သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

နယ္စပ္ျပႆနာ ေျပလည္ေအာင္ ေဆာင္ရြက္ဖုိ႔ တ႐ုတ္နဲ႔ အိႏၵိယ သေဘာတူ


အိႏၵိယ ကာကြယ္ေရးဝန္ႀကီး Rajnath Singh (ဝဲ) နဲ႔ တ႐ုတ္ဗိုလ္ခ်ဳပ္ႀကီး Wei Fenghe.

(Zawgyi / Unicode)

အာရွေဒသက ႏ်ဴကလီးယားလက္နက္ပိုင္ဆိုင္တဲ့ အိႏၵိယနဲ႔ တ႐ုတ္ ၂ ႏိုင္ငံ ကာကြယ္ေရးဝန္ႀကီးေတြရဲ့ ေတြ႔ဆံုမႈ အၿပီးမွာေတာ့ ၂ ႏိုင္ငံၾကား အျငင္းပြားေနတဲ့ နယ္စပ္ျပႆနာ တင္းမာမႈေတြ ေလ်ာ့ပါးေအာင္ ဦးတည္ေဆာင္ရြက္ၾကဖို႔ သေဘာတူညီခဲ့ၾကတယ္လို႔ အိႏၵိယနဲ႔ တ႐ုတ္အစိုးရေတြက စေနေန႔မွာ ေျပာပါတယ္။

နယ္စပ္မွာ ဇြန္လတုန္းက ျဖစ္ပြားတဲ့ ပဋိပကၡအတြင္း အိႏၵိယစစ္သား ၂၀ ေသဆံုးခဲ့တဲ့ေနာက္ နယ္စပ္မွာ ၂ ဖက္စလံုးက တပ္ေတြ တိုးခ်ထားခဲ့တာ ျဖစ္ပါတယ္။ တ႐ုတ္အစိုးရကေတာ့ ဒီပဋိပကၡအတြင္း ထိခိုက္ေသဆံုးမႈ ရွိမရွိ သတင္းမထုတ္ျပန္ခဲ့ပါဘူး။

အိႏၵိယ ကာကြယ္ေရးဝန္ႀကီး Rajnath Singh နဲ႔ တ႐ုတ္ဗိုလ္ခ်ဳပ္ႀကီး Wei Fenghe တို႔ဟာ ႐ုရွားႏုိင္ငံ ေမာ္စကိုၿမိဳ႕က ရွန္ဟိုင္း ပူးေပါင္းေဆာင္ရြက္ေရးအဖြဲ႔ အစည္းအေဝးမွာ ေဘးထြက္အစည္းအေဝးအျဖစ္ ေသာၾကာေန႔ ညေနပိုင္းက ေတြ႔ဆံုခဲ့ၾကတာပါ။ ေမလကစၿပီး တင္းမာခဲ့တဲ့ နယ္စပ္ျပႆနာအတြက္ အဆင့္အျမင့္ဆံုး တာဝန္ရွိသူေတြ မ်က္ႏွာခ်င္းဆိုင္ ေတြ႔ဆံုေဆြးေႏြးတာ ဒါ ပထမဆံုး ျဖစ္ပါတယ္။

နယ္စပ္ေဒသမွာ အေျခအေန ပိုဆိုးေအာင္ျဖစ္ေစ ပို႐ႈပ္ေထြးေအာင္ျဖစ္ေစ ၂ ဖက္စလံုးက မလုပ္ဖို႔ သေဘာတူခဲ့ၾကတယ္လုိ႔ အိႏၵိယ ကာကြယ္ေရးဝန္ႀကီးဌာနက ေၾကညာခ်က္ထုတ္ျပန္ ေျပာဆုိ္ပါတယ္။

ၿငိမ္းခ်မ္းေရးနဲ႔ တည္ၿငိမ္ေရးအတြက္ ၂ ဖက္စလံုးက လုပ္သင့္ေၾကာင္းနဲ႔ လက္ရွိတင္းမာမႈေတြ ေျပေလ်ာ့ေအာင္ လုပ္ေဆာင္ၾကဖို႔ ဗိုလ္ခ်ဳပ္ႀကီး Wei က ေျပာၾကားခဲ့တယ္လို႔ တ႐ုတ္ကာကြယ္ေရးဝန္ႀကီးဌာန ဝက္ဘ္ဆိုက္မွာ အခုေဆြးေႏြးပြဲနဲ႔ ပတ္သက္ၿပီး ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------

(Unicode)

နယ်စပ်ပြဿနာ ပြေလည်အောင် ဆောင်ရွက်ဖို့ တရုတ်နဲ့ အိန္ဒိယ သဘောတူ

အာရှဒေသက နျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့ အိန္ဒိယနဲ့ တရုတ် ၂ နိုင်ငံ ကာကွယ်ရေးဝန်ကြီးတွေရဲ့ တွေ့ဆုံမှု အပြီးမှာတော့ ၂ နိုင်ငံကြား အငြင်းပွားနေတဲ့ နယ်စပ်ပြဿနာ တင်းမာမှုတွေ လျော့ပါးအောင် ဦးတည်ဆောင်ရွက်ကြဖို့ သဘောတူညီခဲ့ကြတယ်လို့ အိန္ဒိယနဲ့ တရုတ်အစိုးရတွေက စနေနေ့မှာ ပြောပါတယ်။

နယ်စပ်မှာ ဇွန်လတုန်းက ဖြစ်ပွားတဲ့ ပဋိပက္ခအတွင်း အိန္ဒိယစစ်သား ၂၀ သေဆုံးခဲ့တဲ့နောက် နယ်စပ်မှာ ၂ ဖက်စလုံးက တပ်တွေ တိုးချထားခဲ့တာ ဖြစ်ပါတယ်။ တရုတ်အစိုးရကတော့ ဒီပဋိပက္ခအတွင်း ထိခိုက်သေဆုံးမှု ရှိမရှိ သတင်းမထုတ်ပြန်ခဲ့ပါဘူး။

အိန္ဒိယ ကာကွယ်ရေးဝန်ကြီး Rajnath Singh နဲ့ တရုတ်ဗိုလ်ချုပ်ကြီး Wei Fenghe တို့ဟာ ရုရှားနိုင်ငံ မော်စကိုမြို့က ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အစည်းအဝေးမှာ ဘေးထွက်အစည်းအဝေးအဖြစ် သောကြာနေ့ ညနေပိုင်းက တွေ့ဆုံခဲ့ကြတာပါ။ မေလကစပြီး တင်းမာခဲ့တဲ့ နယ်စပ်ပြဿနာအတွက် အဆင့်အမြင့်ဆုံး တာဝန်ရှိသူတွေ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးတာ ဒါ ပထမဆုံး ဖြစ်ပါတယ်။

နယ်စပ်ဒေသမှာ အခြေအနေ ပိုဆိုးအောင်ဖြစ်စေ ပိုရှုပ်ထွေးအောင်ဖြစ်စေ ၂ ဖက်စလုံးက မလုပ်ဖို့ သဘောတူခဲ့ကြတယ်လို့ အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန် ပြောဆိုပါတယ်။

ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် ၂ ဖက်စလုံးက လုပ်သင့်ကြောင်းနဲ့ လက်ရှိတင်းမာမှုတွေ ပြေလျော့အောင် လုပ်ဆောင်ကြဖို့ ဗိုလ်ချုပ်ကြီး Wei က ပြောကြားခဲ့တယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်မှာ အခုဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး ဖော်ပြထားပါတယ်။

XS
SM
MD
LG