သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိႏၵိယ ကိုဗစ္ပိုးေတြ႔သူ ၅ သန္းနီးပါး ရွိလာ


ကိုဗစ္ ေရာဂါ ရွိ၊ မရွိ စစ္ေဆးဖို႔ ေစာင့္ဆိုင္းေနၾကသူမ်ားကို အိႏၵိယႏိုင္ငံ Jammu ၿမိဳ႕မွာ ေတြ႔ရ။ (စက္တင္ဘာ ၁၅၊ ၂၀၂၀)

[Zawgyi/Unicode]

အာရွတလႊား ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈေတြ ဆက္ျဖစ္ေနၿပီး အိႏၵိယမွာ ဒီကေန႔တရက္ထဲ လူနာသစ္ ၈၃,၀၀၀ ေက်ာ္နဲ႔ ေသဆုံးသူ ၁,၀၀၀ ေက်ာ္ ရွိတဲ့အတြက္ စုစုေပါင္းကူးစက္သူ ၅,၀၀၀,၀၀၀ နီးပါးနဲ႔ ေသဆုံးသူ ၈၀,၀၀၀ ေက်ာ္ရွိပါတယ္။

အေမရိကန္ၿပီးရင္ ကမာၻမွာ ကူးစက္မႈ ဒုတိယအမ်ားဆုံးျဖစ္တဲ့ အိႏၵိယမွာၿပီးခဲ့တဲ့ တပတ္အတြင္းမွာပဲ ကူးစက္သူေပါင္း ၆၀၀,၀၀၀ ေက်ာ္ရွိတာပါ။ ေရာဂါကူးစက္မႈဒဏ္ကို အဆိုးဆုံးခံေနရတဲံ Maharashtra ျပည္နယ္မွာ ကူးစက္သူ ၁,၀၀၀,၀၀၀ ေက်ာ္ရွိၿပီး တျခား Andhra Pradesh ၊ Tamil Nadu ၊ Karnataka နဲ႔ Uttar Pradesh ျပည္နယ္ေတြမွာလည္း ကူးစက္မႈႏႈန္းက ျမင့္တက္ေနပါတယ္။ တခ်ိန္ထဲမွာပဲ ျပန္ၿပီးက်န္းမာလာတဲ့သူ အေရအတြက္ ၇၇.၈ ရာခိုင္ႏႈန္းနဲ႔ အိႏၵိယက တကမာၻလုံးမွာ ေရာဂါကူးစက္ၿပီး ျပန္ေကာင္းလာတဲ့ႏႈန္း အမ်ားဆုံးျဖစ္တယ္လို႔ Johns Hopkins တကၠသိုလ္ စာရင္းေတြအရ သိရပါတယ္။

တ႐ုတ္ႏိုင္ငံမွာေတာ့ ျပည္ပက ျပန္လာသူေတြထဲ ေရာဂါကူးစက္သူ လူနာသစ္ ၈ ဦး ဒီကေန႔ အတည္ျပဳခဲ့ၿပီး ဒီအထဲ Ruili ၿမိဳ႕ကေန နယ္စပ္ျဖတ္ေက်ာ္ဝင္ေရာက္လာတဲ့ ျမန္မာႏိုင္ငံသား ၂ ဦးပါဝင္ပါတယ္။ Ruili ၿမိဳ႕မွာ တနလၤာေန႔ ညေနပိုင္းက စလို႔ အသြားအလာေတြကို သီတင္းတပတ္ ကန္႔သတ္ထားၿပီး ေဒသခံေတြကို ၿမိဳ႕တြင္းက ထြက္ခြါခြင့္ တားျမစ္ထားပါတယ္။ ၿမိဳ႕ေနလူထုအာလုံး ေရာဂါပိုးစစ္ေဆးဖို႔နဲ႔ နယ္စပ္ေဒသ တရားမဝင္ကုန္သြယ္မႈေတြကို တင္းတင္းၾကပ္ၾကပ္ကိုင္တြယ္သြားမယ္လို႔ အစိုးရက ေၾကညာခ်က္ထုတ္ျပန္ထားပါတယ္။ တ႐ုတ္ႏိုင္ငံတြင္း ျပည္တြင္း ကူးစက္မႈ အသစ္မရွိတာ တစ္လ ဆက္တိုက္ရွိေနၿပီျဖစ္ပါတယ္။

ေတာင္ကိုရီးယားမွာေတာ့ ေန႔စဥ္ကူးစက္မႈႏႈန္း ၁၀၀ ဝန္းက်င္မွာ ရွိေနလာတာ ၃ ရက္ဆက္တိုက္ရွိေနၿပီျဖစ္ပါတယ္။ ဒီကေန႔ အတည္ျပဳလူနာသစ္ ၁၀၆ ေယာက္ရွိတာေၾကာင့္ စုစုေပါင္း ကူးစက္သူ ၂၂,၀၀၀ ေက်ာ္နဲ႔ ေသဆုံးသူ ၃၆၇ ေယာက္ရွိပါတယ္။ ကူးစက္မႈႏႈန္း မ်ားခဲ့တဲ့ ၿမိဳ႕ေတာ္ Seoul နဲ႔ ေဒသတဝိုက္ လူခ်င္းခပ္ခြါခြါေနၾကဖို႔ စည္းကမ္းေတြကို အစိုးရက တနလၤာေန႔က စၿပီး ေျဖေလ်ာ့ေပးခဲ့ပါတယ္။

အိႏၵိယ ကိုဗစ္ပိုးေတြ႔သူ ၅ သန္းနီးပါး ရွိလာ
please wait

No media source currently available

0:00 0:01:15 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အိန္ဒိယ ကိုဗစ်ပိုးတွေ့သူ ၅ သန်းနီးပါး ရှိလာ

အာရှတလွှား ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေ ဆက်ဖြစ်နေပြီး အိန္ဒိယမှာ ဒီကနေ့တရက်ထဲ လူနာသစ် ၈၃,၀၀၀ ကျော်နဲ့ သေဆုံးသူ ၁,၀၀၀ ကျော် ရှိတဲ့အတွက် စုစုပေါင်းကူးစက်သူ ၅,၀၀၀,၀၀၀ နီးပါးနဲ့ သေဆုံးသူ ၈၀,၀၀၀ ကျော်ရှိပါတယ်။

အမေရိကန်ပြီးရင် ကမ္ဘာမှာ ကူးစက်မှု ဒုတိယအများဆုံးဖြစ်တဲ့ အိန္ဒိယမှာပြီးခဲ့တဲ့ တပတ်အတွင်းမှာပဲ ကူးစက်သူပေါင်း ၆၀၀,၀၀၀ ကျော်ရှိတာပါ။ ရောဂါကူးစက်မှုဒဏ်ကို အဆိုးဆုံးခံနေရတဲံ Maharashtra ပြည်နယ်မှာ ကူးစက်သူ ၁,၀၀၀,၀၀၀ ကျော်ရှိပြီး တခြား Andhra Pradesh ၊ Tamil Nadu ၊ Karnataka နဲ့ Uttar Pradesh ပြည်နယ်တွေမှာလည်း ကူးစက်မှုနှုန်းက မြင့်တက်နေပါတယ်။ တချိန်ထဲမှာပဲ ပြန်ပြီးကျန်းမာလာတဲ့သူ အရေအတွက် ၇၇.၈ ရာခိုင်နှုန်းနဲ့ အိန္ဒိယက တကမ္ဘာလုံးမှာ ရောဂါကူးစက်ပြီး ပြန်ကောင်းလာတဲ့နှုန်း အများဆုံးဖြစ်တယ်လို့ Johns Hopkins တက္ကသိုလ် စာရင်းတွေအရ သိရပါတယ်။

တရုတ်နိုင်ငံမှာတော့ ပြည်ပက ပြန်လာသူတွေထဲ ရောဂါကူးစက်သူ လူနာသစ် ၈ ဦး ဒီကနေ့ အတည်ပြုခဲ့ပြီး ဒီအထဲ Ruili မြို့ကနေ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၂ ဦးပါဝင်ပါတယ်။ Ruili မြို့မှာ တနင်္လာနေ့ ညနေပိုင်းက စလို့ အသွားအလာတွေကို သီတင်းတပတ် ကန့်သတ်ထားပြီး ဒေသခံတွေကို မြို့တွင်းက ထွက်ခွါခွင့် တားမြစ်ထားပါတယ်။ မြို့နေလူထုအာလုံး ရောဂါပိုးစစ်ဆေးဖို့နဲ့ နယ်စပ်ဒေသ တရားမဝင်ကုန်သွယ်မှုတွေကို တင်းတင်းကြပ်ကြပ်ကိုင်တွယ်သွားမယ်လို့ အစိုးရက ကြေညာချက်ထုတ်ပြန်ထားပါတယ်။ တရုတ်နိုင်ငံတွင်း ပြည်တွင်း ကူးစက်မှု အသစ်မရှိတာ တစ်လ ဆက်တိုက်ရှိနေပြီဖြစ်ပါတယ်။

တောင်ကိုရီးယားမှာတော့ နေ့စဉ်ကူးစက်မှုနှုန်း ၁၀၀ ဝန်းကျင်မှာ ရှိနေလာတာ ၃ ရက်ဆက်တိုက်ရှိနေပြီဖြစ်ပါတယ်။ ဒီကနေ့ အတည်ပြုလူနာသစ် ၁၀၆ ယောက်ရှိတာကြောင့် စုစုပေါင်း ကူးစက်သူ ၂၂,၀၀၀ ကျော်နဲ့ သေဆုံးသူ ၃၆၇ ယောက်ရှိပါတယ်။ ကူးစက်မှုနှုန်း များခဲ့တဲ့ မြို့တော် Seoul နဲ့ ဒေသတဝိုက် လူချင်းခပ်ခွါခွါနေကြဖို့ စည်းကမ်းတွေကို အစိုးရက တနင်္လာနေ့က စပြီး ဖြေလျော့ပေးခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG