သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ရောဂါ ကိုင်တွယ်မှု ထိရောက်ကြောင်း သမ္မတ Trump ပြောဆိုမှု အငြင်းပွားစရာဖြစ်နေ


အမေရိကန်သမ္မတ Donald Trump. (စက်တင်ဘာ ၁၂၊ ၂၀၂၀)
အမေရိကန်သမ္မတ Donald Trump. (စက်တင်ဘာ ၁၂၊ ၂၀၂၀)

(Zawgyi / Unicode)

အမေရိကန်သမ္မတရွေးကောက်ပွဲ ကျင်းပဖို့ သီတင်း ၇ ပတ်ပဲ လိုပါတော့တယ်။ ရွေးကောက်ပွဲ မဲဆွယ်ဖို့ စနေနေ့မှာ Nevada ကို သွားရောက်နေတဲ့ သမ္မတ Donald Trump က သူဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါနဲ့ ပတ်သက်ပြီး အထူးကောင်းမွန်စွာ ကိုင်တွယ်နိုင်ခဲ့သလို နိုင်ငံတွင်း ဒီရောဂါကြောင့် သေဆုံးမှု လျော့ပါးအောင်လည်း လုပ်ပေးနိုင်ခဲ့တယ်လို့ ထပ်ပြီး ပြောဆိုလိုက်ပါတယ်။

ကမ္ဘာမှာ ကူးစက်မှုအများဆုံး ဖြစ်နေတဲ့ အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးရသူက ၂၀၀,၀၀၀ နီးပါး ဖြစ်နေပေမယ့် လူထုစုဝေးပွဲ မဲဆွယ်ရာမှာတော့ သမ္မတက ၁၈၀,၀၀၀ လောက်ပဲရှိတယ်လို့ လျှော့ပေါ့ ပြောခဲ့တာပါ။

ဒီရောဂါ အကူးစက်ခံရသူက အမေရိကန်နိုင်ငံမှာ နေ့စဉ် ၃ သောင်းခွဲလောက်ရှိပြီး သေဆုံးသူ တနေ့ ၁,၀၀၀ လောက် ရှိနေပေမယ့်လည်း သမ္မတ Trump သူ့တွစ်တာကနေ တနင်္ဂနွေနေ့က ရေးသားရာမှာတော့ အမေရိကန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ အခုချိန်အထိ ဒီရောဂါအတွက် စမ်းသပ်စစ်ဆေးမှုတွေ ပိုအများကြီး လုပ်နေတဲ့ကြားကပဲ ရောဂါကူးစက်မှုနှုန်းက မြန်မြန်ကြီး ပုံမှန်ကျဆင်းနေသလို ဆေးရုံတက်ရသူ၊ သေဆုံးသူ အရေအတွက်လည်း ကျဆင်းနေတယ်လို့ ဖော်ပြထားပါတယ်။

သမ္မတ Trump ရဲ့ ပြိုင်ဘက်ဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီက ဝင်ရောက်အရွေးခံမယ့် ဒုသမ္မတဟောင်း Joe Biden ကတော့ စနေနေ့မှာ မဲဆွယ်မှုတွေ မလုပ်ခဲ့ပါဘူး။ ဒါပေမယ့် သမ္မတ Trump က ပြည်သူကို လမ်းမှားညွှန်ပြနေတာဟာ သေရေးရှင်ရေးကိစ္စ ရင်ဆိုင်နေရတဲ့ အမေရိကန်ပြည်သူတွေကို သစ္စာဖောက်နေတာဖြစ်ကြောင်း ပြောပါတယ်။

အမေရိကန်နိုင်ငံမှာ ဒီရောဂါနဲ့ လူဘယ်လောက် အသက်ဆုံးပါးရတယ် ဆိုတာကို သူသိပေမယ့် လျှော့ပေါ့ပြောနေတာဖြစ်ပြီး အဆိုးဆုံးက သူလိမ်ညာပြောနေတာ ဖြစ်ကြောင်း Joe Biden က ပြောပါတယ်။

သမ္မတရဲ့ ကုန်သွယ်ရေးဆိုင်ရာ အကြံပေး Peter Navarro ကတော့ သမ္မတရဲ့ ဒီကပ်ရောဂါဆိုင်ရာ လျှော့ပေါ့ပြောဆိုမှုဟာ မှန်ကန်ကြောင်းနဲ့ ဒီအချိန်မျိုးမှာ တည်တည်ငြိမ်ငြိမ်ရှိဖို့လိုပြီး အကောင်းဆုံးကို မျှော်လင့်ထားရမှာ ဖြစ်ပေမယ့် အဆိုးဆုံးအတွက်တော့ ပြင်ဆင်ထားရမှာ ဖြစ်ကြောင်း ပြောခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

-------------------------

(Unicode)








XS
SM
MD
LG