သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိႏၵိယ ကိုဗစ္ကူးစက္မႈႏႈန္း ျမန္သလို ျပန္ေကာင္းသူလည္း တိုးလာ


အိႏၵိယႏုိင္ငံ Ahmedabad ၿမိဳ႕မွာ ေဒသခံေတြကို COVID-19 ကူးစက္မႈရွိမရွိ စစ္ေဆးဖုိ႔ Swab နမူနာယူေနတဲ့ က်န္းမာေရးဝန္ထမ္း။ (စက္တင္ဘာ ၆၊ ၂၀၂၀)

(Zawgyi / Unicode)

အိႏၵိယႏုိင္ငံမွာ ကို႐ိုနာဗုိင္းရပ္စ္ ကူးစက္ခံရသူ အေရအတြက္ဟာ ဒီေန႔မွာ ေနာက္ထပ္ ၉၄,၀၀၀ ေက်ာ္ရွိတာေၾကာင့္ ဗုိင္းရပ္စ္ကူးစက္ခံရသူ စုစုေပါင္း ၄ သန္း ၇ သိန္းခဲြ ေက်ာ္သြားၿပီျဖစ္ပါတယ္။

ဒါ့အျပင္ လြန္ခဲ့တဲ့ ၂၄ နာရီအတြင္း ၁,၁၁၄ ေယာက္ ေသဆုံးခဲ့တာေၾကာင့္ ေသဆုံးသူ အေရအတြက္ဟာ ၇၈,၅၈၆ ေယာက္ ရွိသြားၿပီျဖစ္တယ္လို႔ အိႏၵိယ က်န္းမာေရးဝန္ႀကီးဌာနက ဒီေန႔ေျပာပါတယ္။

အိႏၵိယႏုိင္ငံဟာ ကမာၻေပၚက က်န္တဲ့ေနရာေတြထက္ ကူးစက္မႈႏႈန္းက ပိုၿပီးေတာ့ ျမန္ေပမယ့္လည္း ဗုိင္းရပ္စ္ကေန ေနျပန္ေကာင္းလာတဲ့သူ အေရအတြက္ကလည္း သိသိသာသာ တုိးလာေနၿပီး ေနျပန္ေကာင္းသူ အေရအတြက္က ၇၇ ရာခုိင္ႏႈန္း ရွိတယ္လို႔ ေျပာပါတယ္။

အခုလအတြင္းမွာ ေန႔စဥ္ ေနျပန္ေကာင္းလာသူ အေရအတြက္က ၇၀,၀၀၀ ေလာက္ရွိတယ္လို႔ အိႏၵိယ က်န္းမာေရးဝန္ႀကီးဌာနက ေျပာပါတယ္။

အိႏၵိယႏုိင္ငံဟာ ကမာၻေပၚမွာ အေမရိကန္ၿပီးရင္ ဗုိင္းရပ္စ္ကူးစက္မႈ ဒုတိယအဆုိးဆုံးႏုိင္ငံ ျဖစ္လာခဲ့ၿပီး ေန႔စဥ္ ဗုိင္းရပ္စ္ရွိမရွိ စမ္းသပ္စစ္ေဆးမႈဟာ ၁ သန္းေက်ာ္ရွိတယ္လို႔ ေျပာပါတယ္။

အာဆီယံေဒသတြင္းမွာေတာ့ အင္ဒိုနီးရွားႏုိင္ငံမွာ ဒီေန႔ ကူးစက္သူ ၃,၆၀၀ ေက်ာ္နဲ႔ ေသဆုံး ၇၃ ေယာက္ရွိခဲ့ၿပီး ဖိလစ္ပိုင္ႏုိင္ငံမွာေတာ့ ကူးစက္သူ ၃,၃၀၀ ေက်ာ္နဲ႔ ေသဆုံးသူ ၇၆ ေယာက္ ရွိခဲ့ပါတယ္။

ေတာင္ကိုရီးယားႏုိင္ငံမွာ ဗုိင္းရပ္စ္ကူးစက္မႈ တျဖည္းျဖည္းခ်င္း က်ဆင္းလာေနတဲ့အတြက္ ဆုိးလ္ၿမိဳ႕တဝုိက္မွာ တေယာက္နဲ႔တေယာက ခပ္ခြာခြာေနဖို႔ တင္းတင္းက်ပ္က်ပ္ ခ်မွတ္ထားတဲ့ စည္းမ်ဥ္းေတြကို ေျဖေလွ်ာ့သြားမယ္လို႔ ေျပာပါတယ္။ ဒါေၾကာင့္ ဆုိးလ္ၿမိဳ႕တဝိုက္မွာ ည ၉ နာရီေနာက္ပိုင္း စားေသာက္ဆုိင္ေတြမွာ ထုိင္စားခြင့္ ပိတ္ထားတာကို ျပန္႐ုပ္သိမ္းသြားမယ္လို႔ ေတာင္ကိုရီးယား က်န္းမာေရးဝန္ႀကီး Park Neung-hoo က ေျပာပါတယ္။

ဗုိင္းရပ္စ္ စတင္ခဲ့တဲ့ တ႐ုတ္ႏုိင္ငံ ဝူဟန္ၿမိဳ႕မွာေတာ့ ျပည္တြင္းေလေၾကာင္း ခရီးစဥ္ေတြဟာ ကပ္ေရာဂါမျဖစ္ခင္ကလို ပုံမွန္အေျခအေနကို ျပန္ေရာက္ေနၿပီ ျဖစ္ပါတယ္။

ေသာၾကာေန႔ကေတာ့ ျပည္တြင္းေလေၾကင္းခရီးစဥ္ ၅၀၀ မွာ ခရီးသည္ ၆၇,၀၀၀ ရွိတယ္လို႔ ဝူဟန္ ႏုိင္ငံတကာေလဆိပ္ တာဝန္ရွိသူတဦးက ေျပာလိုက္ၿပီး ဆုိးလ္၊ စင္ကာပူ၊ ကြာလာလမ္ပူနဲ႔ ဂ်ကာတာ စတ့ဲၿမိဳ႕ေတြကိုလည္း ႏုိင္ငံတကာ ခရီးစဥ္ေတြ ေျပးဆဲြဖို႔ ျပင္ဆင္ေနတယ္လို႔ ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------------

(Unicode)

အိန္ဒိယ ကိုဗစ်ကူးစက်မှုနှုန်း မြန်သလို ပြန်ကောင်းသူလည်း တိုးလာ

အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အရေအတွက်ဟာ ဒီနေ့မှာ နောက်ထပ် ၉၄,၀၀၀ ကျော်ရှိတာကြောင့် ဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်း ၄ သန်း ၇ သိန်းခွဲ ကျော်သွားပြီဖြစ်ပါတယ်။

ဒါ့အပြင် လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ၁,၁၁၄ ယောက် သေဆုံးခဲ့တာကြောင့် သေဆုံးသူ အရေအတွက်ဟာ ၇၈,၅၈၆ ယောက် ရှိသွားပြီဖြစ်တယ်လို့ အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာနက ဒီနေ့ပြောပါတယ်။

အိန္ဒိယနိုင်ငံဟာ ကမ္ဘာပေါ်က ကျန်တဲ့နေရာတွေထက် ကူးစက်မှုနှုန်းက ပိုပြီးတော့ မြန်ပေမယ့်လည်း ဗိုင်းရပ်စ်ကနေ နေပြန်ကောင်းလာတဲ့သူ အရေအတွက်ကလည်း သိသိသာသာ တိုးလာနေပြီး နေပြန်ကောင်းသူ အရေအတွက်က ၇၇ ရာခိုင်နှုန်း ရှိတယ်လို့ ပြောပါတယ်။

အခုလအတွင်းမှာ နေ့စဉ် နေပြန်ကောင်းလာသူ အရေအတွက်က ၇၀,၀၀၀ လောက်ရှိတယ်လို့ အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

အိန္ဒိယနိုင်ငံဟာ ကမ္ဘာပေါ်မှာ အမေရိကန်ပြီးရင် ဗိုင်းရပ်စ်ကူးစက်မှု ဒုတိယအဆိုးဆုံးနိုင်ငံ ဖြစ်လာခဲ့ပြီး နေ့စဉ် ဗိုင်းရပ်စ်ရှိမရှိ စမ်းသပ်စစ်ဆေးမှုဟာ ၁ သန်းကျော်ရှိတယ်လို့ ပြောပါတယ်။

အာဆီယံဒေသတွင်းမှာတော့ အင်ဒိုနီးရှားနိုင်ငံမှာ ဒီနေ့ ကူးစက်သူ ၃,၆၀၀ ကျော်နဲ့ သေဆုံး ၇၃ ယောက်ရှိခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံမှာတော့ ကူးစက်သူ ၃,၃၀၀ ကျော်နဲ့ သေဆုံးသူ ၇၆ ယောက် ရှိခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်မှု တဖြည်းဖြည်းချင်း ကျဆင်းလာနေတဲ့အတွက် ဆိုးလ်မြို့တဝိုက်မှာ တယောက်နဲ့တယောက ခပ်ခွာခွာနေဖို့ တင်းတင်းကျပ်ကျပ် ချမှတ်ထားတဲ့ စည်းမျဉ်းတွေကို ဖြေလျှော့သွားမယ်လို့ ပြောပါတယ်။ ဒါကြောင့် ဆိုးလ်မြို့တဝိုက်မှာ ည ၉ နာရီနောက်ပိုင်း စားသောက်ဆိုင်တွေမှာ ထိုင်စားခွင့် ပိတ်ထားတာကို ပြန်ရုပ်သိမ်းသွားမယ်လို့ တောင်ကိုရီးယား ကျန်းမာရေးဝန်ကြီး Park Neung-hoo က ပြောပါတယ်။

ဗိုင်းရပ်စ် စတင်ခဲ့တဲ့ တရုတ်နိုင်ငံ ဝူဟန်မြို့မှာတော့ ပြည်တွင်းလေကြောင်း ခရီးစဉ်တွေဟာ ကပ်ရောဂါမဖြစ်ခင်ကလို ပုံမှန်အခြေအနေကို ပြန်ရောက်နေပြီ ဖြစ်ပါတယ်။

သောကြာနေ့ကတော့ ပြည်တွင်းလေကြေင်းခရီးစဉ် ၅၀၀ မှာ ခရီးသည် ၆၇,၀၀၀ ရှိတယ်လို့ ဝူဟန် နိုင်ငံတကာလေဆိပ် တာဝန်ရှိသူတဦးက ပြောလိုက်ပြီး ဆိုးလ်၊ စင်ကာပူ၊ ကွာလာလမ်ပူနဲ့ ဂျကာတာ စတဲ့မြို့တွေကိုလည်း နိုင်ငံတကာ ခရီးစဉ်တွေ ပြေးဆွဲဖို့ ပြင်ဆင်နေတယ်လို့ ပြောပါတယ်။

XS
SM
MD
LG