သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကပ္ေရာဂါနဲ႔ေသဆံုးသူ လာမယ့္ေရွ႕ႏွစ္လ တိုးလာႏိုင္


အိႏိၵယႏိုင္ငံ Hyderabad ၿမိဳ႕မွာ ကိုဗစ္ေရာဂါ ရွိ၊ မရွိကို စစ္ေဆးခံေနတဲ့ အမ်ိဳးသားတဦး။ (စက္တင္ဘာ ၁၃၊ ၂၀၂၀)

[Zawgyi/Unicode]

COVID-19 ကပ္ေရာဂါေၾကာင့္ ေသဆုံးသူအေရအတြက္ ေအာက္တိုဘာလနဲ႔ ႏို၀င္ဘာလေတြမွာ ျမင့္တက္လာမယ္လို႔ ခန႔္မွန္းထားေၾကာင္း ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO ရဲ႕ ဥေရာပဆိုင္ရာ အႀကီးအကဲက ေျပာၾကားပါတယ္။ အဲဒီ ၂ လမွာ ေသဆုံးသူ ပိုမ်ားလာလိမ့္မယ္လို႔ Hans Kluge က AFP သတင္းဌာနနဲ႔ေမးျမန္းခန္းမွာ ေျပာၾကားခဲ့တာပါ။ ကိုဗစ္ကာကြယ္ေဆးေပၚလာရင္ ကပ္ေရာဂါျဖစ္ပြားမႈ အဆုံးသပ္သြားမယ္လို႔ ေျပာေနၾကတာကလည္း မမွန္ဘူးလို႔ သူကဆိုပါတယ္။

ကာကြယ္ေဆးဟာ လူတိုင္းအတြက္ ထိေရာက္ခ်င္မွာ ထိေရာက္ႏိုင္မွာျဖစ္ပါတယ္။ အခုသိထားရသေလာက္ တခ်ိဳ႕ကို ထိထိေရာက္ေရာက္ ကာကြယ္ေပးေပမဲ့ တခ်ိဳ႕ကို ကာကြယ္မေပးဘူးလို႔ WHO ရဲ႕ ဥေရာပဆိုင္ရာ အႀကီးအကဲ Hans Kluge ေျပာသြားတာပါ။ လူေတြအေနနဲ႔ COVID ကပ္ေရာဂါရွိေနခ်ိန္ ဘယ္လို သတိထား ကာကြယ္ေနမလဲဆိုတာ သေဘာက္ေပါက္ခ်ိန္က်မွ ကပ္ေရာဂါႀကီး အဆုံးသပ္မွာျဖစ္မယ္လို႔ သူကေျပာပါတယ္။

အခုကမာၻတဝန္း ကိုဗစ္အတည္ျပဳလူနာဟာ ၂၉ သန္းေက်ာ္သြားၿပီး ေသဆုံးသူကလည္း ၉၂၀,၀၀၀ ေက်ာ္ေနပါၿပီ။ တနဂၤေႏြေန႔က ကမာၻမွာ တရက္ထဲ အတည္ျပဳလူနာ ၃၇၀,၀၀၀ ေက်ာ္နဲ႔ စံခ်ိန္တင္မ်ားခဲ့တယ္လို႔ WHO ကေျပာပါတယ္။

ျမန္မာႏိုင္ငံမွာလည္း ဒီေန႔ ေန႔လည္ ၃ နာရီခြဲအခ်ိန္အထိ အတည္ျပဳလူနာ ၃,၀၁၅ ေယာက္၊ ေသဆုံးသူ ၂၆ ေယာက္ရွိပါတယ္။ အတည္ျပဳလူနာေတြထဲက အသက္ ၇၀ ေသြးတိုးေရာဂါအခံရွိသူ အမ်ိဳးသားနဲ႔ အသက္ ၇၂ ႏွစ္အ႐ြယ္ ဆီးခ်ိဳေရာဂါ၊ ေသြးတိုးနဲ႔ ႏွလုံးေသြးေၾကာက်ဥ္းေရာဂါအခံရွိသူ အမ်ဳိးသားတို႔ ဒီေန႔ ကြယ္လြန္သြားတယ္လို႔ က်န္မာေရးနဲ႔ အားကစားဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကပ်ရောဂါနဲ့သေဆုံးသူ လာမယ့်ရှေ့နှစ်လ တိုးလာနိုင်

COVID-19 ကပ်ရောဂါကြောင့် သေဆုံးသူအရေအတွက် အောက်တိုဘာလနဲ့ နိုဝင်ဘာလတွေမှာ မြင့်တက်လာမယ်လို့ ခန့်မှန်းထားကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ ဥရောပဆိုင်ရာ အကြီးအကဲက ပြောကြားပါတယ်။ အဲဒီ ၂ လမှာ သေဆုံးသူ ပိုများလာလိမ့်မယ်လို့ Hans Kluge က AFP သတင်းဌာနနဲ့မေးမြန်းခန်းမှာ ပြောကြားခဲ့တာပါ။ ကိုဗစ်ကာကွယ်ဆေးပေါ်လာရင် ကပ်ရောဂါဖြစ်ပွားမှု အဆုံးသပ်သွားမယ်လို့ ပြောနေကြတာကလည်း မမှန်ဘူးလို့ သူကဆိုပါတယ်။

ကာကွယ်ဆေးဟာ လူတိုင်းအတွက် ထိရောက်ချင်မှာ ထိရောက်နိုင်မှာဖြစ်ပါတယ်။ အခုသိထားရသလောက် တချို့ကို ထိထိရောက်ရောက် ကာကွယ်ပေးပေမဲ့ တချို့ကို ကာကွယ်မပေးဘူးလို့ WHO ရဲ့ ဥရောပဆိုင်ရာ အကြီးအကဲ Hans Kluge ပြောသွားတာပါ။ လူတွေအနေနဲ့ COVID ကပ်ရောဂါရှိနေချိန် ဘယ်လို သတိထား ကာကွယ်နေမလဲဆိုတာ သဘောက်ပေါက်ချိန်ကျမှ ကပ်ရောဂါကြီး အဆုံးသပ်မှာဖြစ်မယ်လို့ သူကပြောပါတယ်။

အခုကမ္ဘာတဝန်း ကိုဗစ်အတည်ပြုလူနာဟာ ၂၉ သန်းကျော်သွားပြီး သေဆုံးသူကလည်း ၉၂၀,၀၀၀ ကျော်နေပါပြီ။ တနင်္ဂနွေနေ့က ကမ္ဘာမှာ တရက်ထဲ အတည်ပြုလူနာ ၃၇၀,၀၀၀ ကျော်နဲ့ စံချိန်တင်များခဲ့တယ်လို့ WHO ကပြောပါတယ်။

မြန်မာနိုင်ငံမှာလည်း ဒီနေ့ နေ့လည် ၃ နာရီခွဲအချိန်အထိ အတည်ပြုလူနာ ၃,၀၁၅ ယောက်၊ သေဆုံးသူ ၂၆ ယောက်ရှိပါတယ်။ အတည်ပြုလူနာတွေထဲက အသက် ၇၀ သွေးတိုးရောဂါအခံရှိသူ အမျိုးသားနဲ့ အသက် ၇၂ နှစ်အရွယ် ဆီးချိုရောဂါ၊ သွေးတိုးနဲ့ နှလုံးသွေးကြောကျဉ်းရောဂါအခံရှိသူ အမျိုးသားတို့ ဒီနေ့ ကွယ်လွန်သွားတယ်လို့ ကျန်မာရေးနဲ့ အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG