သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဂ်ကာတာၿမိဳ႕ေတာ္ ကိုဗစ္ကာကြယ္ေရး ကန္႔သတ္ခ်က္ေတြ ျပန္ခ်ေတာ့မယ္


အင္ဒိုနီးရွားႏိုင္ငံ ဂ်ကာတာၿမိဳ႕ေတာ္ရွိ ရထားဘူတာ တခုမွာ ေတြ႔ရတဲ့ ျမင္ကြင္း။ (ၾသဂုတ္ ၁၈၊ ၂၀၂၀)

[Zawgyi/Unicode]

အင္ဒိုနီးရွားႏိုင္ငံ ဂ်ကာတာၿမိဳ႕ေတာ္မွာ ကိုရိုနာဗိုင္းရပ္စ္ကူးစက္မႈ ျမင့္တာလာတာေၾကာင့္ က်န္းမာေရးစနစ္ထိခိုက္ဖို႔ အႏၲရာယ္ရွိေနတာမို႔ က်ယ္က်ယ္ျပန္႔ျပန္႔ ကန္႔သတ္မူေတြထပ္လုပ္ဖို႔ရွိေနတယ္လို႔ ၿမိဳ႕ေတာ္အုပ္ခ်ဳပ္ေရးမွဴးက ေျပာလိုက္ပါတယ္။

ဂ်ကာတာၿမိဳ႕ေတာ္မွာ အရင္ ဧၿပီကေန ဇြန္လအထိ ခ်မွတ္ခဲ့ဖူးတာမ်ိဳး လူအမ်ားသယ္ယူပို႔ေဆာင္ေရးေတြ ကန္႔သတ္တာနဲ႔ စားေသာက္ဆိုင္ေတြထဲ စားသံုးတာေတြ တားျမစ္တာမ်ိဳး ျပန္တင္းၾကပ္ဖို႔ ရွိေနတာပါ။

ဒါ့အျပင္ ရံုးေတြကေန အလုပ္လုပ္တာကိုလည္း လာမယ့္တနလၤာ စက္တင္ဘာ ၁၄ ရက္ကေန စပိတ္ပင္ေတာ့မယ္လို႔ အုပ္ခ်ဳပ္ေရးမွဴး Anies Baswedan က မေန႔က ေျပာလိုက္ပါတယ္။

ဒါေပမဲ့ ဂ်ကာတာ ၿမိဳ႕ေနေတြကေတာ့ အမ်ိဳးမ်ိဳးတံု႔ျပန္ေနၾကတာမွာ တခ်ိဳ႕ကလည္း ဝင္ေငြထိခိုက္လာမွာကို စိုးရိမ္ၾကသလို တခ်ိဳ႕ကေတာ့ အနာဂတ္မွာေကာင္းဖို႔ လုပ္ရပ္ေကာင္းျဖစ္တယ္လို႔ ႀကိဳဆိုၾကပါတယ္။

ေမာ္ေတာ္ဆိုင္ကယ္ Taxi ေမာင္းသူတဦး က -

"ေသခ်ာတာေပါ့... ဝင္ေငြထိမွာေလ။ အခု တေန႔ကို ရူပီး ၅၀,၀၀၀ (အေမရိကန္ ၃.၄၀ ေဒၚလာ) ရရင္ ေတာ္ေတာ္ဟုတ္ေနသလိုျဖစ္ေနတာ။ အခုတနလၤာကစၿပီး က်ေနာ္တို႔ ဒုကၡျပန္ေရာက္ဦးမယ္ေလ။ ကားပဲေမာင္းေမာင္း၊ ဆိုင္ကယ္ပဲေမာင္းေမာင္း ဒီေမာင္းသူအားလံုး ႀကီးမားတဲ့ အခက္ႀကံဳရေတာ့မွာပါ။" လို႔ Bahahsa ဘာသာစကားနဲ႔ ေျပာပါတယ္။

ခုလိုခ်ိန္မွာ ကမာၻမွာ ကိုဗစ္ကူးစက္မူ ဒုတိယအျမင့္ဆံုးျဖစ္လာၿပီး အာရွကိုဗစ္ကူးစက္မႈထိပ္ဆံုး အိႏိၵယမွာလည္း ကူးစက္မူအသစ္ ၉၅,၇၃၅ ဦး စံခ်ိန္တင္ ထပ္ျမင့္တက္ခဲ့ၿပီး အဓိကၿမိဳ႕ႀကီးေတြအျပင္ဘက္ကိုပါ ကူးစက္ကာ စုစုေပါင္းကူးစက္သူ ၄,၄၆၅,၈၆၃ ဦးအထိရွိလာၿပီး ေနာက္ထပ္ ေသဆံုးသူကလည္း ၁,၁၇၂ ဦး ရွိခဲ့ပါတယ္။

ကူးစက္သူေပါင္း ၆.၃ သန္းေက်ာ္နဲ႔ ထိပ္ဆံုးေရာက္ေနတဲ့ အေမရိကန္ၿပီးရင္ ဒုတိယအမ်ားဆံုးျဖစ္တဲ့ ဒီျမန္မာ့အိမ္နီးခ်င္းႏိုင္ငံမွာ ေသဆံုးသူစုစုေပါင္းက ၇၅,၀၆၂ ေယာက္အထိ ျမင့္တက္လာေနၿပီး အေမရိကန္နဲ႔ ဘရာဇီးလ္ၿပီးရင္ ေသဆံုးမႈ တတိယအမ်ားဆံုးႏုိင္ငံျဖစ္ေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဂျကာတာမြို့တော် ကိုဗစ်ကာကွယ်ရေး ကန့်သတ်ချက်တွေ ပြန်ချတော့မယ်

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု မြင့်တာလာတာကြောင့် ကျန်းမာရေးစနစ်ထိခိုက်ဖို့ အန္တရာယ်ရှိနေတာမို့ ကျယ်ကျယ်ပြန့်ပြန့် ကန့်သတ်မူတွေထပ်လုပ်ဖို့ရှိနေတယ်လို့ မြို့တော်အုပ်ချုပ်ရေးမှူးက ပြောလိုက်ပါတယ်။

ဂျကာတာမြို့တော်မှာ အရင် ဧပြီကနေ ဇွန်လအထိ ချမှတ်ခဲ့ဖူးတာမျိုး လူအများသယ်ယူပို့ဆောင်ရေးတွေ ကန့်သတ်တာနဲ့ စားသောက်ဆိုင်တွေထဲ စားသုံးတာတွေ တားမြစ်တာမျိုး ပြန်တင်းကြပ်ဖို့ ရှိနေတာပါ။

ဒါ့အပြင် ရုံးတွေကနေ အလုပ်လုပ်တာကိုလည်း လာမယ့်တနင်္လာ စက်တင်ဘာ ၁၄ ရက်ကနေ စပိတ်ပင်တော့မယ်လို့ အုပ်ချုပ်ရေးမှူး Anies Baswedan က မနေ့က ပြောလိုက်ပါတယ်။

ဒါပေမဲ့ ဂျကာတာ မြို့နေတွေကတော့ အမျိုးမျိုးတုံ့ပြန်နေကြတာမှာ တချို့ကလည်း ဝင်ငွေထိခိုက်လာမှာကို စိုးရိမ်ကြသလို တချို့ကတော့ အနာဂတ်မှာကောင်းဖို့ လုပ်ရပ်ကောင်းဖြစ်တယ်လို့ ကြိုဆိုကြပါတယ်။

မော်တော်ဆိုင်ကယ် Taxi မောင်းသူတဦး က -

"သေချာတာပေါ့... ဝင်ငွေထိမှာလေ။ အခု တနေ့ကို ရူပီး ၅၀,၀၀၀ (အမေရိကန် ၃.၄၀ ဒေါ်လာ) ရရင် တော်တော်ဟုတ်နေသလိုဖြစ်နေတာ။ အခုတနင်္လာကစပြီး ကျနော်တို့ ဒုက္ခပြန်ရောက်ဦးမယ်လေ။ ကားပဲမောင်းမောင်း၊ ဆိုင်ကယ်ပဲမောင်းမောင်း ဒီမောင်းသူအားလုံး ကြီးမားတဲ့ အခက်ကြုံရတော့မှာပါ။" လို့ Bahahsa ဘာသာစကားနဲ့ ပြောပါတယ်။

ခုလိုချိန်မှာ ကမ္ဘာမှာ ကိုဗစ်ကူးစက်မူ ဒုတိယအမြင့်ဆုံးဖြစ်လာပြီး အာရှကိုဗစ်ကူးစက်မှုထိပ်ဆုံး အိန္ဒိယမှာလည်း ကူးစက်မူအသစ် ၉၅,၇၃၅ ဦး စံချိန်တင် ထပ်မြင့်တက်ခဲ့ပြီး အဓိကမြို့ကြီးတွေအပြင်ဘက်ကိုပါ ကူးစက်ကာ စုစုပေါင်းကူးစက်သူ ၄,၄၆၅,၈၆၃ ဦးအထိရှိလာပြီး နောက်ထပ် သေဆုံးသူကလည်း ၁,၁၇၂ ဦး ရှိခဲ့ပါတယ်။

ကူးစက်သူပေါင်း ၆.၃ သန်းကျော်နဲ့ ထိပ်ဆုံးရောက်နေတဲ့ အမေရိကန်ပြီးရင် ဒုတိယအများဆုံးဖြစ်တဲ့ ဒီမြန်မာ့အိမ်နီးချင်းနိုင်ငံမှာ သေဆုံးသူစုစုပေါင်းက ၇၅,၀၆၂ ယောက်အထိ မြင့်တက်လာနေပြီး အမေရိကန်နဲ့ ဘရာဇီးလ်ပြီးရင် သေဆုံးမှု တတိယအများဆုံးနိုင်ငံဖြစ်နေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG