သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

နယ္စပ္ကို ထိပါးဖို႔ တရုတ္ ႀကံစည္ေၾကာင္း အိႏၵိယ စြပ္စြဲခ်က္ တရုတ္ ျငင္းဆို


အိႏၵိယေျမာက္ပိုင္း ဟိမ၀ႏၱာနယ္စပ္ Ladakh ေဒသရွိ အိႏၵိယ နယ္ျခားေစာင့္ရဲမ်ားကို ေတြ႔ရစဥ္

(Zawgyi/Unicode)

အိႏၵိယနဲ႔ တရုတ္ နယ္ေျမပိုင္ဆိုင္မႈအျငင္းပြားေနတဲ့ အိႏၵိယေျမာက္ပိုင္း ဟိမ၀ႏၱာနယ္စပ္ Ladakh ေဒသမွာ အေျခအေနေတြပိုၿပီးဆိုးရြားေအာင္ အေႏွာင့္အယွက္လုပ္ခဲ့တဲ့ တရုတ္စစ္သားေတြကို အိႏၵိယ တပ္ေတြက တားဆီးခဲ့ေၾကာင္း အိႏၵိယအာဏာပိုင္ေတြက တနလၤာေန႔မွာေျပာၾကားခဲ့ပါတယ္။ အဲဒီေဒသမွာ လြန္ခဲ့တဲ့ ေလးလေက်ာ္ကတည္းက ႏွစ္ဘက္အေျခအေန တင္းမာေနခဲ့တာပါ။ တရုတ္ႏိုင္ငံဘက္ကေတာ့ ဒီစြပ္စဲြေျပာဆိုခ်က္ကို ပယ္ခ်ခဲ့ပါတယ္။

တနလၤာေန႔က အိႏၵိယစစ္တပ္ရဲ႕ထုတ္ျပန္ခ်က္မွာ တရုတ္ တပ္ဖဲြ႔ေတြဟာ အရင္သေဘာတူညီခ်က္ကို ခ်ဳိးေဖာက္ၿပီးစစ္ေရးလိုလားတဲ့ လႈပ္ရွားမႈေတြလုပ္ေဆာင္ခဲ့တယ္လို႔ ေဖၚျပထားပါတယ္။ ဒါေပမယ့္ နယ္စပ္မွာ တရုတ္စစ္တပ္က ဘယ္လိုလႈပ္ရွားမႈ အသစ္ေတြလုပ္ခဲ့သလဲဆိုတာ အဲဒီထုတ္ျပန္ခ်က္မွာ အေသးစိတ္ ေဖၚျပမထားပါဘူး။

Pangong Tso ေရကန္ရဲ႕ ေတာင္ဘက္ကမ္းေျခမွာ စေနေန႔က PLA တရုတ္တပ္ဖဲြ႕ေတြရဲ႕လႈပ္ရွားမႈေတြကို လက္ဦးမႈယူ တားဆီးႏိုင္ခဲ့ေၾကာင္း အိႏၵိယစစ္တပ္ရဲ႕ ထုတ္ျပန္ခ်က္မွာ ေရးထားပါတယ္။ ဒါအျပင္ အိႏၵိယဘက္က ေတြ႕ဆံုေဆြးေႏြးေရးအတြက္ တစိုက္မတ္မတ္ေဆာင္ရြက္ခဲ့သလို တခ်ိန္တည္းမွာပဲ ကိုယ္ရဲ႕ နယ္ေျမပိုင္ဆိုင္မႈကို ကာကြယ္ဖို႔ အခိုင္အမာ ဆံုးျဖတ္ထားတယ္လို႔ ထုတ္ျပန္ခ်က္က ဆိုပါတယ္။

တရုတ္နယ္စပ္လံုၿခံဳေရးတပ္ဖဲြ႕ေတြအေနနဲ႔ အိႏၵိယ-တရုတ္ ႏွစ္ႏိုင္ငံနယ္စပ္စည္းမ်ဥ္း သတ္မွတ္ခ်က္ေတြကို အၿမဲတမ္းလိုက္နာသလို၊ ဘယ္ေသာအခါမွ နယ္စပ္ျဖတ္ေက်ာ္မႈ မရွိခဲ့ေၾကာင္း တရုတ္ ႏိုင္ငံျခားေရး ၀ န္ႀကီးဌာနေျပာခြင့္ရ Zhao Lijian က တနလၤာေန႔က ေဘဂ်င္းမွာ လုပ္တဲ့ ပံုမွန္သတင္းစာရွင္းလင္းပြဲမွာ တုန္႔ျပန္ေျပာၾကားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


................

နယ်စပ်ကို ထိပါးဖို့ တရုတ် ကြံစည်ကြောင်းအိန္ဒိယ စွပ်စွဲချက် တရုတ် ငြင်းဆို

(Unicode)

အိန္ဒိယနဲ့ တရုတ် နယ်မြေပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ အိန္ဒိယမြောက်ပိုင်း ဟိမဝန္တာနယ်စပ် Ladakh ဒေသမှာ အခြေအနေတွေပိုပြီးဆိုးရွားအောင် အနှောင့်အယှက်လုပ်ခဲ့တဲ့ တရုတ်စစ်သားတွေကို အိန္ဒိယ တပ်တွေက တားဆီးခဲ့ကြောင်း အိန္ဒိယအာဏာပိုင်တွေက တနင်္လာနေ့မှာပြောကြားခဲ့ပါတယ်။ အဲဒီဒေသမှာ လွန်ခဲ့တဲ့ လေးလကျော်ကတည်းက နှစ်ဘက်အခြေအနေ တင်းမာနေခဲ့တာပါ။ တရုတ်နိုင်ငံဘက်ကတော့ ဒီစွပ်စွဲပြောဆိုချက်ကို ပယ်ချခဲ့ပါတယ်။

တနင်္လာနေ့က အိန္ဒိယစစ်တပ်ရဲ့ထုတ်ပြန်ချက်မှာ တရုတ် တပ်ဖွဲ့တွေဟာ အရင်သဘောတူညီချက်ကို ချိုးဖောက်ပြီးစစ်ရေးလိုလားတဲ့ လှုပ်ရှားမှုတွေလုပ်ဆောင်ခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။ ဒါပေမယ့် နယ်စပ်မှာ တရုတ်စစ်တပ်က ဘယ်လိုလှုပ်ရှားမှု အသစ်တွေလုပ်ခဲ့သလဲဆိုတာ အဲဒီထုတ်ပြန်ချက်မှာ အသေးစိတ် ဖေါ်ပြမထားပါဘူး။

Pangong Tso ရေကန်ရဲ့ တောင်ဘက်ကမ်းခြေမှာ စနေနေ့က PLA တရုတ်တပ်ဖွဲ့တွေရဲ့လှုပ်ရှားမှုတွေကို လက်ဦးမှုယူ တားဆီးနိုင်ခဲ့ကြောင်း အိန္ဒိယစစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာ ရေးထားပါတယ်။ ဒါအပြင် အိန္ဒိယဘက်က တွေ့ဆုံဆွေးနွေးရေးအတွက် တစိုက်မတ်မတ်ဆောင်ရွက်ခဲ့သလို တချိန်တည်းမှာပဲ ကိုယ်ရဲ့ နယ်မြေပိုင်ဆိုင်မှုကို ကာကွယ်ဖို့ အခိုင်အမာ ဆုံးဖြတ်ထားတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

တရုတ်နယ်စပ်လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ အိန္ဒိယ-တရုတ် နှစ်နိုင်ငံနယ်စပ်စည်းမျဉ်း သတ်မှတ်ချက်တွေကို အမြဲတမ်းလိုက်နာသလို၊ ဘယ်သောအခါမှ နယ်စပ်ဖြတ်ကျော်မှု မရှိခဲ့ကြောင်း တရုတ် နိုင်ငံခြားရေး ၀ န်ကြီးဌာနပြောခွင့်ရ Zhao Lijian က တနင်္လာနေ့က ဘေဂျင်းမှာ လုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ တုန့်ပြန်ပြောကြားခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG