သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ တရုတ် နယ်စပ်ပစ်ခတ်မှု အပြန်အလှန်စွပ်စွဲ


အိန္ဒိယ - တရုတ် နယ်စပ် Ladakh ဒေသက မဟာဗျူဟာမြောက် Pangong Tso ကန်ကြီးနားမှာ အိန္ဒိယစစ်တပ်က စိုက်ထူထားတဲ့ စာတန်း။ (စက်တင်ဘာ ၁၄၊ ၂၀၁၇)
အိန္ဒိယ - တရုတ် နယ်စပ် Ladakh ဒေသက မဟာဗျူဟာမြောက် Pangong Tso ကန်ကြီးနားမှာ အိန္ဒိယစစ်တပ်က စိုက်ထူထားတဲ့ စာတန်း။ (စက်တင်ဘာ ၁၄၊ ၂၀၁၇)

[Zawgyi/Unicode]

အိန္ဒိယ-တရုတ် နှစ်နိုင်ငံကြား ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ဟိမဝန္တာ နယ်စပ်ဒေသမှာ နှစ်ဘက်တပ်ဖွဲ့တွေအကြား အခြေအနေတင်းမာနေတာ ငါးလကြာလာချိန်မှာပဲ သတိပေး ပစ်ခတ်တာတွေ လုပ်တယ်ဆိုပြီး တဘက်နဲ့ တဘက် အပြန်အလှန် စွပ်စွဲနေကြပါတယ်။

အိန္ဒိယကြည်းတပ်ရဲ့ ထုတ်ပြန်ချက်တခုမှာ သူတို့ဘက်က သတိပေးပစ်ခတ်တယ်ဆိုတာကို ငြင်းထားပြီး တင်းမာမှုပိုကြီးလာအောင် တရုတ်စစ်တပ်ဘက်ကသာ ရန်စတဲ့လုပ်ရပ်တွေ လုပ်ခဲ့တာလို့ စွပ်စွဲထားပါတယ်။ တရုတ်နိုင်ငံခြားရေးဌာနကတော့ အိန္ဒိယရဲ့ လုပ်ရပ်အပေါ် ဆိုးရွားတဲ့ စစ်ရေးရန်စမှုအဖြစ် သတ်မှတ်တယ်လို့ ဆိုပါတယ်။

နယ်စပ်တလေ ျှာက်မှာ နှစ်ဘက်တပ်ဖွဲ့တွေအကြား ပဋိပက္ခမဖြစ်အောင် တားဆီးဖို့အတွက် လက်နက်မသုံးကြဖို့ဆိုတဲ့ သဘောတူညီချက်တခု ရထားတာ နှစ်ပေါင်းများစွာကြာပါပြီ။ တချို့အချိန်တွေမှာဆိုရင် နှစ်ဘက်တပ်ဖွဲ့တွေဟာ မီတာအနည်းငယ် အကွာအဝေးအတွင်း ဟိုဘက်ဒီဘက် ရပ်နေကြတာပါ။

အခုနောက်ဆုံးဖြစ်ရပ်ကတော့ Ladakh ဒေသက မဟာဗျူဟာမြောက် Pangong Tso ကန်ကြီးရဲ့ တောင်ဘက်ခြမ်းတလေ ျှာက်မှာ နှစ်ဘက် ထိပ်တိုက်ဖြစ်တာပါ။ အဲဒီဒေသမှာ "line of actual control" လို့ခေါ်တဲ့ တဘက်နဲ့ တဘက် မကျော်ဖို့ သတ်မှတ်ထားတဲ့ နယ်စပ်မျဉ်းကို ချိုးဖောက်တယ်ဆိုပြိး တဘက်နဲ့တဘက် စွပ်စွဲ ပြောဆိုထားတာပါ။

ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ နယ်စပ်တလေ ျှာက် တင်းမာမှုလေ ျှာ့ချရေး လုပ်ဆောင်သွားဖို့ သဘောတူထားကြတယ်လို့ နှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးတွေ ပြောခဲ့အပြီး ရက်ပိုင်းအတွင်းမှာပဲ ထိပ်တိုက်အခြေအနေ ကြုံတာလည်းဖြစ်ပါတယ်။

တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Zhao Lijian
တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Zhao Lijian

နယ်စပ်ကို အရင်ကျော်ဝင်တာ အိန္ဒိယတပ်ဖွဲ့တွေဖြစ်သလို စပစ်တာလည်း သူတို့ပဲလို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Zhao Lijian က အင်္ဂါနေ့မှာပြောပါတယ်။

တရုတ်နယ်မြေထဲ ကျော်ဝင်ခဲ့တာ မရှိတဲ့အပြင် ပစ်ခတ်တာအပါအဝင် တခြား အင်အားသုံးလုပ်ရပ်တခုခုကိုပါ သူတို့မလုပ်ခဲ့ဘူးလို့ အိန္ဒိယကြည်းတပ်က ငြင်းဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]









XS
SM
MD
LG