သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဆႏၵျပေခါင္းေဆာင္ ၂ ဦးကုိ ထုိင္းရဲ ဖမ္းဆီး


ဆႏၵျပေခါင္းေဆာင္ လူ႔အခြင့္အေရး လႈပ္ရွားသူ Panupong Jadnok ဖမ္းဆီးခံရ

(Zawgyi/Unicode)

ထိုင္းနိုင္ငံမွာ ျဖစ္ပြားေနတဲ့ ဆႏၵျပပြဲေတြကို ဦးေဆာင္ေနတဲ့ ေခါင္းေဆာင္ ၂ ဦးကို ထိုင္းရဲတပ္ဖြဲ႕က ေသာၾကာေန႔က ဖမ္းဆီးလိုက္ ပါတယ္။ ထိုင္းဘုရင္စနစ္ကို အကာအကြယ္ေပးထားတဲ့ အျငင္းပြားဖြယ္ရာ ဥပေဒကို ျပင္ဆင္ဖို႔နဲ႔ ဒီမိုကေရစီအေရးကို ေတာင္းဆို ေနတဲ့ ထိုင္းလူငယ္ေတြရဲ့ လတ္တေလာ ဆႏၵျပပြဲေတြျဖစ္ပြားေနတုန္း ဒါဟာ ပထမဆုံးအႀကိမ္ ဖမ္းဆီးမႈလည္း ျဖစ္ပါတယ္။

ဆႏၵျပပြဲသူေတြထဲက ထင္ရွားသူတစ္ေယာက္ျဖစ္တဲ့ အသက္ ၃၅ ႏွစ္အရြယ္ လူ႔အခြင့္အေရး ေရွ႕ေန Anon Numpa နဲ႔ လူ႔အခြင့္အေရး လႈပ္ရွားသူ Panupong Jadnok တို႔ကို ထိုင္းရဲက သူတို႔ရဲ့ အိမ္ေတြမွာ သြားေရာက္ ဖမ္းဆီးလိုက္တာ ျဖစ္ပါတယ္။ သူတို႔ကို စြဲခ်က္ ၈ ခ်က္နဲ႔ ဖမ္းဆီးခဲ့တာ ျဖစ္ၿပီး COVID 19 ေရာဂါ တားဆီးေရး လူစုလူေဝး မလုပ္ရတဲ့ ဥပေဒကို ေဖာက္ဖ်က္မႈလည္း ပါဝင္ပါတယ္။

လြန္ခဲ့တဲ့သီတင္းပတ္ အနည္းငယ္ကစၿပီး ေန႔တိုင္းနီးပါး ထိုင္းနိုင္ငံတဝွမ္းက တကၠသိုလ္ေတြနဲ႔ ၿမိဳ႕ေတာ္ခန္းမေတြမွာ စစ္တပ္ ေက်ာေထာက္ ေနာက္ခံျပဳထားတဲ့ ဝန္ႀကီးခ်ဳပ္ Prayut Chan-O-Cha အစိုးရ ဆန္႔က်င္ေရး ဆႏၵျပပြဲေတြ ျဖစ္ပြားေနတာပါ။

အခုလို ဖမ္းဆီးမႈေတြ ရွိေနခ်ိန္မွာပဲ အစိုးရကို ဆႏၵျပပြဲေတြနဲ႔ အရွိန္ျမႇင့္ ဖိအားေပးသြားမယ္လို႔လုပ္ေဆာင္သြားမယ္လို႔ ဆႏၵျပ ေခါင္းေဆာင္ တစ္ဦး ျဖစ္တဲ့ Tattep Ruangprapaikitseree က ေသာၾကာေန႔က ေျပာပါတယ္။

“ကၽြန္ေတာ္တို႔ရဲ့ ေတာင္ဆိုခ်က္က သိပ္ ရွင္းပါတယ္။ ၾကားနာဖို႔ ေကာ္မတီတစ္ရပ္ ထူေထာင္ေပးတာမ်ိဳးက ဟန္ေဆာင္လုပ္ျပတာ မ်ိဳးနဲ႔ တူေနပါတယ္။ အဓိပၸါယ္မရွိဘူး။ အခ်ိန္ဆြဲေနတာလား။ ဒီ ဆႏၵျပပြဲေတြ ေပ်ာက္ကြယ္သြားမယ္လို႔ သူတို႔ ထင္ေနသလား။”လို႔လည္း ေမးခြန္းထုတ္သြားပါတယ္။

သူတို႔ အေနနဲ႔ တကယ့္ အေျပာင္းအလဲစစ္ကို ျမင္ခ်င္တာျဖစ္ၿပီး ၾကားနာေရး ေကာ္မတီကို မဟုတ္ဘဲ အာဏာရွိသူေတြဆီကို တိုက္ရိုက္ ေတာင္းဆိုသြားမွာ ျဖစ္တယ္လို႔လည္း Tettep က ေျပာပါတယ္။

ထိုင္း ဝန္ႀကီးခ်ဳပ္ Prayuth ကေတာ့ ဆႏၵျပသူေတြရဲ့ ေတာင္းဆိုခ်က္ေတြကို နားေထာင္မယ္လို႔ ဒီ သီတင္းပတ္ အေစာပိုင္းက ေျပာထားတာပါ။ ဒါေပမယ့္ ထိုင္း ဝန္ႀကီးခ်ဳပ္က ပါလီမန္ကို ဖ်က္သိမ္းမွာ မဟုတ္သလို ေရြးေကာက္ပြဲ အသစ္ က်င္းပေပးမွာ လည္း မဟုတ္လို႔ ထိုင္းဝန္ႀကီးခ်ဳပ္ရဲ့ ေျပာၾကားခ်က္ဟာ အခ်ိန္ဆြဲ နည္းဗ်ဴဟာသာ ျဖစ္တယ္လို႔လည္း ဆႏၵျပ ေခါင္းေဆာင္ေတြက ေျပာပါတယ္။

ဆႏၵျပေခါင္းေဆာင္ ၂ ဦးကုိ ထုိင္းရဲ ဖမ္းဆီး
please wait

No media source currently available

0:00 0:01:25 0:00
တိုက္႐ိုက္ လင့္ခ္


................

ဆန္ဒပြခေါင်းဆောင် ၂ ဦးကို ထိုင်းရဲဖမ်းဆီး

(Unicode)

ထိုင်းနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲတွေကို ဦးဆောင်နေတဲ့ ခေါင်းဆောင် ၂ ဦးကို ထိုင်းရဲတပ်ဖွဲ့က သောကြာနေ့က ဖမ်းဆီးလိုက် ပါတယ်။ ထိုင်းဘုရင်စနစ်ကို အကာအကွယ်ပေးထားတဲ့ အငြင်းပွားဖွယ်ရာ ဥပဒေကို ပြင်ဆင်ဖို့နဲ့ ဒီမိုကရေစီအရေးကို တောင်းဆို နေတဲ့ ထိုင်းလူငယ်တွေရဲ့ လတ်တလော ဆန္ဒပြပွဲတွေဖြစ်ပွားနေတုန်း ဒါဟာ ပထမဆုံးအကြိမ် ဖမ်းဆီးမှုလည်း ဖြစ်ပါတယ်။

ဆန္ဒပြပွဲသူတွေထဲက ထင်ရှားသူတစ်ယောက်ဖြစ်တဲ့ အသက် ၃၅ နှစ်အရွယ် လူ့အခွင့်အရေး ရှေ့နေ Anon Numpa နဲ့ လူ့အခွင့်အရေး လှုပ်ရှားသူ Panupong Jadnok တို့ကို ထိုင်းရဲက သူတို့ရဲ့ အိမ်တွေမှာ သွားရောက် ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။ သူတို့ကို စွဲချက် ၈ ချက်နဲ့ ဖမ်းဆီးခဲ့တာ ဖြစ်ပြီး COVID 19 ရောဂါ တားဆီးရေး လူစုလူဝေး မလုပ်ရတဲ့ ဥပဒေကို ဖောက်ဖျက်မှုလည်း ပါဝင်ပါတယ်။

လွန်ခဲ့တဲ့သီတင်းပတ် အနည်းငယ်ကစပြီး နေ့တိုင်းနီးပါး ထိုင်းနိုင်ငံတဝှမ်းက တက္ကသိုလ်တွေနဲ့ မြို့တော်ခန်းမတွေမှာ စစ်တပ် ကျောထောက် နောက်ခံပြုထားတဲ့ ဝန်ကြီးချုပ် Prayut Chan-O-Cha အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဖြစ်ပွားနေတာပါ။

အခုလို ဖမ်းဆီးမှုတွေ ရှိနေချိန်မှာပဲ အစိုးရကို ဆန္ဒပြပွဲတွေနဲ့ အရှိန်မြှင့် ဖိအားပေးသွားမယ်လို့လုပ်ဆောင်သွားမယ်လို့ ဆန္ဒပြ ခေါင်းဆောင် တစ်ဦး ဖြစ်တဲ့ Tattep Ruangprapaikitseree က သောကြာနေ့က ပြောပါတယ်။

“ကျွန်တော်တို့ရဲ့ တောင်ဆိုချက်က သိပ် ရှင်းပါတယ်။ ကြားနာဖို့ ကော်မတီတစ်ရပ် ထူထောင်ပေးတာမျိုးက ဟန်ဆောင်လုပ်ပြတာ မျိုးနဲ့ တူနေပါတယ်။ အဓိပ္ပါယ်မရှိဘူး။ အချိန်ဆွဲနေတာလား။ ဒီ ဆန္ဒပြပွဲတွေ ပျောက်ကွယ်သွားမယ်လို့ သူတို့ ထင်နေသလား။”လို့လည်း မေးခွန်းထုတ်သွားပါတယ်။

သူတို့ အနေနဲ့ တကယ့် အပြောင်းအလဲစစ်ကို မြင်ချင်တာဖြစ်ပြီး ကြားနာရေး ကော်မတီကို မဟုတ်ဘဲ အာဏာရှိသူတွေဆီကို တိုက်ရိုက် တောင်းဆိုသွားမှာ ဖြစ်တယ်လို့လည်း Tettep က ပြောပါတယ်။

ထိုင်း ဝန်ကြီးချုပ် Prayuth ကတော့ ဆန္ဒပြသူတွေရဲ့ တောင်းဆိုချက်တွေကို နားထောင်မယ်လို့ ဒီ သီတင်းပတ် အစောပိုင်းက ပြောထားတာပါ။ ဒါပေမယ့် ထိုင်း ဝန်ကြီးချုပ်က ပါလီမန်ကို ဖျက်သိမ်းမှာ မဟုတ်သလို ရွေးကောက်ပွဲ အသစ် ကျင်းပပေးမှာ လည်း မဟုတ်လို့ ထိုင်းဝန်ကြီးချုပ်ရဲ့ ပြောကြားချက်ဟာ အချိန်ဆွဲ နည်းဗျူဟာသာ ဖြစ်တယ်လို့လည်း ဆန္ဒပြ ခေါင်းဆောင်တွေက ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG