သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တ႐ုတ္-အိႏိၵယ နယ္စပ္တင္းမာမႈ ေျဖေလ်ာ့ဖို႔ ႏွစ္ဘက္သေဘာတူ


ရုရွားႏိုင္ငံျခားေရး၀န္ႀကီး Sergei Lavrov (လယ္)၊ အိႏၵိယႏုိင္ငံျခားေရး၀န္ႀကီး S. Jaishankar (၀ဲ) နဲ႔ တ႐ုတ္ႏုိင္ငံျခားေရး ၀န္ႀကီး Wang Yi (ညာ) တို႔ ႐ုရွားႏုိင္ငံ၊ ေမာ္စကိုၿမိဳ ႔ေတာ္မွာ ေတြ႔ဆံု။ (စက္တင္ဘာ ၁၀၊ ၂၀၂၀)

[Zawgyi/Unicode]

အေျခအေနေတြတင္းမာေနတဲ့ အိႏၵိယ၊ တရုတ္ ႏွစ္ႏုိ္င္ငံနယ္စပ္မွာ ႏွစ္ဘက္တပ္ဖြဲ႔ေတြ ထိပ္တုိက္မေတြ႔ေအာင္ ေရွာင္ဖို႔ႏွစ္ႏုိင္ငံ ႏုိင္ငံျခားေရး၀န္ႀကီးေတြ သေဘာတူခဲ့ၾကပါတယ္။ ဆယ္စုနွစ္ေတြအတြင္း ပထဆုံးအႀကိမ္အျဖစ္ Ladakh ေဒသ နယ္စပ္မွာ အိႏၵိယနဲ႔ တရုတ္ တပ္ဖြဲ႔ေတြ ဇြန္လက အျပန္အလွန္ပစ္ခတ္ခဲ့ ၾကတာေၾကာင့္ ေပၚေပါက္လာတဲ့တင္းမာမႈေတြ ေျဖေလ်ာ့သြားေအာင္ အဲဒီကတပ္ဖြဲ႔ေတြ သင့္ေတာ္တဲ့အကြာအေ၀းကို ေရႊ႕ဖို႔ အိႏၵိယႏုိင္ငံျခားေရး၀န္ႀကီး S. Jaishankar နဲ႔ တ႐ုတ္ႏုိင္ငံျခားေရး ၀န္ႀကီး Wang Yi တို႔ ႐ုရွားႏုိင္ငံ၊ ေမာ္စကိုၿမိဳ ႔ေတာ္မွာ ေတြ႔ဆုံသေဘာတူခဲ့တာပါ။

နယ္စပ္ကအေျခအေနေတြဟာ ဘယ္သူ႔အတြက္မွ အက်ိဳးရွိတဲ့ကိစၥ မဟုတ္္ေၾကာင္း ႏုိင္ငံျခားေရး၀န္ႀကီးေတြ ေသာၾကာေန႔က ပူးတြဲထုတ္ျပန္တဲ့ေၾကျငာခ်က္မွာ ေဖာ္ျပထားပါတယ္။ နယ္စပ္မွာ တပ္စြဲထားတဲ့ တပ္ဖြဲ႔ေတြက တဘက္ႏုိင္ငံပိုင္နယ္ေျမထဲ၀င္ၿပီး သတိေပးတဲ့အေနနဲ႔ ေသနတ္ပစ္ေဖာက္ခဲ့တယ္လို႔ အာရွအင္အားႀကီးႏွစ္ႏုိင္ငံစလုံး ၿပီးခဲ့တဲ့တပတ္ကစလို႔ အျပန္အလွန္ စြပ္စြဲေျပာဆိုေနတာျဖစ္ပါတယ္။ ႏွစ္ေပါင္း ၄၅ ႏွစ္အၾကာမွာ ပထမဆုံးေပၚပါက္လာတဲ့ ဒီျဖစ္ရပ္ေၾကာင့္ စစ္ေရးပဋိပကၡႀကီးေတြ ေပၚေပါက္လာႏို္င္တဲ့အေနအထားကိုေရာက္လာတာ ျဖစ္ပါတယ္။

နယ္ေျမပိုင္ဆုိင္မႈအျငင္းပြားေနတဲ့ အိႏၵိယ တရုတ္ နယ္စပ္ေဒသမွာ ေမလကတည္းက တပ္စြဲထားတဲ့ ေသာင္းနဲ႔ခ်ီတဲ့ ႏွစ္ဘက္တပ္ဖြဲ႔ေတြကို ဘယ္ေတာ့ ျပန္ဆုတ္မလဲဆိုတာကိုေတာ့ ေၾကျငာခ်က္ထဲမွာ ေဖာ္ျပမထားပါဘူး။ ဒါေပမဲ့လည္း တရုတ္ အိႏၵိယ ႏွစ္ႏုိင္ငံနယ္စပ္အေရးနဲ႔ ပတ္သက္လို႔ လက္ရွိသေဘာတူညီမႈေတြနဲ႔ သံတမန္က်င့္၀တ္ေတြကို ဆက္လက္လုိက္နာၿပီး တင္းမာမႈ တိုးမလာေအာင္ ေရွာင္ရွားဖို႔နဲ႔ နယ္စပ္ေဒမွာ ဆက္ၿပီး တည္ၿငိမ္ေအးခ်မ္းဖို႔ သေဘာတူညီခဲ့ၾကတာကိုပဲ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

တရုတ်-အိန္ဒိယ နယ်စပ်တင်းမာမှု ဖြေလျော့ဖို့ နှစ်ဘက်သဘောတူ

အခြေအနေတွေတင်းမာနေတဲ့ အိန္ဒိယ၊ တရုတ် နှစ်နိုင်ငံနယ်စပ်မှာ နှစ်ဘက်တပ်ဖွဲ့တွေ ထိပ်တိုက်မတွေ့အောင် ရှောင်ဖို့နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေ သဘောတူခဲ့ကြပါတယ်။ ဆယ်စုနှစ်တွေအတွင်း ပထဆုံးအကြိမ်အဖြစ် Ladakh ဒေသ နယ်စပ်မှာ အိန္ဒိယနဲ့ တရုတ် တပ်ဖွဲ့တွေ ဇွန်လက အပြန်အလှန်ပစ်ခတ်ခဲ့ ကြတာကြောင့် ပေါ်ပေါက်လာတဲ့တင်းမာမှုတွေ ဖြေလျော့သွားအောင် အဲဒီကတပ်ဖွဲ့တွေ သင့်တော်တဲ့အကွာအဝေးကို ရွှေ့ဖို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး S. Jaishankar နဲ့ တရုတ်နိုင်ငံခြားရေး ဝန်ကြီး Wang Yi တို့ ရုရှားနိုင်ငံ၊ မော်စကိုမြို့တော်မှာ တွေ့ဆုံသဘောတူခဲ့တာပါ။

နယ်စပ်ကအခြေအနေတွေဟာ ဘယ်သူ့အတွက်မှ အကျိုးရှိတဲ့ကိစ္စ မဟုတ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးတွေ သောကြာနေ့က ပူးတွဲထုတ်ပြန်တဲ့ကြေငြာချက်မှာ ဖော်ပြထားပါတယ်။ နယ်စပ်မှာ တပ်စွဲထားတဲ့ တပ်ဖွဲ့တွေက တဘက်နိုင်ငံပိုင်နယ်မြေထဲဝင်ပြီး သတိပေးတဲ့အနေနဲ့ သေနတ်ပစ်ဖောက်ခဲ့တယ်လို့ အာရှအင်အားကြီးနှစ်နိုင်ငံစလုံး ပြီးခဲ့တဲ့တပတ်ကစလို့ အပြန်အလှန် စွပ်စွဲပြောဆိုနေတာဖြစ်ပါတယ်။ နှစ်ပေါင်း ၄၅ နှစ်အကြာမှာ ပထမဆုံးပေါ်ပါက်လာတဲ့ ဒီဖြစ်ရပ်ကြောင့် စစ်ရေးပဋိပက္ခကြီးတွေ ပေါ်ပေါက်လာနိုင်တဲ့အနေအထားကိုရောက်လာတာ ဖြစ်ပါတယ်။

နယ်မြေပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ အိန္ဒိယ တရုတ် နယ်စပ်ဒေသမှာ မေလကတည်းက တပ်စွဲထားတဲ့ သောင်းနဲ့ချီတဲ့ နှစ်ဘက်တပ်ဖွဲ့တွေကို ဘယ်တော့ ပြန်ဆုတ်မလဲဆိုတာကိုတော့ ကြေငြာချက်ထဲမှာ ဖော်ပြမထားပါဘူး။ ဒါပေမဲ့လည်း တရုတ် အိန္ဒိယ နှစ်နိုင်ငံနယ်စပ်အရေးနဲ့ ပတ်သက်လို့ လက်ရှိသဘောတူညီမှုတွေနဲ့ သံတမန်ကျင့်ဝတ်တွေကို ဆက်လက်လိုက်နာပြီး တင်းမာမှု တိုးမလာအောင် ရှောင်ရှားဖို့နဲ့ နယ်စပ်ဒေမှာ ဆက်ပြီး တည်ငြိမ်အေးချမ်းဖို့ သဘောတူညီခဲ့ကြတာကိုပဲ ဖော်ပြထားပါတယ်။

XS
SM
MD
LG