေ ပြဋ္ဌာန်းခဲ့ပေမယ့် ဒါတွေကို လုပ်ငန်းရှင်တွေက လိုက်လုပ်နိုင်တာတွေ သိပ်မရှိသေးပါဘူး။ ဥပဒေပါ လုပ်အားခတွေက နည်းနေသေးတာကြောင့် မြန်မာရေလုပ်သားတွေကို စေလွှတ်ရေးကိုလည်း မြန်မာအလုပ်သမားဝန်ကြီးဌာနဘက်ကလည်း ဆိုင်းငံ့ထားပါတယ်။

ထိုင်းနိုင်ငံက ပင်လယ်စာနဲ့ ရေထွက်ကုန်တင်ပို့မှု လုပ်ငန်းတွေမှာ အလုပ်သမား ရပိုင်ခွင့်ဆိုင်ရာတွေက မပေးနိုင်သေးတာကြောင့် ထိုင်းပင်လယ်စာလုပ်ခွင့် ပေးထားတဲ့ ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေးတွေ လက်လွှတ်ဆုံးရှုံးရဖို့ ရှိတယ်လို့ အမေရိကန် ကုန်သွယ်ရေး တာဝန်ခံအရာရှိက မကြာသေးခင်ကပဲ ပြောကြားခဲ့တာပါ။ ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေး ဆိုင်းငံ့မှုဟာ ၂၀၂၀ ဧပြီလမှာ စတင် သက်ရောက်မှာ ဖြစ်ပါတယ်။

ဒီလိုသက်ရောက်မှုရဲ့ အကျိုးဆက်ကြောင့် မြန်မာအလုပ်သမားတွေအတွက် နေရပ်ကို အလုံးအရင်းနဲ့ ပြန်ရတာမျိုးတွေနဲ့ အလုပ်လက်မဲ့ဖြစ်မယ့် အခြေအနေကို ဆိုက်ရောက်နိုင်တယ်လို့လည်း ဦးခိုင်ကြီးက ပြောဆိုပါတယ်။

“ပြည်တွင်းကို အလုံးအခဲနဲ့ပြန်ရင်ပြန်၊ မပြန်ဘဲ ရတဲ့အလုပ် ဝင်လုပ်ရင်တော့ တရားဝင်ကနေ တရားမဝင်တွေလည်းဖြစ်မယ်၊ ထိုင်းလုပ်ငန်းရှင်တွေလည်း ဒီရက်ပိုင်းတွေမှာ အတော်ကြီး တုန်လှုပ်မှုတွေဖြစ်နေတယ်။”

GSP အစီအစဉ်လို့ခေါ်တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေးကို ခံစားခွင့်ရှိတဲ့ နိုင်ငံတွေအတွက် သတ်မှတ်ကုန်ပစ္စည်းတွေအပေါ် အမေရိကန်က အခွန်ကင်းလွတ်ခွင့် ပေးထားတာဖြစ်ပါတယ်။

ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေး ဆိုင်းငံ့မှုဟာ အမေရိကန်ဒေါ်လာ ၁.၃ ဘီလီယံ တန်တယ်လို့ Bloomberg သတင်းမှာ ဖော်ပြထားပါတယ်။ ထိုင်းနိုင်ငံမှာလည်း ထိုင်းစီးပွားရေး ကျဆင်းနေတာကြောင့် အောက်တိုဘာလထဲမှာပဲ စက်ရုံ ၃ ရုံခန့်ဟာရုတ်တရက် ပိတ်ပစ်လိုက်ရပြီး ထောင်ဂဏန်းရှိတဲ့ မြန်မာအလုပ်သမားတွေ အလုပ်လက်မဲ့ ဖြစ်ခဲ့ရပါတယ်။

တိုက္႐ိုက္ လင့္ခ္


၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG