သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အိႏၵိယမွာ ကုိဗစ္ကူးစက္သူ တရက္အတြင္း တသိန္းနီးပါးရွိ


အိႏၵိယႏိင္ငံ Hyderabad မွာ ေဒသခံေတြကို COVID-19 စစ္ေဆးုဖို႔ ျပင္ဆင္ေနတဲ့ က်န္းမာေရးဝန္ထမ္းမ်ား။ (ၾသဂုတ္ ၂၈၊ ၂၀၂၀)

(Zawgyi/Unicode)

အိႏၵိယ ႏိုင္ငံမွာ တရက္အတြင္း COVID-19 ေနာက္ထပ္ အကူးစက္ခံရသူက တသိန္းနီးပါး ျဖစ္သြားခဲ့ပါတယ္။ ေသာၾကာေန႔က ၂၄ နာရီအတြင္း အကူးစက္ခံရသူ ၉ ေသာင္းခြဲေက်ာ္ (၉၆,၅၅၁) ျဖစ္သြားတဲ့ အတြက္ အခုဆို အိႏၵိယမွာ COVID-19 အကူးစက္ခံရသူ စုစုေပါင္း ၄ သန္းခြဲ နဲ႔ ကမာၻမွာ ဒုတိယအမ်ားဆံုး ျဖစ္ေနပါတယ္။

ကမာၻတလႊား ဒီေရာဂါအကူးစက္ခံရသူက ေသာၾကာေန႔မွာ ၂၈ သန္းေက်ာ္ရွိၿပီး ေသဆံုးရသူက ၉ သိန္းေက်ာ္ ရွိေနပါတယ္။ အေမရိကန္ႏုိင္ငံကေတာ့ အကူးစက္ခံရသူ ၆ သန္းခြဲေက်ာ္ (၆,၄၁၇,၁၈၆) နဲ႔ ကမာၻမွာ အမ်ားဆံုး ျဖစ္ေနၿပီး ေသဆံုးရသူ ၂ သိန္းနီးပါး (၁၉၂,၃၈၁) ရွိေနပါတယ္။ ဟားဗတ္တကၠသိုလ္ ရဲ့ သုေတသန စစ္တမ္းအရ အေမရိကန္ ႏိုင္ငံမွာ လူငယ္လူရြယ္ေတြၾကား ကူးစက္မႈ လွ်င္လွ်င္ျမန္ျမန္ တိုးလာေနတာ ေတြ႔ရပါတယ္။

အေမရိကန္က်န္းမာေရးဌာန ၁၁ ခု မွာရွိတဲ့ ေရာဂါလကၡဏာျပေနတဲ့ ျပင္ပလူနာေတြကို အေမရိကန္ ကူးစက္ေရာဂါ ထိန္းခ်ဳပ္ေရး ဗဟိုဌာန CDC က စစ္တမ္းေကာက္ၾကည့္တဲ့ အခါ စားေသာက္ဆိုင္ေတြမွာ သြားေရာက္ စားေသာက္သူက မသြားသူထက္ ေရာဂါ အကူးစက္ခံရဖုိ႔ အခြင့္လန္း ၂ ဆ ပိုမ်ားတာကို ေတြ႔ခဲ့ရပါတယ္။

ၿဗိတိန္ ႏိုင္ငံမွာေတာ့ အစိုးရက ေန႔စဥ္ အနည္းဆံုး လူေပါင္း ၅ သိန္း အတြက္ မိနစ္ပိုင္းအတြင္း အေျဖရႏုိင္တဲ့ COVID-19 ကူးစက္မႈရွိမရွိ စမ္းသပ္စစ္ေဆးမႈေတြ လုပ္ေပးေတာ့မွာ ျဖစ္ေၾကာင္း ဝန္ႀကီးခ်ဳပ္ Boris Johnson က ဒီသီတင္းပတ္ထဲမွာပဲ ေၾကညာပါတယ္။ ဒီအစီအစဥ္ကို ဒီႏွစ္မကုန္ခင္ လုပ္ေပးႏိုင္ဖို႔ မွန္းထားေၾကာင္းလည္း ေျပာပါတယ္။

ဒါ့အျပင္ ၿဗိတိန္ႏိုင္ငံမွာ အခု လူ ၃၀ အထိ စုေဝးခြင့္ ျပဳထားရာကေန ၆ ဦး အထိသာ ခြင့္ျပဳဖို႔ ကန္႔သတ္တဲ့ အမိန္႔သစ္ကို လည္း ထုတ္ျပန္လိုက္ၿပီး ဒါဟာ လာမယ့္ သီတင္းပတ္က စတင္မွာ ျဖစ္ေၾကာင္း ေျပာပါတယ္။ ၿဗိတိန္မွာ အခု သီတင္းပတ္ေတြ အတြင္း ဒီေရာဂါ အကူးစက္ခံရသူက ေန႔စဥ္ သံုးေထာင္ နီးပါး ရွိေနတာ ျဖစ္ၿပီး အခု ထုတ္ျပန္တဲ့ ၆ ဦးထက္ ပိုမစုရ အမိန္႔ကို လအေတာ္ၾကာ ဆက္ၿပီး ခ်ထားႏုိင္တယ္လို႔ ၿဗိတိန္က်န္းမာေရး တာဝန္ခံ. Chris Whittey က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

အိန္ဒိယမှာ ကိုဗစ်ကူးစက်သူ တရက်အတွင်း တသိန်းနီးပါးရှိ
(Unicode)

အိန္ဒိယ နိုင်ငံမှာ တရက်အတွင်း COVID-19 နောက်ထပ် အကူးစက်ခံရသူက တသိန်းနီးပါး ဖြစ်သွားခဲ့ပါတယ်။ သောကြာနေ့က ၂၄ နာရီအတွင်း အကူးစက်ခံရသူ ၉ သောင်းခွဲကျော် (၉၆,၅၅၁) ဖြစ်သွားတဲ့ အတွက် အခုဆို အိန္ဒိယမှာ COVID-19 အကူးစက်ခံရသူ စုစုပေါင်း ၄ သန်းခွဲ နဲ့ ကမ္ဘာမှာ ဒုတိယအများဆုံး ဖြစ်နေပါတယ်။

ကမ္ဘာတလွှား ဒီရောဂါအကူးစက်ခံရသူက သောကြာနေ့မှာ ၂၈ သန်းကျော်ရှိပြီး သေဆုံးရသူက ၉ သိန်းကျော် ရှိနေပါတယ်။ အမေရိကန်နိုင်ငံကတော့ အကူးစက်ခံရသူ ၆ သန်းခွဲကျော် (၆,၄၁၇,၁၈၆) နဲ့ ကမ္ဘာမှာ အများဆုံး ဖြစ်နေပြီး သေဆုံးရသူ ၂ သိန်းနီးပါး (၁၉၂,၃၈၁) ရှိနေပါတယ်။ ဟားဗတ်တက္ကသိုလ် ရဲ့ သုတေသန စစ်တမ်းအရ အမေရိကန် နိုင်ငံမှာ လူငယ်လူရွယ်တွေကြား ကူးစက်မှု လျှင်လျှင်မြန်မြန် တိုးလာနေတာ တွေ့ရပါတယ်။

အမေရိကန်ကျန်းမာရေးဌာန ၁၁ ခု မှာရှိတဲ့ ရောဂါလက္ခဏာပြနေတဲ့ ပြင်ပလူနာတွေကို အမေရိကန် ကူးစက်ရောဂါ ထိန်းချုပ်ရေး ဗဟိုဌာန CDC က စစ်တမ်းကောက်ကြည့်တဲ့ အခါ စားသောက်ဆိုင်တွေမှာ သွားရောက် စားသောက်သူက မသွားသူထက် ရောဂါ အကူးစက်ခံရဖို့ အခွင့်လန်း ၂ ဆ ပိုများတာကို တွေ့ခဲ့ရပါတယ်။

ဗြိတိန် နိုင်ငံမှာတော့ အစိုးရက နေ့စဉ် အနည်းဆုံး လူပေါင်း ၅ သိန်း အတွက် မိနစ်ပိုင်းအတွင်း အဖြေရနိုင်တဲ့ COVID-19 ကူးစက်မှုရှိမရှိ စမ်းသပ်စစ်ဆေးမှုတွေ လုပ်ပေးတော့မှာ ဖြစ်ကြောင်း ဝန်ကြီးချုပ် Boris Johnson က ဒီသီတင်းပတ်ထဲမှာပဲ ကြေညာပါတယ်။ ဒီအစီအစဉ်ကို ဒီနှစ်မကုန်ခင် လုပ်ပေးနိုင်ဖို့ မှန်းထားကြောင်းလည်း ပြောပါတယ်။

ဒါ့အပြင် ဗြိတိန်နိုင်ငံမှာ အခု လူ ၃၀ အထိ စုဝေးခွင့် ပြုထားရာကနေ ၆ ဦး အထိသာ ခွင့်ပြုဖို့ ကန့်သတ်တဲ့ အမိန့်သစ်ကို လည်း ထုတ်ပြန်လိုက်ပြီး ဒါဟာ လာမယ့် သီတင်းပတ်က စတင်မှာ ဖြစ်ကြောင်း ပြောပါတယ်။ ဗြိတိန်မှာ အခု သီတင်းပတ်တွေ အတွင်း ဒီရောဂါ အကူးစက်ခံရသူက နေ့စဉ် သုံးထောင် နီးပါး ရှိနေတာ ဖြစ်ပြီး အခု ထုတ်ပြန်တဲ့ ၆ ဦးထက် ပိုမစုရ အမိန့်ကို လအတော်ကြာ ဆက်ပြီး ချထားနိုင်တယ်လို့ ဗြိတိန်ကျန်းမာရေး တာဝန်ခံ. Chris Whittey က ပြောပါတယ်။

XS
SM
MD
LG