သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကပ္ေရာဂါေၾကာင့္ ကမာၻ႔ ဆင္းရဲမႈ တိုက္ဖ်က္ေရးထိခိုက္


ဂရိႏိုင္ငံ Thessaloniki ရွိ အထက္တန္းေက်ာင္းတေက်ာင္းက ေက်ာင္းဖြင့္ရက္ ပထမရက္ ျမင္ကြင္း။ (စက္တင္ဘာ ၁၄၊ ၂၀၂၀)

[Zawgyi/Unicode]

ကမာၻတစ္ဝန္း ဆင္းရဲ မြဲေတမႈ တိုက္ဖ်က္ေရးနဲ႔ က်န္းမာေရးအဆင့္အတန္း ျမင့္မားေအာင္ ႀကိဳးပမ္းရာမွာ ရရွိေနတဲ့ တိုးတက္မႈေတြဟာ COVID 19 ေၾကာင့္ ေႏွးေကြးသြားခဲ့ရတယ္လို႔ ႏွစ္စဥ္ ထုတ္ျပန္တဲ့ Goalkeepers အစီရင္ခံစာက ေျပာပါတယ္။ Microsoft ကုမၸဏီကို တည္ေထာင္သူ Bill Gates နဲ႔ ဇနီး တို႔တည္ေထာင္တားတဲ့ Bill and Melinda Gates Foundation အဖြဲ႕က ထုတ္ျပန္တဲ့ အဲဒီအစီရင္ခံစာမွာ ကမာၻတစ္ဝန္း လူ ၃၇ သန္းနီးပါးဟာ COVID 19 ျဖစ္ခ်ိန္က စလို႔ ဆင္းရဲတြင္းထဲကို က်ေရာက္ခဲ့ရတယ္လို႔ ေဖာ္ျပထားပါတယ္။ ဝက္သက္ေရာဂါနဲ႔ ဆုံဆို႔နာ ကာကြယ္ေဆးထိုးခြင့္ရတဲ့ ကေလးအေရအတြက္လည္း မႏွစ္က စံခ်ိန္တင္ ၈၀ ရာခိုင္ႏႈန္း ရွိရာကေန ၂၀၂၀ ျပည့္ႏွစ္မွာ ၇၀ ရာခိုင္ႏႈန္းအထိ က်ဆင္းခဲ့တာပါ။

ရက္သတၱပတ္ ၂၅ ပတ္အတြင္းမွာ ၂၅ ႏွစ္ေလာက္ ေနာက္က်ခဲ့ရတယ္လို႔လည္း ကုလသမဂၢရဲ႕ စဥ္ဆက္မျပတ္ ဖြံ႕ၿဖိဳးတိုးတက္ေရး ရည္မွန္းခ်က္ေတြကို ပုံမွန္ မွတ္တမ္းတင္ေရးသားတဲ့ အဲဒီ Goalkeepers အစီရင္ခံစာမွာေဖာ္ျပပါတယ္။

တစ္ကမာၻလုံး အတိုင္းအတာအရ COVID 19 ကူးစက္ခံရသူ စုစုေပါင္း သန္း ၃၀ နီးပါး ရွိလာေနၿပီး ေသဆုံးသူ အေရအတြက္ကလည္း ၉၃၀,၀၀၀ နီးပါး ရွိေနခ်ိန္မွာ ႏိုင္ငံေတာ္ေတာ္မ်ားမ်ားမွာ ကူးစက္မႈ ျမင့္တက္ေနတာကို ႀကဳံေတြ႕ေနရလို႔ တင္းက်ပ္တဲ့ အသြားအလာ ပိတ္ပင္မႈေတြ ျပန္လည္ ခ်မွတ္ေနၾကပါတယ္။

အစၥေရးလ္ႏိုင္ငံမွာ ဂ်ဴးဘာသာေရး ႏွစ္သစ္ကူးပြဲေတာ္ က်င္းပဖို႔ ရွိေနတဲ့ၾကားက ၃ ပတ္ၾကာ အသြားအလာ ပိတ္ပင္ေၾကာင္း ဝန္ႀကီးခ်ဳပ္ Benjamin Netanyahu က တနဂၤေႏြေန႔က ေၾကညာခဲ့ပါတယ္။ ေက်ာင္းေတြ၊ စားေသာက္ဆိုင္ေတြ၊ ေဈးဝယ္ စင္တာေတြနဲ႔ ဟိုတယ္ေတြ အားလုံး ပိတ္ရမွာ ျဖစ္ၿပီး အစၥေရးလ္ ျပည္သူေတြ အိမ္ကေန မီတာ ၅၀၀ အတြင္း ေနထိုင္ရမွာ ျဖစ္သလို အိမ္တြင္း လူ ၁၀ ဦးနဲ အိမ္ျပင္ လူ ၂၀ သာ စုေဝးခြင့္ရမွာ ျဖစ္ပါတယ္။

ျပင္သစ္ႏိုင္ငံက Bordeaux နဲ႔ Marseille ၿမိဳ႕ေတြမွာလည္း ဗိုင္းရပ္စ္ ကူးစက္မႈ ျမင့္တက္လာေနတာေၾကာင့္ အမ်ားျပည္သူ အသုံး ျပဳရာေနရာေတြမွာ အရက္ေသာက္သုံးတာကို ပိတ္ပင္ခဲ့သလို လူ ၁၀ ေယာက္သာ စုေဝးခြင့္ျပဳတဲ့ ကန္႔သတ္ခ်က္ေတြ ခ်မွတ္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကိုဗစ်ကပ်ရောဂါကြောင့် ကမ္ဘာ့ ဆင်းရဲမှု တိုက်ဖျက်ရေးထိခိုက်

ကမ္ဘာတစ်ဝန်း ဆင်းရဲ မွဲတေမှု တိုက်ဖျက်ရေးနဲ့ ကျန်းမာရေးအဆင့်အတန်း မြင့်မားအောင် ကြိုးပမ်းရာမှာ ရရှိနေတဲ့ တိုးတက်မှုတွေဟာ COVID 19 ကြောင့် နှေးကွေးသွားခဲ့ရတယ်လို့ နှစ်စဉ် ထုတ်ပြန်တဲ့ Goalkeepers အစီရင်ခံစာက ပြောပါတယ်။ Microsoft ကုမ္ပဏီကို တည်ထောင်သူ Bill Gates နဲ့ ဇနီး တို့တည်ထောင်တားတဲ့ Bill and Melinda Gates Foundation အဖွဲ့က ထုတ်ပြန်တဲ့ အဲဒီအစီရင်ခံစာမှာ ကမ္ဘာတစ်ဝန်း လူ ၃၇ သန်းနီးပါးဟာ COVID 19 ဖြစ်ချိန်က စလို့ ဆင်းရဲတွင်းထဲကို ကျရောက်ခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။ ဝက်သက်ရောဂါနဲ့ ဆုံဆို့နာ ကာကွယ်ဆေးထိုးခွင့်ရတဲ့ ကလေးအရေအတွက်လည်း မနှစ်က စံချိန်တင် ၈၀ ရာခိုင်နှုန်း ရှိရာကနေ ၂၀၂၀ ပြည့်နှစ်မှာ ၇၀ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့တာပါ။

ရက်သတ္တပတ် ၂၅ ပတ်အတွင်းမှာ ၂၅ နှစ်လောက် နောက်ကျခဲ့ရတယ်လို့လည်း ကုလသမဂ္ဂရဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်တွေကို ပုံမှန် မှတ်တမ်းတင်ရေးသားတဲ့ အဲဒီ Goalkeepers အစီရင်ခံစာမှာဖော်ပြပါတယ်။

တစ်ကမ္ဘာလုံး အတိုင်းအတာအရ COVID 19 ကူးစက်ခံရသူ စုစုပေါင်း သန်း ၃၀ နီးပါး ရှိလာနေပြီး သေဆုံးသူ အရေအတွက်ကလည်း ၉၃၀,၀၀၀ နီးပါး ရှိနေချိန်မှာ နိုင်ငံတော်တော်များများမှာ ကူးစက်မှု မြင့်တက်နေတာကို ကြုံတွေ့နေရလို့ တင်းကျပ်တဲ့ အသွားအလာ ပိတ်ပင်မှုတွေ ပြန်လည် ချမှတ်နေကြပါတယ်။

အစ္စရေးလ်နိုင်ငံမှာ ဂျူးဘာသာရေး နှစ်သစ်ကူးပွဲတော် ကျင်းပဖို့ ရှိနေတဲ့ကြားက ၃ ပတ်ကြာ အသွားအလာ ပိတ်ပင်ကြောင်း ဝန်ကြီးချုပ် Benjamin Netanyahu က တနင်္ဂနွေနေ့က ကြေညာခဲ့ပါတယ်။ ကျောင်းတွေ၊ စားသောက်ဆိုင်တွေ၊ ဈေးဝယ် စင်တာတွေနဲ့ ဟိုတယ်တွေ အားလုံး ပိတ်ရမှာ ဖြစ်ပြီး အစ္စရေးလ် ပြည်သူတွေ အိမ်ကနေ မီတာ ၅၀၀ အတွင်း နေထိုင်ရမှာ ဖြစ်သလို အိမ်တွင်း လူ ၁၀ ဦးနဲ အိမ်ပြင် လူ ၂၀ သာ စုဝေးခွင့်ရမှာ ဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံက Bordeaux နဲ့ Marseille မြို့တွေမှာလည်း ဗိုင်းရပ်စ် ကူးစက်မှု မြင့်တက်လာနေတာကြောင့် အများပြည်သူ အသုံး ပြုရာနေရာတွေမှာ အရက်သောက်သုံးတာကို ပိတ်ပင်ခဲ့သလို လူ ၁၀ ယောက်သာ စုဝေးခွင့်ပြုတဲ့ ကန့်သတ်ချက်တွေ ချမှတ်ခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG